All News China Watch Local News

မြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေး လက်ကမ်းစာစောင်များ မန္တလေး တက္ကသိုလ်အနီးတွင် ဝေငှ၊ မြို့ကြီးများတွင် မြစ်ဆုံဖျက်သိမ်းရေး လှုပ်ရှားမှု စတင်မည်

မြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေး လက်ကမ်းစာစောင်များ မန္တလေး တက္ကသိုလ်အနီးတွင် ဝေငှ၊ မြို့ကြီးများတွင် မြစ်ဆုံဖျက်သိမ်းရေး လှုပ်ရှားမှု စတင်မည်

ရန်ကုန်၊ ဇူလိုင် ၁

ဧရာဝတီမြစ်ဆုံ စီမံကိန်း အပြီးတိုင် ဖျက်သိမ်းရေးအတွက် ဇူလိုင် ၁ ရက်နေ့တွင် မြစ်ဆုံစီမံကိန်းအပြီးတိုင် ဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်က ဦးဆောင်ပြီး မန္တလေးမြို့တက္ကသိုလ်နားတွင် အသိပညာပေး လက်ကမ်းစာစောင်တွေ ဝေဌခဲ့ကြောင်း သိရှိရသည်။

ယခုလအတွင်း မြစ်ဆုံဆည် အပြီးအတိုင် ဖျက်သိမ်းရေး အတွက် ပခုက္ကူ ၊ မုံရွာ ၊ တောင်ကြီး ၊ မြို့ စသည့် မြို့ကြီးများတွင် အသိပညာလုပ်ငန်းများ ၊ လက်ကမ်းစာစောင်ဝေဌတာများကို ဆက်တိုက်လုပ်ဆောင်ရန် စီစဉ်နေကြောင်း သိရသည်။

မြစ်ဆုံစီမံကိန်း နှင့် ပတ်သက်သည့် အကြောင်းအရာများကို တစ်လအတွင်း ချပြရန် နိုင်ငံလုံးဆိုင်ရာ ကွန်ရက်က တောင်းဆိုထားသော်လည်း တစ်လပြည့်မြောက်သည့်အထိ အစိုးရဆီမှ တစ်စုံတစ်ရာ တုံပြန့်မှု မရှိသည့်အတွက် ယခုကဲ့သို့ ပြုလုပ်ခြင်းဖြစ်ကြောင်း မြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်မှ ဒေါက်တာ အောင်စိုးမြင့်က ပြောသည်။

“ ပြီးခဲ့တဲ့ တစ်လအတွင်း မြစ်ဆုံစာချုပ်ကို ပြည်သူကို ချပြဖို့ ကျနော်တို့က ဥပဒေဘောင်အတွင်းက ရသင့်တဲ့အခွင့်အရေးအရ အစိုးရဆီက တောင်းဆိုခဲ့တယ်။ တောင်းဆိုတဲ့အခါ အခုလ ၂၈ ရက်က တစ်လပြည့်သွားပြီ ။ အစိုးရဘက်က ဘာတစ်ခုမှ တုံ့ပြန်တာ မရှိဘူး။ မရှိတဲ့အတွက် ကျနော်တို့ရဲ့ လှုပ်ရှားမှုကို မြှင့်တင့်ဖို့ ပမာဏာအနေနဲ့ ရန်ကုန်နဲ့ မန္တလေးမှာ အသိပညာနိုးဆော်တဲ့ စာစောင်တွေ ဝေတဲ့လုပ်ငန်းတွေ စတင်တာပါ ။ ဒါပေမဲ့ ရန်ကုန်ကတော့ အကြောင်းအမျိုးမျိုးကြောင့် မနက်ဖြန်မှာ စတင်ဝေဌမယ် ။ ပြီးရင် မြို့ကြီးတွေမှ ပညာပေးလုပ်ငန်းတွေ ဆက်လုပ်သွားဖို့ အစီအစဉ် ရှိနေပါတယ် “ ဟု ဒေါက်တာ အောင်စိုးမြင့်က ပြောသည်။

လက်ရှိတွင် နိုင်ငံလုံးဆိုင်ရာ ကွန်ရက်၏ မူလရည်ရွယ်ချက်အတိုင်း မြစ်ဆုံစီမံကိန်း အပြီးတိုင် ဖျက်သိမ်းရေးကို တစ်စိုက်စိုက်တောင်းဆိုသွားမည်ဖြစ်ပြီး စာချုပ် နှင့် ပတ်သက်၍ အစိုးရကို ပွင့်လင်းမြင်သာစွာ ချပြရန် တောင်းဆိုသွားမည်ဖြစ်ကြောင်း သိရှိရသည်။

“ ကျနော်တို့ မူလရည်ရွယ်ချက်က အစိုးရ မှာလည်း အကျပ်အတည်းရှိကောင်း ရှိနိုင်မယ်။ သို့သော် ဥပဒေအရ ဒီမြစ်ဆုံစာချုပ်က ပြည်သူတွေသိခွင့်ရှိတယ်။ အဲ့ဒါကို ဥပဒေအတွင်းကပဲ တောင်းဆိုမယ်။ ရည်ရွယ်ချက်ကတော့ ကျနော်တို့ပြည်သူ့အစိုးရက အကျပ်အတည်း တစ်စုံတစ်ရာ ရှိခဲ့ရင် ပူးပေါင်းဖြေရှင်းပေးဖို့ ကျနော်တို့ ရည်ရွယ်တယ်။ ဒါပေမဲ့ အစိုးရက ဘာကြောင့်မလှုပ်ရှားလဲ။ သူတို့ကိုပဲ မေးရမယ့် မေးခွန်း ဖြစ်ပါတယ်။ ဘာဖြစ်လို့ ဒီစာချုပ်ကို ချမပြရနိုင်ရသလဲ ဆိုတာ ကျနော်တို့လည်း အများကြီးသိချင်နေတဲ့ မေးခွန်း ဖြစ်ပါတယ် “ ဟု ဒေါက်တာ အောင်စိုးမြင့်က ပြောသည်။

မြစ်ဆုံရေကာတာ စီမံကိန်းကို စစ်အစိုးရလက်ထက်က ၂၀၀၉ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့ပြီး စီမံကိန်းအပြီးတိုင် ရပ်တန့်ရေးအတွက် မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှ မြစ်ဆုံအရေး တက်ကြွလှုပ်ရှားသူများက အကြိမ်ကြိမ် တောင်းဆိုမှုများ ပြုလုပ်ခဲ့သဖြင့် သမ္မတ ဦးသိန်းစိန်လက်ထက် ၂၀၁၁ ခုနှစ်တွင် ယာယီ ရပ်ဆိုင်းထားခဲ့ခြင်းဖြစ်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com