Local News political news

ကာကွယ်ရေးဝန်ကြီးဌာန ဘတ်ဂျက်တိုးတောင်းမှု ဆီဈေးနှင့်ဆန်ဈေး နှိုင်းယှဉ် အကြောင်းပြ တပ်မတော်ရှင်းလင်း

ကာကွယ်ရေးဝန်ကြီးဌာန ဘတ်ဂျက်တိုးတောင်းမှု ဆီဈေးနှင့်ဆန်ဈေး နှိုင်းယှဉ် အကြောင်းပြ တပ်မတော်ရှင်းလင်း

ရန်ကုန်၊ ဇူလိုင် ၂၄

ကာကွယ်ရေးဝန်ကြီးဌာနက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် အသုံးစရိတ် ဘတ်ဂျက်တောင်းခံမှုသည် ယခင်နှင့်ယခု ဆန်တစ်အိတ်၊ ဆီတစ်ပိဿာဈေးနှုန်း နှိုင်းယှဉ်၍ အကြောင်းပြ ပြောဆိုသွားသည်။

နေပြည်တော်တွင် ယမန်နေ့က ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ကာကွယ်ရေးဝန်ကြီးဌာန ဘတ်ဂျက်တိုးမြှင့်တောင်းခံမှု အကြောင်း မေးမြန်းမှုကို ဆီဈေး၊ ဆန်ဈေးနှင့် နှိုင်းယှဉ် ပြောဆိုသွားခြင်းဖြစ်သည်။

“ကျနော် ရှည်ရှည်ဝေးဝေးမပြောပါဘူး။ ယခင်နှစ်က ဆန်တစ်အိတ်သည်ဘယ်လောက်လဲ ၊ ဒီနှစ်မှာဆန်တစ်အိတ်သည် ဘယ်လောက်လဲ။ ယခင်နှစ်က ဆီတစ်ပိဿာသည် ဘယ်လောက်လဲ ဒီနှစ် ဆီတစ်ပိဿာသည်ဘယ်လောက်လဲ ။ အဲ့ဒီအဖြေကိုကြည့်ရင်သိပါတယ်” ဟု ၎င်းကဆိုသည်။

ကာကွယ်ရေးဝန်ကြီးဌာနသည် ၂၀၁၇-၁၈ က ငွေကျပ် ၂၉၀၅ ဒသမ ၁၉၅ ဘီလျံ၊ ၂၀၁၈-၁၉ က ငွေကျပ် ၃၂၄၈ ဒသမ ၃၆၅ ဘီလျံ၊ ၂၀၁၉-၂၀( ယခုနှစ်) တွင် ငွေကျပ် ၃၃၇၀ ဒသမ ၇၇၈ တောင်းခံခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် ယခင်နှစ်ကထက် ငွေကျပ် ၁၂၂ ဒသမ ၄၁၃ ဘီလျံ ပိုမိုတောင်းခံထားခြင်းဖြစ်သည်။

ယခုနှစ်တွင် ပြည်ထဲရေးဝန်ကြီးဌာနကလည်း ဘတ်ဂျက်ငွေ ကျပ် ၅၄၀ ဒသမ ၇၅၆ ဘီလျံ တောင်းခံ ထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com