All News Local News

မဘသ ဦးဆောင် ဆရာတော် ၂ ပါးကို သံဃမဟာနာယကအဖွဲ့ ဆုံးမသြဝါဒ ပေးမည့် အစီအစဉ် မဖြစ်မြောက်

မဘသ ဦးဆောင် ဆရာတော် ၂ ပါးကို သံဃမဟာနာယကအဖွဲ့ ဆုံးမသြဝါဒ ပေးမည့် အစီအစဉ် မဖြစ်မြောက်

ရန်ကုန်၊ ဇူလိုင် ၂၉

အမျိုးဘာသာသာသနာစောင့်ရှောက်ရေး အဖွဲ့ အမည်ပြောင်း ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း ဦးဆောင် ဆရာတော် ၂ ပါး ဖြစ်သည် ရွာမဆရာတော် ဦးတိလောကာဘိဝံသ၊ ဦးသီလက္နန္နာဘိဝံသတို့ကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က နောက်ဆုံးမသြဝါဒပေးမည့်အစီအစဉ် မဖြစ်မြောက်ဘဲ ပျက်ပြယ်သွားကြောင်း သိရှိရသည်။

ရွာမဆရောတာ် ဦးတိလောကာဘိဝံသ လာရောက်နိုင်ခြင်းမရှိ၍ အစီအစဉ် ဖြစ်မြောက်ခြင်းမရှိကြောင်း၊ ဥက္ကဋ္ဌ ဆရာတော်ဖြစ်သည့် ရွာမဆရာတော်ကြီးသည် အသက်အရွယ်အားဖြင့်လည်း ကြီးရင့်နေပြီး ကျန်းမာရေးအရ မလာရောက်နိုင်ခြင်းဖြစ်ကြောင်း၊ ရွာမဆရာတော်မလာရောက်၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကလည်း တစ်စုံတစ်ရာ ဆုံးမသြဝါဒပေးခြင်းမရှိကြောင်း ဦးသီလက္နန္နာဘိဝံသက ပြောဆိုသည်။

“ဒီနေ့အစီအစဉ်တွေ မဖြစ်မြောက်ပါဘူး။ အင်းစိန် ဥက္ကဋ္ဌဆရာတော်ကြီးမလာရောက်နိုင်လို့ပါ။ သံဃနာယကအဖွဲ့ကလည်း ဘာမှ မမိန့်ပါဘူး။ အစီအစဉ် မဖြစ်မြောက်တာပေါ့။ နောက်ထပ် ခေါ်ဖို့လည်း ဘာမှ မပြောပါဘူး” ဟု ဆရာတော်က ဆိုသည်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ရွာမဆရာတော် ဦးတိလောကာဘိဝံသနှင့် ဦးသီလက္နန္နာဘိဝံသတို့ကို ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း နှစ်ပတ်လည် စုံညီ အစည်းအဝေး ကျင်းပပြုလုပ်မှုနှင့်ပတ်သက်၍ နောက်ဆုံး ဆုံးမသြဝါဒပေးရန် ဇူလိုင်လ ၂၉ ရက်နေ့ လာရောက်ရန် ခေါ်ယူခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ- ရွာမဆရာတော် ဦးတိလောကာဘိဝံသနှင့် သံဃာတော်များ။

Photo Credit- Aljazera

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts