ကိုအောင်ကြီးသည် ဒီအမှုနဲ့ ပတ်သက်လို့ မပေါ်ပေါက်ခဲ့ဘူးဆိုရင် တကယ်ကျူးလွန်ခဲ့သူက ဘယ်သူလဲ

“ကိုအောင်ကြီးသည် ဒီအမှုနဲ့ ပတ်သက်လို့ မပေါ်ပေါက်ခဲ့ဘူးဆိုရင် တကယ်ကျူးလွန်ခဲ့သူက ဘယ်သူလဲ၊ အဲဒီကျူးလွန်တဲ့သူတွေက အမှုစွဲတင်မထားတဲ့အတွက် တိမ်းရှောင်ခွင့်ရမယ်။ လွတ်မြောက်ခွင့်ရသွားမယ်”
နေပြည်တော် Victoria အမှုနှင့်ပတ်သက်၍ ဥပဒေအကြံပေး ဦးခင်မောင်မြင့်နှင့် တွေ့ဆုံခြင်း အပိုင်း ၂
“ ပြည်သူတွေရဲ့ ဝေဖန်မှုတွေ အစိုးရအဖွဲ့ရဲ့ တိုက်တွန်းမှုတွေ ညွန်ကြားမှုတွေ ဖိအားတွေသိပ်များလာလို့များ ဒီကိုအောင်ကြီးကိုရှိတဲ့ အထောက်အထားလေးတွေအရ တရားခံအဖြစ် တရားရုံးကိုစွဲတင် လိုက်တယ်ဟေ့ဆိုရင် ကိုအောင်ကြီးကလည်း ဒီဟာကိုဖြောင့်ချက်ပေးမထားဘူး။ ဝန်ခံမထားဘူး။ ဝန်ခံမထားဘူးဆိုရင် ဒီအမှုကို တရားရုံးမှာ ဥပဒေနဲ့ အညီဆက်လက် စစ်ဆေးရမယ်။ အဲဒီလိုဆက်လက် စစ်ဆေးတဲ့ကာလသည်။ ဘယ်လောက်ကြာမယ်ဆိုတာ ကျွန်တော်တို့မသိဘူး။ စစ်ဆေးတဲ့အခါမှာများ ကိုအောင်ကြီးက ကျူးလွန်ပါတယ်လို့ ပေါ်ပေါက်လို့ အပြစ်ပေးရင် ပြဿနာမရှိဘူး။စစ်ဆေးရင်း စစ်ဆေးရင်းနဲ့ ကိုအောင်ကြီးသည် ဒီအမှုနဲ့ ပတ်သက်လို့ မပေါ်ပေါက်ခဲ့ဘူးဆိုရင် တကယ်ကျူးလွန်ခဲ့သူက ဘယ်သူလဲ၊ အဲဒီကျူးလွန်တဲ့သူတွေက အမှုစွဲတင်မထားတဲ့အတွက် တိမ်းရှောင်ခွင့်ရမယ်။ လွတ်မြောက်ခွင့်ရသွားမယ်။ အဲဒီအခါကျရင် ဘယ်သူက တာဝန်ယူကျမှာလဲ”
ဥပဒေအကြံပေး ဦးခင်မောင်မြင့်နှင့် တွေ့ဆုံခြင်း အပိုင်း (၂)
တွေ့ဆုံမေးမြန်း- မိုးယံခ/ ရန်ကုန်ခေတ်သစ်မီဒီယာ
ရိုက်ကူးတည်းဖြတ်- စိုးထွန်းသိန်း/ ရန်ကုန်ခေတ်သစ်
သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ