All News Local News Peace

ကျောက်တော်တွင် အမျိုးသမီးငယ်၁ ဦး လက်နက်ကြီးကျည်စ ထိမှန် ဒဏ်ရာရ

ကျောက်တော်တွင် အမျိုးသမီးငယ် ၁ ဦး လက်နက်ကြီးကျည်စ ထိမှန် ဒဏ်ရာရ

ရန်ကုန်၊ ဇူလိုင် ၃၁

ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့နယ် ၊ လိပ်မကျေးရွာမှ အမျိုးသမီး တစ်ဦး ၏ တင်ပါးတွင် လက်နက်ကြီး ကျည်စ ထိမှန်၍ ကျောက်တော်ဆေးရုံသို့ ပို့ဆောင်ပြီးနောက် လက်ရှိတွင် ဆေးကုသမှု ခံယူနေရကြောင်း မိသားစုဝင်များက ပြောဆိုသည်။

လိပ်မကျေးရွာမှ ကျည်စ ထိမှန်ခဲ့ရသူ အမျိုးသမီးမှာ မမြတ်မြတ်သွယ် အသက် ၂၃ နှစ်အရွယ်ဖြစ်ပြီး ဇူလိုင်လ ၃၀ ရက် ၊ ညနေပိုင်းတွင် ၎င်း၏ နေအိမ်တွင် ထမင်းချက်နေစဉ် ပစ်ခတ်မှုကြောင့် လက်နက်ကြီး ကျည်ကျရောက်ပြီး ကျည်စထိမှန်ခဲ့ကြောင်း ဖခင်ဖြစ်သူ ဦးအောင်လှစိုး က ပြောသည်။

“ ကျနော်က လယ်လုပ်တယ် ၊ လယ်ထဲသွားပြီး အပြန် တဲလေးထဲမှ နေခဲ့တယ် ။ သမီးက ၁နာရီလောက် ဖုန်းဆက်တယ်။ သမီး ညာဘက် တင်ပါးမှာ သွေးထွက်နေတယ်။ ကျည်ဆန် မှန်တာလား မသိ ဘူးလို့ ကျနော်ကို ပြောတယ်။ သမီးက ယောခက္ခ နေတဲ့ အိမ် က ခေါင်းမိုး လှန်ပြီးတော့ ပြိုသွားတယ်ပေါ့ ။ သမီး တင်ပါး ဘယ်လိုထိမှန်းလဲ မသိဘူးတဲ့ ။ ကျနော်တို့ က ယမ်းစ အစအနပဲ ဝင်တာ ဖြစ်မယ် ၊ ကျောက်တော်ဆေးရုံကို ပို့လိုက်တယ်။ အခုတော့ သမီးက မစိုးရိမ်ရပါဘူး။ အခုက နေကောင်းနေပါတယ်။ ဆရာကတော့ မနေ့က ဓါတ်မှန်တွေ ရိုက်ပါတယ်။ နောက်ဆက်တွဲ စိုးရိမ်စရာတွေ ဖြစ်မှာစိုးလို့ ၊ ဆေးရုံရောက်တော့ ဆရာဝန်ကတော့ သိုသိုသိပ်သိပ်စွာ လုပ်ပေးပါတယ်။ မိသားစုဝင်တစ်ယောက်အနေနဲ့ အခုလိုဖြစ်ရပ်မျိုး မဖြစ်စေချင်ဘူးလို့ ပြောချင်တယ် “ ဟု ဦးအောင်လှစိုးက ပြောသည်။

မမြတ်မြတ်သွယ်တွင် ထိမှန်သော ကျည်ဆန်သည် စစ်တပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျည် ကျရောက်၍ ကျည်စ ထိမှန်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ကိစ္စ နှင့် ပတ်သက်၍ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောခွင့်ရသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦး ၊ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းတို့အား ဖုန်းဆက်မေးမြန်းသော်လည်း အဆက်အသွယ်မရရှိပေ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com