All News Local News

ပြင်းထန် H1N1 တုပ်ကွေးပိုးကြောင့် တစ်နိုင်ငံလုံး သေဆုံးသူ ၃၁ ဦးအထိ ရှိ၊ ပိုးတွေ့သူ ၁၈၀ ဦး ရှိလာ

ပြင်းထန် H1N1 တုပ်ကွေးပိုးကြောင့် တစ်နိုင်ငံလုံး သေဆုံးသူ ၃၁ ဦးအထိ ရှိ၊ ပိုးတွေ့သူ ၁၈၀ ဦး ရှိလာ

ရန်ကုန်၊ဇူလိုင်လ ၈

ရာသီတုပ်ကွေးရောဂါ H1N1 ဗိုင်းရပ်စ်ပိုးကြောင့်ဇူလိုင်လ ၈ရက်နေ့ထိ သေဆုံးသူ ၃၁ ဦးထိရှိသွားပြီဖြစ်ပြီး ရန်ကုန်တိုင်း ၃၀ မြို့နယ်တွင် တုပ်ကွေးရောဂါပိုးကူးစက်ဖြစ်ပွားမှုရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

မြန်မာ တစ်နိုင်ငံလုံးအတိုင်းအတာအရ H1 N1 ဗိုင်းရပ်စ်ပိုးကြောင့် ရန်ကုန်တွင် ၂၅ ဦး၊ စစ်ကိုင်းတိုင်းတွင် ၂ ဦး၊ ဧရာဝတီတိုင်းတွင် ၃ ဦး၊ မွန်ပြည်နယ်တွင် ၁ဦး သေဆုံးကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံ သိရှိရသည်။

လက်ရှိချိန်တွင် ရောဂါဖြစ်ပွားသူများမှာ ရန်ကုန်တိုင်းတွင် ၁၀၈ ဦး၊ နေပြည်တော်တွင် ၁၁ ဦး၊ ရခိုင်ပြည်နယ်တွင် ၁၅ဦး၊ ဧရာဝတီတိုင်းတွင် ၉ ဦး၊ ပဲခူးတိုင်းတွင် ၆ဦး၊ မကွေးတိုင်းတွင် ၇ ဦး၊ ကချင်ပြည်နယ်တွင် ၈ဦး၊ စစ်ကိုင်းတိုင်းတွင် ၄ဦး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ၃ဦး၊ မွန်ပြည်နယ်တွင် ၃ဦး၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ၂ဦး၊ မန္တလေးတိုင်းတွင် ၂ဦး တို့ဖြစ်သည်။

ထို့ပြင် တနလာင်္ရီတိုင်းတို့တွင်လည်း ရောဂါဖြစ်ပွားသူ ၁ဦး ရှိသည်ဟု သိရှိရသည်။

လက်ရှိချိန်တွင် H1N1 ဗိုင်းရပ်စ်ပိုးရှိမရှိစစ်ဆေးလျက်ရှိသော သံသယလူနာ ၅၀၂ ဦးရှိပြီး ရောဂါပိုးတွေ့ရှိသူ လူနာ ၁၈၀ ဦးရှိကြောင်း သက်ဆိုင်ရာ၏ ထုတ်ပြန်ချက် အရ သိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ရာသီတုပ်ကွေး ရောဂါပိုး H1N1 တွေ့ရှိမှုအနေဖြင့် ၁၃ ဦးမှ ၇ ဦးအထိ ပိုးတွေ့ရှိသော မြို့နယ်များမှာ လှိုင်သာယာ၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ မြောက်ဥက္ကလာပ၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ သင်္ဃန်းကျွန်းတို့ဖြစ်သည်။

အဆိုပါ ရောဂါပိုး ၅ ဦးမှ ၂ ဦးအကြား ပိုးတွေ့ရှိသော မြို့နယ်များမှာ ဒဂုံမြို့သစ်(မြောက်ပိုင်း) ၊ ကြည့်မြင်တိုင်၊ မရမ်းကုန်း၊ သာကေတ၊ ဒလ၊ လှည်းကူး၊ အင်းစိန်၊ စမ်းချောင်း၊ ရန်ကင်း၊ရွှေပြည်သာ၊တောင်ဥက္ကလာ၊ မှော်ဘီ၊ ဒဂုံဆိပ်ကမ်း၊ မင်္ဂလာဒုံ၊ လှိုင်၊ သုံးဂွ တို့ဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားသည်။

ရောဂါပိုးဖြစ်ပွားသူ ၁ဦးစီရှိသော မြို့နယ်များမှာ မင်္ဂလာတောင်ညွှန့်မှော်ဘီ၊ အလုံ၊ ကော့မှူး၊
ဗဟန်း၊ ဗိုလ်တစ်ထောင်၊ ခရမ်း၊ ကွမ်းခြံကုန်း၊ လသာ၊ ဆိပ်ကြီးခနောင်တို တို့ဖြစ်ကြောင်း သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts