All News Local News Peace

တပ်မတော်၏ ဖမ်းဆီးမှုများကြောင့် ကျောက်တော် အုပ်ချုပ်ရေးမှူး ၁၄ ဦး နုတ်ထွက်၊ စုစုပေါင်းနုတ်ထွက်သူ ၇၄ ဦးကျော်ရှိလာ

တပ်မတော်၏ ဖမ်းဆီးမှုများကြောင့် ကျောက်တော် အုပ်ချုပ်ရေးမှူး ၁၄ ဦး နုတ်ထွက်၊ စုစုပေါင်းနုတ်ထွက်သူ ၇၄ ဦးကျော်ရှိလာ

ရန်ကုန်၊ ဇူလိုင် ၁

ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့နယ်မှ ရပ်ကွက်နှင့်ကျေးရွ အုပ်ချုပ်ရေးမှူး ၁၄ ဦးသည် ဇွန် ၂၈ ရက်နေ့က ထပ်မံ နှုတ်ထွက်သွားကြောင်း သတင်းရရှိသည်။

ကျောက်တော်မြို့နယ်အတွင်း ရှိ လမုန်းတစ်ပင် ၊ ယိုးချောင်း ၊ သရက်အုပ် ၊ ကျောက်ဖြူရွာ ၊ ဗိုလ်မင်း ၊ သရက်တစ်ပင် နှင့် စည်းမောင်းစသည့် ကျေးရွာတို့မှ အုပ်ချုပ်ရေးမှူး ၁၄ ဦးက စာရွက်တစ်ရွက်တည်းပေါ်တွင် လက်မှတ်ရေးထိုးပြီး မြို့နယ်အုပ်ချုပ်ရေးမှူးထံ နှုတ်ထွက်လွှာ တင်ခဲ့ခြင်း ဖြစ်သည်။

“မင်းသားတောင် ကျေးရွာ အုပ်ချုပ်ရေးမှူးက မကြာသေးခင်က အဖမ်းခံရတယ်။ အလားတူဖြစ်စဉ် ကျနော်တို့ဆီမှ ဖြစ်လာမှာ စိုးရိမ်တယ်။ နောက်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို စစ်ဆေးဖို့ ခေါ်ယူသွားမယ်ဆိုရင် မြို့နယ်အုပ်ချုပ်ရေးမှူးဆီ က ခွင့်ပြုချက်ယူပြီးမှ ခေါ်ယူသင့်တယ်။ ကျနော်တို့ အုပ်ချုပ်ရေးမှူးတွေကို အဲဒီလိုဖမ်းဆီးသွားရင် ဘယ်ကောင်းမလဲ ။ အဓိကကတော့ မြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်တိုင် စစ်ဆေးယူပြီးမှ ဖမ်းဆီးရမှာ။ အခုက အဲဒီလို မဟုတ်ဘူးလေ။ အခုက မြို့နယ်အုပ်ချုပ်ရေးမှူးလည်း မရှိဘူး။ သူတို့က ကိုယ်သဘောအရ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ခေါ်ဆောင်သွားတာ မကောင်းဘူးလေ “ ဟု နုတ်ထွက်သွားသည့် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး က ပြောသည်။

ကျောက်တော်မြို့နယ်အတွင်း ရပ်ကွက် လေးခု နှင့် ကျေးရွာပေါင်း ၈၀ ကျော်ရှိသည့် အနက် လက်ရှိတွင် ရပ်/ ကျေး အုပ်ချုပ်ရေးမှူး ၆၀ ကျော် က နှုတ်ထွက်စာ တင်ထားကြောင်း သိရသည်။

ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့နယ် ၊ မင်းသားတောင်ကျေးရွာ ရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူး အသက် ၅၀ ကျော်အရွယ် ဦးအောင်သိန်းကျော် ကို စစ်တပ်က မေလ ၂၉ ရက်နေ့ ၊ ညနေပိုင်းတွင် စစ်ဆေးမေးမြန်းရန် ရှိသည်ဟု ဆိုကာ ခေါ်ဆောင်သွားခဲ့ပြီး လက်ရှိတွင် အကြမ်းဖက် ဥပဒေဖြင့် အမှုဖွင့်အရေးယူထားသည်။

ယင်းနောက် ဇွန်လ ၄ ရက်နေ့ ၊ ကျောက်တော်မြို့နယ်မှ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၅၀ နှုတ်ထွက်ခဲ့ပြီး ၊ ဒုတိယ အကြိမ် ၁၀ ဦး နှုတ်ထွက်ခဲ့ကာ ၊ ယခုနှုတ်ထွက်ခြင်းမှာ တတိယအကြိမ်ဖြစ်ကြောင်း သိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com