All News Local News Peace

မတရားအသင်းဥပဒေဖြင့် တရားရင်ဆိုင်နေရသော ကြိမ်သာကျေးရွာသား ၂ ဦး လွတ်မြောက်

မတရားအသင်းဥပဒေဖြင့် တရားရင်ဆိုင်နေရသော ကြိမ်သာကျေးရွာသား ၂ ဦး လွတ်မြောက်

ရန်ကုန်၊ ဇူလိုင် ၃၁

ရခိုင်ပြည်နယ် ၊ ရသေ့တောင်မြို့နယ် တွင် မတရားအသင်း ဆက်သွယ်မှု အက်ဥပဒေ ပုဒ်မ၇ ( ၁) ဖြင့် တရားစွဲဆိုခံရသော ကြိမ်သာကျေးရွာသား နှစ်ဦးကို ယနေ့ ဇူလိုင်လ ၃၁ ရက်နေ့တွင် ရသေ့တောင်မြို့နယ်တရားရုံးက စွဲချက်မတင်ဘဲ လွှတ်ပေးရန် အမိန့်ချမှတ်ခဲ့ကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က ပြောသည်။

တရားစွဲဆိုခံရသူ ကြိမ်သာကျေးရွာသား ဦးစိန်သာကျော် နှင့် ဦးမောင်စိန်ဦး တို့သည့် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၄ ရက်နေ့က ၎င်းတို့၏ စိုက်ခင်းတွင် နွားနို့ ညစ်ပြီး တောကြက်ထောင်နေစဉ် သေနတ်သံများကြားသဖြင့် ၎င်းတို့၏ တဲအနီး ပုန်းအောင်းနေခဲ့ကြောင်း၊ ယင်းနောက် တပ်မတော်က ဝင်ရောက် ဖမ်းဆီးခြင်း ခံခဲ့ရပြီး မတရားအသင်း ဥပဒေ ပုဒ်မ ၁၇ (၁) ဖြင့် တရားစွဲဆိုခံရခြင်းဖြစ်ကြောင်း သိရှိရသည်။

၎င်းသု့ိ နှစ်ဦး အချုပ်ထဲတွင် ၆ လကျော်အထိ နေထိုင်ခဲ့ရပြီး ဇူလိုင် ၃၁ ရက်နေ့ ၊ ရသေ့တောင် မြို့နယ် တရားရုံးက အမှုကို မှားယွင်းမှု ဟု သတ်မှတ်ပြီး ပြန်လွှတ်ပေးကာ ၎င်းသို့ နှစ်ဦးထံမှ သိမ်းဆည်းခဲ့သော လက်ကိုင်ဖုန်း သုံးလုံးကို ပြန်ပေးရန် အမိန့်ချမှတ်ခဲ့ကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနု စိန်က ပြောသည်။

၎င်းတို့ နှစ်ဦးအား ရသေ့တောင် နယ်ခြားစောင့်တပ်ဖွဲ့မှ ဗိုလ်မှူး ပိုင်စိုးခိုင်က တရားလိုပြုလုပ်ကာ ရသေ့တောင်မြို့နယ်တရားရုံးတွင် တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts