Local News political news

မဘသ ဥက္ကဋ္ဌ ရွာမဆရာတော် သံဃာ့ဥပဒေဘောင်အတွင်း နေထိုင်ရမည်ဟု မဟန ထုတ်ပြန်

မဘသ ဥက္ကဋ္ဌ ရွာမဆရာတော် သံဃာ့ဥပဒေဘောင်အတွင်း နေထိုင်ရမည်ဟု မဟန ထုတ်ပြန်

ရန်ကုန်၊ ဇူလိုင် ၂၉

နိုင်ငံတော်သံဃမဟနာယကအဖွဲ့(မဟန)က တရားမဝင် ဖွဲ့စည်းထားသော မဘသ အမည်ပြောင်း ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ အင်းစိန်ရွာမဆရာတော်သည် သံဃာအဖွဲ့အစည်း ဥပဒေဘောင်အတွင်း နေထိုင်ရမည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်သည်။

မည်သည့်ရဟန်းမဆို သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေဘောင်အတွင်း နေထိုင်ရမည်ဖြစ်ပြီး နိုင်ငံတော်သြဝါဒ စရိယ ဆရာတော်ဖြစ်သည့်တိုင် မဟနက ပင့်ဆောင် ဆွေးနွေးပိုင်ခွင့်ရှိကြောင်း၊ သံဃနာယကအဖွဲ့တစ်ခုခု၏ ကြီးကြပ်မှုကို မခံယူသော သံဃာ့အဖွဲ့အစည်း ဖွဲ့စည်းခြင်းမပြုရ ဟု ဥပဒေတွင် ပြဋ္ဌာန်းထားကြောင်း မဟန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အင်းစိန်ရွာမဆရာတော်ကို မဟနက ဆုံးမသြဝါဒပေးရန် ပင့်ဆောင်မှုသည် နိုင်ငံတော်သြဝါဒစရိယ ဆရာတော်အနေဖြင့်မဟုတ်ဘဲ မဘသ ဥက္ကဋ္ဌ ဆရာတော်အနေဖြင့် ဖြစ်ကြောင်း မဟန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts