All News Local News

နွားရုံတောင်ကျေးရွာအနီးတွင် တပ်မတော်က ယာယီစခန်းချထား၍ ရွာလုံးကျွတ် ကြောက်လန့်ထွက်ပြေး

နွားရုံတောင်ကျေးရွာအနီးတွင် တပ်မတော်က ယာယီစခန်းချထား၍ ရွာလုံးကျွတ် ကြောက်လန့်ထွက်ပြေး

ရန်ကုန်၊ ဇူလိုင် ၁၄

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ နွားရုံတောင်ကျေးရွာအနီးတွင် AA နှင့်တပ်မတော်တို့အကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး လက်ရှိတွင် တပ်မတော်က နွားရုံတောင်ကျေးရွာအနီးတွင် စခန်းချနေ၍ ရွားသားများအားလုံး ကြောက်လန့် ထွက်ပြေးနေရေကြောင်း သိရှိရသည်။

“ဒီနေ့တော့ အမြှောက်သံ တစ်ချက်၊ တစ်ချက် ပဲ ကြားတယ်။ ၂ နာရီလောက်က ။ ရွားသားတွေကတော့ အကုန်ထွက်ပြေေးနကြရတယ်။ ရွာနားမှာ စစ်စခန်း ချထားတော့ ဘယ်သူမှ မပြန်ရဲကြဘူး။ ရွာထဲမှာ ဘယ်သူမှ မရှိဘူး” ဟု နွားရုံတောင် ကျေးရွာအုပ်ချုပ်ရေးမှူးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောဆိုသည်။

ယမန်နေ့ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး နွားရုံတောင်ကျေးရွာအတွင်း နေအိမ်များ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း၊ ဘူးသီးတောင်ကျေးရွာသည် လူဦးရေ ၈၆၀ ခန့်နေထိုင်ကြောင်း၊ လက်ရှိတွင် ရွာသို့ တစ်ဦးမှ ပြန်မလာရဲကြဘဲ နီးစပ်ရာကျေးရွာများတွင် နေထိုင်နေရကြောင်း သိရှိရသည်။

ယမန်နေ့က သပိတ်တောင်ကျေးရွာသို့လည်း တပ်မတော်စစ်ကြောင်းတစ်ခုက ဖြတ်သန်းလာရောက်ခဲ့ပြီး ယနေ့တွင်မူ အခြေအနေ အေးဆေး တည်ငြိမ်နေကြောင်း သိရှိရသည်။

ဘူးသီးတောင်မြို့နယ်အတွင်း တိုက်ပွဲများနှင့်ပတ်သက်၍ တပ်မတော်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်သွယ်မေးမြန်းသော်လည်း အဆက်အသွယ်မရရှိပေ။

www.khitthitnews.com

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts