interview Local News political news

တပ်ချုပ်မင်းအောင်လှိုင်နဲ့ ဗိုလ်ချုပ်တွေကို အမေရိကန် ပိတ်ဆို့ အရေးယူမှု ဘယ်လို သက်ရောက်မှုတွေရှိလာပြီလဲ

တပ်ချုပ်မင်းအောင်လှိုင်နဲ့ ဗိုလ်ချုပ်တွေကို အမေရိကန် ပိတ်ဆို့ အရေးယူမှု ဘယ်လို သက်ရောက်မှုတွေရှိလာပြီလဲ

ရန်ကုန်၊ ဇူလိုင် ၂၂

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ရခိုင်တွင် လူနည်းစု မွတ်စလင်များကို သတ်ဖြတ်မှု အပါအဝင် လူ့အခွင့်အရေး ချိုးဖောက် မှုများအတွက် ဇူလိုင်လ ၁၆ ရက်နေ့က ဒဏ်ခတ်ပိတ်ဆို့မှု တစ်ရပ် ပြုလုပ်လိုက်ပြီး ယင်းဒဏ်ခတ်အရေးယူခံရသူများတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဗိုလ်ချုပ် သန်းဦးနဲ့ ဗိုလ်ချုပ်အောင်အောင်တို့နှင့် ၎င်းတို့၏ မိသားစုဝင်ပါဝင်သည်။ ယင်းသို့ အရေးယူမှုအပေါ် တပ်မတော်ကဂုဏ်သိက္ခာထိခိုက်ကြောင်း ပြောဆိုထားပြီး ဆက်လက်ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများနှင့်ပတ်သက်ပြီး ရန်ကုန်ခေတ်သစ်က ဝါရင့်နိုင်ငံရေးသမားများ၊ နိုင်ငံရေး လေ့လာသုံးသပ်သူများကို ဆက်သွယ်မေးမြန်းထားပါသည်။

ဒေါက်တာ ခင်ဇော်ဝင်း ( သမ္မဒီပအင်စတီကျူ – ဒါရိုက်တာ )

အထူးသဖြင့် ၂၀၁၇ ၊ သြဂုတ်လမှာ ဖြစ်တဲ့ ကိစ္စ နဲ့ ပတ်သက်ပြီး ကျနော်အနေနဲ့ အကျိုးဆက်တွေ လာတော့မယ်ဆိုတာ ကျနော်ကတော့ မျှော်မှန်းပြီးသားပဲ။ အရပ်ဘက်ကကော ၊ တပ်ဘက်ကတော့ ဒီကိစ္စကို ကိုင်တွယ်နေတာ အရမ်းလွဲနေတယ်လို့ အင်တာဗျူးတွေမှာ ပြောဖူးတယ်။

အဓိက ကုလသမဂ္ဂ လို နိုင်ငံတကာ အဖွဲ့အစည်းနဲ့ ပူးပေါင်းဆောင်ရွက်ရမယ်။ သူတို့ကတော့ မပူးပေါင်းဘူး။ အကုန်လုံး ဘူးခံငြင်းနေတယ်။ တစ်ဆင့်ပြီး တစ်ဆင့် အကျိုးဆက်တွေက လာတာပဲ။ ဒီကိစ္စက ရှောင်လို့မရဘူး။ အခုက အမေရိကန်က လုပ်လိုက်ပြီ ။ ကျနော်အနေနဲ့ ပြောရရင် ထင်ထားတာထက် နည်းနည်းလေး ပိုပြင်းထန်တယ်လို့ ထင်တယ်။ဘယ်လို အကျိုးသက်ရောက်မှာလဲဆိုတော့ အများကြီး အကျိုးသက်ရောက်နိုင်တယ်။
ဒီကိစ္စက ၊ အခုလုပ်တဲ့ ပုံစံမျိုးက အရင်တုန်းကလိုမျိုး ၂၀၁၀ မတိုင်ခင်တုန်းကဆိုရင် အင်အားကြီးနိုင်ငံတွေက မြန်မာနိုင်ငံကို ဝါးလုံးကြီးနဲ့ ရမ်းလိုက်တာ ။ ရမ်းလိုက်တော့ ဟိုကပိတ် ၊ဒီကပိတ် ၊ ကျနော် ထောင်ကလွတ်လာတာ ရက်ပိုင်းပဲ ရှိသေးတယ်။ မြန်မာပြည်မှာ အများကြီးဖြစ်နေတဲ့ ဌက်ဖျားရောဂါ ၊ တီဗွီရောဂါ ပေးတဲ့ဆေးတွေကို ဖြတ်မယ်တဲ့ အဲ့တော့ ဒါတော့ မဖြစ်နိုင်ဘူးလေ။ ဒါက လူထုဒုက္ခရောက်မှာလေ။ ဒီလုပ်တဲ့ ကာကံယာရှင်တွေက ဒုက္ခရာက်တာ မဟုတ်ဘူးလေ။ ကျနော်အနေနဲ့ ဒါကို လက်မခံနိုင်ဘူး။

အခုကျတော့ တစ်ပတ်လည်လာပြီးတော့ သူတို့အနေနဲ့ Target ပစ်မှတ် လုပ်တာပေါ့။ တိုင်းပြည်က လူထုကိုတော့ ညှာတယ်။ တာဝန်ရှိတဲ့ သူတွေကတော့ ဒါကို ရင်ဆိုင်ရမယ်။ အပြစ်ပေးတာ မပေးတာတော့ တစ်ပိုင်းပေါ့ ။ ကျုးလွန်ခဲ့တဲ့ကိစ္စတွေတော့ ထင်ရှားနေပြီ ။ ဒါကို ရင်ဆိုင်ရမယ်။ မြန်မာပြည်မှာ စစ်တပ်ကော အရပ်ဘက်ကော ဒါတွေကို ခုခံငြင်းနေတယ်။

အခုနာမည်တပ်ပြီးပြောနေတဲ့ ပုဂ္ဂိုလ် ၄ ယောက်ကတော့ ပြည်တွင်းမှောကာ ပြည်ပမှောကာ သူတို့ရဲ့ သိက္ခာ နဲ့ အနေထားက အများကြီး ကျဆင်း သွားပြီ ။ နိုင်ငံရေးမှောကာ တခြားကိစ္စတွေမှောကာ ၊ လုပ်ရှားနိုင်ဖို့ အများကြီးကန့်သတ်မှုတွေ ရှိသွားပြီ ။ ကမ္ဘာအင်အားကြီး နိုင်ငံက လုပ်တာပဲ ။ အမေရိကန် ထရမ့်ကို မကြိုက်လို့ ဘာပဲပြောနေ အမေရိကန်မပါဘဲ ဘာလုပ်လို့ ရမှာလဲ။

အမေရိကန် နိုင်ငံရေးဝန်ကြီးကိုယ်တိုင် ဒါကို ဖတ်တာ ။ ပြောရေးဆိုခွင့် ရှိသူက ဖတ်တာ မဟုတ်ဘူး။ ဒီအကျိုးဆက်တွေက လာပြီ ။ သူတို့ ရဲ့ အနေအထား ၊ သိက္ခာနဲ့ သူတို့ရဲ့ ရာထူး ၊ သူတို့ ပြည်တွင်း ပြည်ပမှ မြင်တဲ့ ပုံစံက ပြောင်းသွားပြီ ။ ဒါကိုတော့ တစ်ချက်စဉ်းစားရမယ်။ ဒါတောင် သူတို့ကိုယ်ပဲ ပြောနေတာ။

သူတို့ ကိုယ်စားပြုတဲ့ တပ် ၊ မြန်မာပြည်အစိုးရ ၊ဒါကို ရှောင်လို့ရတယ်မထင်နဲ့ ၊ သူတို့လည်း တစ်စိတ် တစ်ပိုင်း အကျိုးသက်ရောက်မှုက ရှိမှာပဲ။ ဒါပေမယ့် ဒီဟာပြစ်မှုတွေက ကျုးလွန်ခဲ့တာ ထင်ရှားနေပြီ ။ ဒါတွေကို မဟုတ်ပါဘူး နေပြည်တော်မှာ ထိုင်ပြီး ငြင်းနေတယ်ဆိုတာ ပြောရရင် အင်မတန်ဒုံးဝေးအားကြီးလွန်းတယ်လို ဒီစကားကို သုံးချင်ပါတယ်။ နိုင်ငံရေးအမြင်ဆိုတာ မရှိတော့ဘူး။ ကျူးလွန်ခဲ့တာ တစ်ပိုင်း ကျုးလွန်ခဲ့တာတွေကို မဟုတ်မမှန်ငြင်းတာကတစ်ပိုင်း။ မြန်မာပြည်အနေနဲ့ အရှက်ရစေပါတယ်။

အခုကိစ္စက ရခိုင်တစ်ခုတည်း ကွက်ပြီး လုပ်တာ မဟုတ်ဘူး။ မြန်မာပြည်တစ်ပြည်လုံးမှာ ဖြစ်တဲ့ ကိစ္စ ၊ ၂၀၁၇ မှာ ဖြစ်တာ မဟုတ်ဘူး။ ဒီထက်ကာလ အချိန်ကာလတုန်းက ဖြစ်လာတာ။ ဒါတွေက ကိုယ့်ဘက်က ကိုင်တွယ်ပုံ လစ်ဟင်းတဲ့အတွက် ဒါတွေက အကုန်စုံပြုံပြီး ဝင်လာပြီ ။ စောစောစီးစီးကတည်းက ရခိုင်ကိစ္စမှာ ဒီလိုဖြစ်တယ်။ ပါးပါးနပ်နပ် နဲ့ ကိုင်တွယ်ဖြေရှင်းရင် တမျိုး ၊ ဒီလိုကိုင်တွယ်ရင် မကောင်းဘူူးလား ၊ အခု က NO လို့ ပြောလိုက်တဲ့အတွက် အကုန်လုံး သိမ်းကျူံးပြီး ဝင်လာပြီ။ ကချင် ၊ ရှမ်း အကုန်လုံးဖြစ်ခဲ့တာတွေ အကုန်လုံးပုံပြီး ပိလာပြီ ။ ကျနော်ထင်တာက ရှောင်လို့ရမယ်မထင်ပါဘူး။

ဦးစိုင်းလတ် ( ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် – SNLD )

နိုင်ငံရေးအရ ကြီးကြီးမားမား ထိခိုက်နိုင်စရာ အကြောင်းမရှိဘူးလို့ မြင်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုမျိုး အရေးယူမှုဆိုတာ တစ်ဆင့်ပြီးတစ်ဆင့် ဖြစ်လာ ပေမယ့် အစိုးရ နှင့် တပ်မတော်ကြားထဲမှ တစ်ဖက်နဲ့ တစ်ဖက် ကြီးကြီးမားမား လုပ်ကိုင်နေတဲ့ အနေအထားမျိုးတွေ့ရတယ်လေ။ ဆိုတော့ ကြီးမားတဲ့ အပြောင်းအလဲတော့ ဖြစ်လာစရာ အကြောင်း မရှိဘူး။ ဒါပေမဲ့ တပ်မတော်အနေနဲ့ ပိုပြီး သတိဝီရိယထားပြီးတော့ နောက်နောက် အလားတူ လုပ်ရပ်မျိုး ထပ်မကျူးလွန်မိအောင် သတိပေးရ ရောက်တယ်လို့ မြင်တယ်။

နောက်နောက် ဒီရခိုင်အရေး နှင့် ပတ်သက်လို့ဖြစ်ဖြစ် ၊ အလားတူ ဒီလိုကိစ္စမျိုးပဲ ဖြစ်ဖြစ် တပ်မတော်အနေနဲ့ ပိုပြီး ဆင်ဆင်ခြင်ခြင်နဲ့ ပိုပြီးကြီးကြီးမားမားမဖြစ်အောင် သတိပေးရာရောက်တဲ့အတွက် အကျိုးတစ်စုံတစ်ရာ ရှိမယ်လို့ မြင်တယ်။

တရားလွှတ်တော် ရှေ့နေ ဦးသိန်းသန်းဦး

ဒါကတော့ အမေရိကန်လို နိုင်ငံက သူတို့ လုပ်ရိုးလုပ်စဉ်လုပ်တာပေါ့ ။ မြန်မာပြည်အနေနဲ့ ထူးထူးခြားခြားသက်ရောက်မှုတော့ မရှိဘူး။ ဘာကြောင့်လဲဆိုတော့ အရင်စစ်အာဏာရှင်ခေတ်တုန်းကလည်း အဲဒီလိုလုပ်ခဲ့တာ ရှိတယ်။ အဲဒီအပေါ် ထူးထွေပြီး မထိရောက်နိုင်ဘူး။ ဒါက သူတို့ လုပ်ကိုးလုပ်ရမယ့် ဝတ္တရားအနေနဲ့ သူတို့က လုပ်တာ။ ဒါပေမဲ့ ကျနော်ထင်တာက အဲ့နည်းနဲ့ ဖြေရှင်းလို့ရမယ်မထင်ဘူး ။

ဒေါက်တာနိုင်ဆွေဦး ( သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ – တည်ထောင်သူ )

ဒါက အရင်တပ်မတော်အစိုးရလက်ထက်တုန်းက တပ်မတော်အရာရှိတွေကို အမေရိကန်က ပိတ်ဆို့တဲ့ သမိုင်းကြောင်းတွေ ရှိခဲ့တယ်။ ဒါက ကျနော်တို့ နိုင်ငံအတွက် သိပ်ပြီး အဆန်းတော့ မဟုတ်ဘူးလေ။ နောက် သမ္မတ ဦးသိန်းစိန်လက်ထက်ကျတော့ ပြန်ပြီး တဖြည်းဖြည်း အမေရိကန်ရဲ့ Sanction ပိတ်ဆို့မှုတွေ အများကြီး ဖြေလျော့တဲ့အနေအထားကို တွေ့ရတယ်။ မနေ့က ပြန်ပြီး ပိတ်ဆို့တဲ့ သတင်းထွက်လာတယ်။ ထွက်လာတဲ့အခါကျတော့ ကျနော်တို့ သိရတာတော့ ဖြစ်နေတဲ့ အနေအထား မျိုးနဲ့ ချိန်ထိုးပြီး သုံးသပ်ရမှာ ဖြစ်တယ်။ လက်ရှိမှာ ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ အနေအထားမျိုးပေါ့။ ဘင်္ဂလီ အရေးကိစ္စ နှင့် ပတ်သက်ပြီး တပ်မတော်အရာရှိကြီးတွေကို သူတို့က ဖိအားပေးပြီး အရေးယူဖို့ ကြိုးစားနေတာ တွေ့တယ်။ တချို့ နိုင်ငံတကာ အဖွဲ့အစည်း ၊ တချို့ ICC လိုမျိုး အင်တာနေရှင်နယ် အဖွဲ့အစည်းမျိုးအထိ တင်ပြီးမှ လုပ်ချင်နေတဲ့ ဖိအားပေးနေတဲ့ အနေအထားမျိုး တွေ့ရတယ်။

ဒါက ပထမတစ်ချက်ပြောရရင် မြန်မာနိုင်ငံမှာ ရှိတဲ့ တပ်မတော်အရာရှိ ဖိအားတစ်စုံတစ်ရာ ပုံစံမျိုးနဲ့ သူတို့က ဒီကိစ္စကို မူတည်ပြီး ပေးတာမျိုး ကျနော်အနေနဲ့ သုံးသပ်မိတယ်။ ဒါပေမဲ့ ဒီဖိအားတစ်မျိုးတည်းမဟုတ်ဘဲ ကျနော်တို့ ဘက်ပေါင်းစုံက နိုင်ငံရေး အရ မျိုးစုံ နဲ့ ဖိအားပေးချင်တဲ့ အနေအထားမျိုးလည်း ဖြစ်ပါတယ်။ အခုအချိန်ကာလက ၊ ဘင်္ဂလီအရေးကိစ္စ နှင့် ပတ်သက်ပြီး နိုင်ငံတကာက ဖိအားတွေ ပေးလာတာတွေ မြင်ရတယ်။ တစ်ချိန်တည်း တစ်ပြိုက်နက်တည်း လုပ်ဆောင်လာတဲ့ အနေအထားမျိုးမှ ဒါကတစ်ခု ၊ အဲဒီအထဲက ဖိအားတစ်ခုအဖြစ် ယူဆရပါတယ်။ ဒါပေမယ့် မနေ့က ထုတ်ပြန်ချက်ထဲမှာ ကျနော်တို့ မြင်တာက ဒီလိုမျိုး ထုတ်ပြန်လိုက်ပေမယ့် ရခိုင်ကိစ္စမှာ စွပ်စွဲတဲ့ အခေါ်အဝေါ Term တွေ မတွေ့ရဘူး ။ ဒီလိုမျိုး ဖိအားပေးလိုက်လို့ တပ်မတော်ခေါင်းဆောင်တွေ သိပ်ပြီး ထိရောက်လိမ့်မယ်လို့ မထင်ဘူး ။

ဒါက ဝင်ခွင့်ပိတ်တာဆိုတော့ ရှင်းရှင်းပြောရရင် မသွားရုံဘဲ ရှိတော့တာပေါ့။ ဖိအားတွေ အများကြီးထဲက ဖိအားတစ်ခု ဖြစ်ပြီးတော့ သိပ်ပြီး ထိရောက်လိမ့်မယ်လို့ မထင်ပါဘူး။

သူတို့က ဒီလိုအခြေအနေတွေ ပြောင်းလဲစေဖို့ ဖော်ပြထားတာ တွေ့ရတယ်။ ဒါပေမဲ့ အမေရိကန်လိုနိုင်ငံမျိုး မှောတာင် လုံခြုံရေးတပ်ဖွဲ့ဝင် တပ်မတော်တွေက သူတို့ နိုင်ငံမှောတာင် ဒါကလူ့အခွင့်အရေးချိုးဖောက်မှုက ရှိနေတာပဲလေ ။ ဒါကတော့ အနည်းအများ ဘယ်သူမျှ အပြစ်မမြင်ဘဲ တချို့ ကိစ္စတွေက မ တစ်ထောင် သားသမီးတွေဖြစ်တယ်။ လူ့အများကြီးနဲ့ ဖွဲ့စည်းထားတာ ဖြစ်တဲ့အတွက် ကျူးလွန်ထားတာ ရှိရင်လည်း ရှိနိုင်တယ်။ ရှိသင့်တဲ့ အပိုင်းတွေကိုလည်း တပ်မတော်ပိုင်းက အရေးယူတဲ့ဟာတွေ ရှိတယ်။ ေ
နာက် စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ ဖွဲ့စည်းပြီးတော့ စုံစမ်းစစ်ဆေးနေတဲ့ အနေအထားမျိုး ကျနော်တို့ အနေနဲ့ တွေ့ရတယ်။ ဒါကတော့ လုပ်စရာရှိတာကို နိုင်ငံတော် ၊ တပ်မတော် ၊ အစိုးရကော လုပ်နေတဲ့ အပိုင်းတွေ မြင်ရတယ်။ ဒါက သာမန်ဖိအားပေးနေတယ်လို့ ယူဆတယ် ။ လုပ်စရာရှိတာတော့ ဆက်လုပ်နေမယ်လို့ ယူဆတယ်။ ဒီဖိအားနဲ့တော့ ၊ ဖိအားပေးတာကြောင့်မိမိဘာသာ လုပ်စရာ ရှိတာ စုံစမ်းစစ်ဆေးရေး တွေ လုပ်နေတယ်လို့ ယူဆပါတယ်။

ဦးကျော်ဇင်မင်း ( နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း )

သက်ရောက်မှုကတော့ ရှိတယ်။ ရှိတယ်ဆိုတာက ကျနော်တို့ နိုင်ငံမှာ အဓိက ဖြစ်နေတာက တာဝန်ယူမှု ၊ တာဝန်ခံမှု ပျောက်ကင်းနေတာ ။ ရှင်းရှင်းပြောရရင် လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကို ကျူးလွန်နေတဲ့သူတွေ က ပြစ်ဒဏ်ပေးခံရတဲ့ အလေ့အထကနေ ကင်းလွတ်ခွင့် ရနေတယ်။ ပြစ်ဒဏ်ပေးခံရခြင်း ကနေ ကင်းလွတ်ခွင့်ရတဲ့အလေ့အထက ကျနော်တို့ နိုင်ငံမှာ စွဲနေတာ။ အခုဟာကတော့ ဘယ်လိုပဲ ငြင်းငြင်း ၊ တာဝန်ရှိတဲ့သူသည် တာဝန်ယူမှု ၊ တာဝန်ခံမှု ဖြစ်ကို ဖြစ်ရမယ် သတိပေးချက်မျိုး မြင်တယ်။

ဒီဟာသည် တပ်မတော်ဘက်ကလည်း အမြဲတမ်း ငြင်းချက်ထုတ်ခဲ့တာပဲ။ လူ့အခွင့်အရေးချိုးဖောက်မှု မလုပ်ခဲ့ပါဘူး ငြင်းချက်ထုတ်ခဲ့တာ ရှိခဲ့သလို နောက်တစ်ခုက တချို့ကလည်း အမိန့်ပေးလို့လုပ်တာရှိတယ်။ တချို့ကျတော့ အောက်က လုပ်တာ မသိဘူး ဆိုတဲ့ငြင်းချက် ရှိတယ်။ ငြင်းချက်က အမျိုးမျိုး ထုတ်ကြတယ်။ ဒါပေမဲ့ အခုလို့ အရေးယူမှုဆိုတာက မည်သို့ပင်ဖြစ်စေ လူ့အခွင့်အရေးချိုးဖောက်ခံရမှု ရှိတာဆိုတာကိုး စနစ်တကျ နဲ့ သတင်းရယူနိုင်စွမ်း ရှိသလို ဒီအပေါ်မှာ ဆက်စပ်နေတဲ့ သူအားလုံးဟာ တာဝန်ယူမှု ၊ တာဝန်ခံမှု ရှိရမယ် ဆိုတဲ့အလေ့အထ တစ်ခုကို ပြလိုက်ခြင်း တစ်မျိုးဖြစ်တယ်လို့ မြင်တယ်။

အဲဒီလိုမျိုး ပြလိုက်ခြင်းအားဖြင့် ကျနော်တို့ နိုင်ငံမှာ နိုင်ငံရေးအရသော်လည်းကောင်း ၊ လူ့အခွင့်အရေးအရသော်လည်းကောင်း ချိုးဖောက်မှုတွေ ကျူးလွန်တဲ့သူက ဒီလိုမျိုး နိုင်ငံတကာ က သော်လည်းကောင်း ၊ ပြည်တွင်းက ပြည်သူ့လူထု က သော်လည်းကောင်း ၊ အရေးယူမှု နဲ့ အပြစ်ပေးမှု ၊ တာဝန်ယူမှု ၊ တာဝန်ခံမှု တောင်းဆို မှုတွေ ရှိနေတယ်ဆိုတာ ပြလိုက်တာ ဖြစ်တဲ့အတွက် ဒီလို့မျိုး ချိုးဖောက်မှုတွေကို ဟန့်တားမှုတွေ ဖြစ်လာမယ်။ နိုင်ငံရေးအရ ဖိအားပေးမှုတွေကို တစ်စုံတစ်ရာသော လျော့ပါးစေအောင် အထောက်အပံ့ ဖြစ်ပါလိမ့်မယ်။

ကျနော်မြင်တာက ရခိုင်ကိစ္စတည်း တစ်ခုတည်း မဟုတ်ဘူး။ လူ့အခွင့်အရေးချိုးဖောက်မှုက နေရာ အနှံမှာ ဖြစ်တယ်။ ရခိုင်မှာဆိုရင် Community တစ်ခုလုံး လူ့အခွင့်အရေးချိုးဖောက်မှုကို ခံရတယ်။ ကချင်မှာဖြစ်တယ်။ ၊ တခြား ရှမ်းပြည်နယ်မှာဖြစ်တယ်။ အဲ့လိုမျိုး လူ့အခွင့်အရေး ချိုးဖောက်မှုတွေကတော့ ဖြစ်တာပဲ ။ ဒါပေမဲ့ လက်ရှိ သူတို့ အရေးယူမှု ပြုလုပ်လိုက်တဲ့ ဥပဒေအရကတော့ ဒီကိစ္စ တစ်ခုကို ဦးတည်ဇောင်းပေးပြီးတော့ စုံစမ်းစစ်ဆေးရေး လုပ်ပြီးတော့ ဒီအပေါ်မှာ တာဝန်ယူမှု ၊ တာဝန်ခံမှုအရ သက်ဆိုင်တယ်သူတွေကို စတင်ပြီး အရေးယူ တာ ဖြစ်တယ်လို့ မြင်တယ်။ ရခိုင်ကိစ္စကို လုပ်တာထက် တခြားလူ့အခွင့်အရေးချိုးဖောက်မှုတွေကို ထောက်ပြနေတယ်လို့ ကျနော်တို့ လေ့လာတွေ့ရှိရတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts