All News Local News

ကရင်နီလူငယ် ၆ ဦးကို ၄ ကြိမ်မြောက်ရုံးထုတ်စစ်ဆေး၊ ကရင်နီလူငယ်များကို ထပ်မံ တရားစွဲနိုင်ခြေရှိဟုဆို

ကရင်နီလူငယ် ၆ ဦးကို ၄ ကြိမ်မြောက်ရုံးထုတ်စစ်ဆေး၊ ကရင်နီလူငယ်များကို ထပ်မံ တရားစွဲနိုင်ခြေရှိဟုဆို

ရန်ကုန်၊ ဇူလိုင် ၁၁

ကယားပြည်နယ်အစိုးရက နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု နှင့် လုံခြုံရေး ဥပဒေ ပုဒ်မ ၁ဝ ဖြင့် တရားစွဲဆို ဖမ်းဆီးခံထားရသည့် ကရင်နီလူငယ် ခြောက် ဦးကို ယနေ့ လွိုင်ကော်ခရိုင် တရားရုံးတွင် ၄ကြိမ်မြောက် ရုံးထုတ်စစ်ဆေးကြောင်း သိရှိရသည်။

ယနေ့ရုံးထုတ်တွင် တရားလိုဖက်မှ သက်သေအဖြစ်တင်သွင်းထားသော အစိုးရအဖွဲ့ရုံးဦးစီးမှူး ဦးအာင်ချမ်းသာနှင့် ကယားပြည်နယ်အစိုးရုံးအဖွဲ့ရုံး စာပေးစာယူဌာန အငယ်တန်းစာရေးဖြစ်သော ဒေါ်ရှေးမြာ တို့လာရောက်ထွက်ဆိုခဲ့သည် ကရင်နီလူငယ် ခွန်းဘာနဒ်ကဆိုသည်။

“ကျွန်တော်တို့ နားလည်တာက ဒီပုဒ်မကတရားလိုက ကိုယ်စားပြုပြီးမှ စွဲလို့မရဘူးပေါ့နော်။ အခုကကိုယ်စားပြုပြီးစွဲတဲ့ပုံစံမျိုးတော့ဖြစ်နေတယ်ဆိုပြီး ဝန်ကြီးချုပ်တို့ဘာတို့က ထွေအုပ်ကိုပြန်လွှဲပြီးတော့မှ ကိုယ်စားပြုတဲ့ပုံစံမျိုးတော့ရှိနေတယ်။ တရားလိုတွေကလည်း ခုနလိုမျိုးသေချာရပ်တည်ပြီးတော့မှ ပြောဆိုထွက်ဆိုထားတဲ့ပုံစံမျိုးတော့မရှိဘူး” ဟု ၎င်းကပြောဆိုသည်။

လက်ရှိချိန်တွင် ပြည်နယ်အစိုးရအနေဖြင့် ရည်ရွယ်ချက်ရှိရှိ လူငယ်များကို ဖိနှိပ်နေသောပုံစံများရှိပြီး ထိုသို့ပြောဆိုရခြင်းသည် ကရင်နီလူငယ်များက တောင်သူကိစ္စများတွင် လိုက်ပါဝန်းရံခြင်းများ၊ လယ်မြေ အသိမ်းခံရသည့်ကိစ္စရပ်များတွင်လည်း တောင်သူများနှင့်အတူ လိုက်ရပ်တည်သောကြောင့် လူငယ်များကို ထပ်မံတရားစွဲမည်ဆိုသော သတင်းများကြားသိရသည်ဟု ၎င်းကဆက်လက်ပြောဆိုသည်။

ကရင်နီလူငယ် ခြောက်ဦးကို ၂၀၁၉ ခုနှစ် ၊ ဇန်နဝါရီလတွင် လွိုင်ကော်မြို့ ၊ ဂန္ဓာဟေဝန်ပန်းခြံအတွင်း လာရောက်စိုက်ထူခဲ့သည့် ဗိုလ်ချုပ်ကြေးရုပ်နှင့် ပတ်သက်ပြီး ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို နှင့် စီမံဘဏ္ဍာဝန်ကြီး ဦးမော်မော်တို့ကို နိုင်ငံရေး ရာဇဝတ်ကောင် များ ၊ ကရင်နီ အမျိုးသား သစ္စာဖောက် များ ၊ တိုင်းရင်းသားသွေးစည်း ချစ်ကြည်ရေး၏ ဘုံရန်သူများ ၊ ကျေးဇူးကန်းသူများအဖြစ် ကရင်နီလူငယ်များက ကြေညာခဲ့၍ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု နှင့် လုံခြုံမှု ကာကွယ်ရေး ဥပဒေ ပုဒ်မ ၁၀ ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ကရင်နီ လူငယ်ခြောက်ဦးကို လာမည့် ဇူလိုင်လ ၁၈ရက်နေ့တွင် လွိုင်ကော်မြို့နယ်တရားရုံးတွင် ထပ်မံရုံးထုတ်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com