All News Local News

ဖားကန့်တွင် ကျောက်စိမ်းလုပ်ကွက်မြေပြိုမှု လူ ၁၂ ဦး ထက်မနည်းသေဆုံး

ဖားကန့်တွင် ကျောက်စိမ်းလုပ်ကွက်မြေပြိုမှု လူ ၁၂ ဦး ထက်မနည်းသေဆုံး

ရန်ကုန်၊ ဇူလိုင် ၂၈

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ယနေ့ နံနက် ၂ နာရီကျော်က မြေပြိုမှု တစ်ရပ်ဖြစ်ပွားပြီး လူ ၁၂ ဦးထက်မနည်းသေဆုံးသွားကြောင်း ကချင်ပြည်နယ်အစိုးရ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးဒါရှီလဆိုင်း၏ ပြောကြားချက်နှင့် ဒေသခံများ၏ ပြောကြားချက်အရ သိရှိရသည်။

“ကျနော်က ဖားကန့်ကနေ ဒီမနက် ပြန်ထွက်လာတာ။ မိုင် ၃၀ လောက်ရောက်မှ အဲဒီသတင်းဝင်လာလို့ အခုအဲဒီနေရာ ပြန်သွားနေတယ်။ လူအသေအပျောက်များတယ်လို့ သိထားပါတယ်။ အသေးစိတ်က ကျနော်ရောက်မှပဲ သိမယ်” ဟု ဦးဒါရှီလဆိုင်းက ပြောသည်။

လက်ရှိ မိုးတွင်းကာလ ကျောက်စိမ်းလုပ်ကွက်များတွင် တူးဖော်မှု ရပ်နားထားပြီး သေဆုံးသူများသည် လုပ်ကွက် လုံခြုံရေးအစောင့်များဖြစ်ကြောင်း ဖားကန့်ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောသည်။

“တူးဖော်ရေးတွေက နားထားပြီ။ မိုးတွင်း ရပ်ထားတယ်။ အခု မြေပြိုတာမှာ သေတဲ့လူတွေက လုံခြုံရေးတွေလို့ ပြောတယ်” ဟု ဖားကန့်ဒေသခံတစ်ဦးက ဆိုသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts