All News Local News

ရန်ကုန်တိုင်း ၂၈ မြို့နယ်တွင် H1 N1 တုပ်ကွေးပိုး ကူးစက်မှုရှိနေ၊ တစ်နိုင်ငံလုံး သေဆုံးသူ ၃၀ အထိ ရှိလာ

ရန်ကုန်တိုင်း ၂၈ မြို့နယ်တွင် H1 N1 တုပ်ကွေးပိုး ကူးစက်မှုရှိနေ၊ တစ်နိုင်ငံလုံး သေဆုံးသူ ၃၀ အထိ ရှိလာ

ရန်ကုန်၊ဇူလိုင်လ ၅

ရာသီတုပ်ကွေးရောဂါ H1N1 ဗိုင်းရပ်စ်ပိုးကြောင့်ဇူလိုင်လ ၅ရက်နေ့ထိ သေဆုံးသူ ၃ဝ ဦးထိရှိသွားပြီဖြစ်ပြီး ရန်ကုန်တိုင်း ၂၈ မြို့နယ်တွင် တုပ်ကွေးရောဂါပိုးကူးစက်ဖြစ်ပွားမှုရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

မြန်မာ တစ်နိုင်ငံလုံးအတိုင်းအတာအရ H1 N1 ဗိုင်းရပ်စ်ပိုးကြောင့် ရန်ကုန်တွင် ၂၄ ဦး၊ စစ်ကိုင်းတိုင်းတွင် ၂ ဦး၊ ဧရာဝတီတိုင်းတွင် ၃ ဦး၊ မွန်ပြည်နယ်တွင် ၁ဦး သေဆုံးကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံ သိရှိရသည်။

လက်ရှိချိန်တွင် ရောဂါဖြစ်ပွားသူများမှာ ရန်ကုန်တိုင်းတွင် ၈၇ဦး၊ နေပြည်တော်တွင် ၉ဦး၊ ရခိုင်ပြည်နယ်တွင် ၁၅ဦး၊ ဧရာဝတီတိုင်းတွင် ၇ဦး၊ ပဲခူးတိုင်းတွင် ၆ဦး၊ မကွေးတိုင်းတွင် ၆ဦး၊ ကချင်ပြည်နယ်တွင် ၆ဦး၊ စစ်ကိုင်းတိုင်းတွင် ၄ဦး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ၃ဦး၊ မွန်ပြည်နယ်တွင် ၂ဦး၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ၂ဦး တို့ဖြစ်သည်။

ထို့ပြင် မန္တလေးတိုင်း၊ တနလာၤရီတိုင်းတို့တွင်လည်း ရောဂါဖြစ်ပွားသူ ၁ဦး ရှိသည်ဟု သိရှိရသည်။

လက်ရှိချိန်တွင် H1N1 ဗိုင်းရပ်စ်ပိုးရှိမရှိစစ်ဆေးလျက်ရှိသော သံသယလူနာ ၄၂၄ ဦးရှိပြီး ရောဂါပိုးတွေ့ရှိသူ လူနာ ၁၅ဝ ဦးရှိကြောင်း သက်ဆိုင်ရာ၏ ထုတ်ပြန်ချက် အရ သိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ရာသီတုပ်ကွေး ရောဂါပိုး H1N1 တွေ့ရှိမှုအနေဖြင့် ၆ ဦးမှ ၉ ဦးအထိ ပိုးတွေ့ရှိသော မြို့နယ်များမှာ လှိုင်သာယာ၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ မြောက်ဥက္ကလာပ၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ သင်္ဃန်းကျွန်း၊ ၃ ဦးမှ ၅ ဦးအကြား ပိုးတွေ့ရှိသော မြို့နယ်များမှာ ဒဂုံမြို့သစ်(မြောက်ပိုင်း) ၊ ကြည့်မြင်တိုင်၊ မရမ်းကုန်း၊ သာကေတ၊ ဒလ၊ လှည်းကူး၊ အင်းစိန်၊ စမ်းချောင်း၊ ရန်ကင်း၊ လှိုင် ၊ ၁ ဦးမှ ၂ ဦးကြား ပိုးတေ့ွရှိသော မြို့နယ်များမှာ မှော်ဘီ၊ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ အလုံ၊ ဗိုလ်တထောင်၊ ကော့မှူး၊ ခရမ်း၊ ကွမ်းခြံကုန်း၊ တောင်ဥက္ကလာပ၊ ဗဟန်း၊ မင်္ဂလာတောင်ညွှန့်၊ သုံးဂွ၊ ဒဂုံ(ဆိပ်ကမ်း) တို့ဖြစ်ကြောင်း သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts