All News Local News Peace

ဘူးသီးတောင်တွင် တိုက်ပွဲဖြစ်ပြီး နွားရုံတောင်ကျေးရွာ မီးရှို့ခံရဟုဆို

ဘူးသီးတောင်တွင် တိုက်ပွဲဖြစ်ပြီး နွားရုံတောင်ကျေးရွာ မီးရှို့ခံရဟုဆို

ရန်ကုန်၊ ဇူလိုင် ၁၃

ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်မြို့နယ် နွားရုံတောင်ကျေးရွာအနီးတွင် ရခိုင်တပ်မတော် AA နှင့် တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားပြီး နွားရုံတောင်ကျေးရွာ မီးရှို့ခံရကြောင်း ဘူးသီးတောင်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ပြောသည်။

“မနက်ကတော့ တပ်မတော်ဘက်က လက်နက်ကြီးတွေ နဲ့ တိုက်တယ်။ တပ်မတော်ဘက်က စစ်ကြောင်းချီလာပြီးတော့ နွားရုံတောင်နားမှာ တိုက်ပွဲဖြစ်တယ်ပြောတယ်။ တိုက်ပွဲဖြစ်ပြီးတဲ့နောက်ပိုင်းမှာတော့ ရွာကို မီးရှို့တယ်ပေါ့ဗျာ။ လက်နက်ကြီးတွေ ပစ်နဲ့ နေတာတော့ တစ်နေကုန်လို့ ပြောတယ်။ ရွာသားတွေကတော့ အကုန်ထွက်ပြေးကုန်ပြီ။ နွားရုံတောင်နဲ့ ဥယျာဉ်တောင်ကြားမှာ တိုက်ပွဲဖြစ်တာလို့ပြောတယ်” ဟု ဦးအောင်သောင်းရွှေက ပြောသည်။

နွားရုံတောင်ကျေးရွာမှ ရွာသားတစ်ဦးက နွားရုံတောင်ကျေးရွာ မီးရှိုခံရသည်မှာ မှန်ကန်ပြီး တပ်မတော်က မီးရှို့သည်ဟု ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးကို ဆက်သွယ်၍ အခြေအနေမေးမြန်းသော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမပြုသဖြင့် တပ်မတော်၏ အတည်ပြုချက်မရရှိပေ။

ဓာတ်ပုံ- နွားရုံတောင်ကင်းစခန်းကို တွေ့ရစဉ်။ Photo Credit – REC

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts