All News political news

တပ်ချုပ်နှင့်တပ်မတော်ခေါင်းဆောင်ပိုင်းများကို အမေရိကန်က ပြည်ဝင်ခွင့်ပိတ်လိုက်ခြင်းသည် နိုင်ငံ၏အချုပ်အခြာအာဏာကိုဝင်ရောက်စွက်ဖက်ခြင်းဟု တပ်မတော်ပြော

နေပြည်တော်၊ ဇူလိုင် ၂၄

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တပ်မတော်ထိပ်ပိုင်းခေါင်းဆောင် ၄ ဦး ၊ မိသားစုဝင်များ ကို အမေရိကန်က ပြည်ဝင်ခွင့် ပိတ်လိုက်ခြင်း သည် နိုင်ငံ၏အချုပ်အခြာအာဏာကို ဝင်ရောက်စွက်ဖက်ခြင်းဖြစ်ကြောင်း တပ်မတော်က ပြောသည်။

ယမန်နေ့က နေပြည်တော်တွင်ပြုလုပ်သည့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့သတင်းစာရှင်းလင်းပွဲတွင် အဖွဲ့ ဒုဥက္ကဌ ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောကြားခဲ့ခြင်းဖြစ်သည်။

ဘင်္ဂလီ/ရိုဟင်ဂျာများအပေါ် ပိုမိုတရားစီရင်သတ်ဖြတ်မှုအတွက် တာဝန်ရှိသူများအဖြစ် အမေရိကန်က စွပ်စွဲထားပြီး ၎င်းကိစ္စသည် ခိုင်လုံသည့်အကြောင်းပြချက်မဟုတ်ကြောင်း ၎င်းက ဆိုသည်။

“ကျနော်တို့ နိုင်ငံသည် အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်ပါတယ်။ ကျနော်တို့ ဆီမှာ အစိုးရရှိတယ်။ ဥပဒေပြုလွှတ်တော်ရှိတယ်။ တရားစီရင်ရေးစနစ်တွေရှိတယ် ။ ဒီပုဂ္ဂိုလ်တွေဟာ နိုင်ငံတော်ရဲ့ အစိတ်အပိုင်း ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်တွေဖြစ်တဲ့အတွက် ကျနော်တို့ နိုင်ငံကိုရော ကျနော်တို့နိုင်ငံရဲ့အချုပ်အခြာအာဏာကိုရော အစိုးရကိုရော တပ်မတော်ကိုရော ပြည်သူလူထုကိုပါ အနိုင်ကျင့်တဲ့ ကျနော်တို့ရဲ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက် ပြီး ဆောင်ရွက်တဲ့လုပ်ရပ်ဖြစ်တယ်” ဟု ဗိုလ်ချုပ်ထွန်းထွန်းညီ က ပြောသည်။

လူ့အခွင့်အရေးချိုးဖောက်မှုဆိုသည်ကို အချို့အင်အားကြီးနိုင်ငံများအနေဖြင့် လိုပါကတစ်မျိုး ၊ မလိုပါကတစ်မျိုးဆောင်ရွက်နေကြောင်း လည်း ၎င်း က ထပ်လောင်းဆိုသည်။

မြန်မာ့တပ်မတော်မှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အပါအဝင် ထိပ်ပိုင်းခေါင်းဆောင် ၄ ဦး နှင့် မိသားစုဝင်များကို ပြည်ဝင်ခွင့်ပိတ်လိုက်ကြောင်း ပြီးခဲ့ဲ့သည့် ၁၆ ရက်နေ့တွင် ကြေညာခဲ့ခြင်းဖြစ်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com