All News Local News

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ရုံးထုတ် ဝန်းရံသူ မနီလာသိန်းအပါအဝင် လူငယ် ၅ ဦးကို ပုဒ်မ ၄ခုဖြင့် ရုံးတင်မည်

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ရုံးထုတ် ဝန်းရံသူ မနီလာသိန်းအပါအဝင် လူငယ် ၅ ဦးကို ပုဒ်မ ၄ခုဖြင့် ရုံးတင်မည်

ရန်ကုန်၊ဇူလိုင် ၂၂

တပ်မတော်က နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ဖမ်းဆီးထိန်းသိမ်း တရားစွဲဆိုထားသော ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ ရုံးထုတ်တွင် ဝန်းရံခဲ့သူများအနက်မှ ၅ဦးကို ပုဒ်မ ၄ခုဖြင့် ဇူလိုင်လ ၂၃ရက်နေ့ ဗိုလ်တထောင်မြို့နယ်တရားရုံး၌ ရုံးတင်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဝန်းရံသူ၅ဦးကို ရုံးတင်ခြင်းသည် ပြီးခဲ့သည့် မေလကုန်ပိုင်းက ဗိုလ်တထောင်မြို့နယ်တရားရုံးတွင် ဒေါင်းမျိုးတို့မျိုးဆက် သံချပ်အဖွဲ့ရုံးထုတ်စဉ် ရဲတပ်ဖွဲ့နှင့် ဝန်းရံသူများကြား ရုန်းယင်းဆန်ခတ်ဖြစ်ပွားခဲ့ခြင်းကြောင့်ဖြစ်သည်ဟု ယင်းအမှုကိစ္စအားလိုက်ပါဝန်းရံသူ ကဗျာဆရာ ကိုဆောင်းခကဆိုသည်။

ယင်း တရားစွဲတင်ခံရသူ၅ဦးမှာ မနီလာသိန်း(၈၈မျိုးဆက် ငြိမ်း/ပွင့်)၊ မရှားယမုန်(အသံအဖွဲ့)၊ ကိုနန်းလင်း (ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဋ္ဌဟောင်း)၊ ကိုနိုင်ကိုသူ(ဒေါင်းတို့မျိုးဆက်)၊ ကိုမင်းဟန်ထက် (ဒဂုံတက္ကသိုလ်ကျောင်းသား) တို့ကို ပုဒ်မ ၃၅၃ ပြည်သူ့ဝန်ထမ်း တာဝန်ထမ်းဆောင်စဉ် လက်ရောက်မှု၊ ပုဒ်မ ၃၃၂ ပြည်သူ့ဝန်ထမ်း တာဝန်ထမ်းဆောင်စဉ် သာမန်ဒဏ်ရာရရှိစေမှု၊ ပုဒ်မ ၁၁၄ အားပေးကူညီမှု ၊ ပုဒ်မ ၁၈၆ အလုပ်ဝတ္တတရားနှောင့်ယှက်မှု တို့ဖြင့် ရုံးတင်သွားမည်ဖြစ်ကြောင်းသိရသည်။

“ဒီပုဒ်မတွေနဲ့ဆွဲတာ နောက်တစ်ခုက အဲဒီနေ့ကဖြစ်တဲ့ကိစ္စမှာပြန်ကြည့်လိုက်ရင် ရဲတွေရဲ့လုံခြုံရေးတင်းကျပ်မှုနဲ့ ရဲတွေရဲ့ ဝန်းရံသူတွေကြားမှာ နားလည်မှုလွဲမှားပြီးဖြစ်တဲ့ကိစ္စပဲ သူတို့ကိုဝင်ပြီးတော့ နှောက်ယှက်ဟန့်ထားတဲ့ပုံစံမျိုး လုံးဝမဖြစ်နေဘူး။ အဲအတွက် သူတို့ပေါ်မှာ အညိုးတကြီးနဲ့ ဒီပုဒ်မတွေတပ်ပြီးတော့ ဆွဲတယ်လို့ထင်တယ်” ဟု ကိုဆောင်းခကဆိုသည်။

နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် တပ်မတော်၏ အမှုဖွင့်ခံရသူ ၅ ဦးမှာကိုဇေယျာလွင်၊ ကိုပိုင်ဖြိုးမင်း(ခ) ဒီရေ ၊ ကိုပိုင်ရဲသူ၊မ ကေခိုင်ထွန်း၊ ကိုဖိုးသား(ခ) ဇော်လင်းထွဋ်တို့ဖြစ်ပြီး လက်ရှိချိန်ထိ ဖမ်းဆီးထိန်းသိမ်းထားကာ အမှုရင်ဆိုင်လျက်ရှိသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com