All News China Watch Local News

ကချင်ပြည်နယ်တွင် တရုတ်တစ်ရှုးငှက်ပျော တရားမဝင် စိုက်ဧက ၇ သောင်းနီးပါးရှိနေ၊ တရားဝင်ဖိတ်ခေါ်ချိန်တွင် မပူးပေါင်းက ဥပဒေအရ အရေးယူမည်ဟုဆို

ကချင်ပြည်နယ်တွင် တရုတ်တစ်ရှုးငှက်ပျော တရားမဝင် စိုက်ဧက ၇ သောင်းနီးပါးရှိနေ၊ တရားဝင်ဖိတ်ခေါ်ချိန်တွင် မပူးပေါင်းက ဥပဒေအရ အရေးယူမည်ဟုဆို

ရန်ကုန်၊ ဇူလိုင် ၃၁

ကချင်ပြည်နယ်တွင် တရုတ်တစ်ရှုးငှက်ပျော တရားမဝင်စိုက်ဧက ၆၃၆၈၆ ဧကရှိနေပြီး ကချင်ပြည်နယ်အစိုးရက ရင်းနှီးမြုှပ်နှံမှုများ ဖိတ်ခေါ်ချိန်တွင် မပူးပေါင်းပါက တရားမဝင် တရုတ်တစ်ရှုးငှက်ပျော စိုက်ခင်းများကို ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ်အစိုးရ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းက ပြောသည်။

ဇူလိုင်လ ၃၀ ရက်နေ့ မြစ်ကြီးနားရှိ ကချင်ပြည်နယ်အစိုးရအဖွဲရုံး၊ မလိခခန်းမ၌ တစ်ရှုးငှက်ပျောစိုက်လုပ်ငန်းရှင်များနှင့် ညှိနှိုင်းဆွေးနွေးပွဲတွင် ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ကချင်ပြည်နယ်အတွင်း တစ်ရှုးငှက်ပျောပြောစိုက်ပျိုးမှုအနေဖြင့် အစိုးရအဖွဲ့ ၏ စာရင်းကောက်ယူမှုမှတ်တမ်းအရ မြစ်ကြီးနားခရိုင်အတွင်း မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်တို့တွင် ဧကပေါင်း ၅၁၂၁၆ ဧက၊ ဗန်းမော်ခရိုင်အတွင်း ဗန်းမော်၊ ရွှေကူ၊ မိုးမောက်၊ ဒေါ့ဖုန်းယန်မြို့နယ်တို့တွင် ဧကပေါင်း ၁၂၄၇၀ ဧက စုစုပေါင်း ဧကပေါင်း ၆၃၆၈၆ ဧကနေရှိပြီး တရားဝင်ကုမ္ပဏီတစ်ခုသာရှိ ကြောင်း သိရှိရသည်။

ကချင်ပြည်နယ်အတွင်း တစ်ရှုးငှက်ပျောစိုက်ပျိုးရာတွင် သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်ဆီးမှု နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဌာနဆိုင်ရာများအဖြင့် ဌာနအလိုက် ထုတ်ပြန်ထားသည့် ဥပဒေလုပ်ထုံးလုပ် နည်းများနှင့်အညီ လိုက်နာခြင်း ရှိ/မရှိ စနစ်တကျကြီးကြပ်ဆောင်ရွက်သွားရန်ရှိကြောင်း ဦးဒါရှီလဆိုင်းက ပြောဆိုသည်။

အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲသို့ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယ ဝန်ကြီးဒေါက်တာရဲမြင့်ဆွေပါ တက်ရောက်ခဲ့ပြီး တစ်ရှုးငှက်ပျောစိုက်ပျိုးခြင်းသည် အကျိုးအမြတ်များစွာရရှိသလို တဖက် တွင်လည်း ငှက်ပျောစိုက်ပျိုးခြင်းကြောင့် မြေဆီလွှာအရည်အသွေးကျဆင်းခြင်း၊ တစ်ချို့နေရာများတွင် ရေအရင်းအမြစ်ဆုံးရှုံးနိုင်ခြင်း၊ စိုက်ပျိုးမြေရရှိဖို့ တောရိုင်းခုတ်ထွင်ရသည့်အတွက် သစ်တောပြန်းတီးမှု တွေဖြစ်ပေါ်စေကြောင်း၊ သဘာဝပတ်ဝန်းကျင်ထိခိုင်နိုင်သကဲ့သို့ လူမှုပတ်ဝန်းကျင်ကိုလည်း ထိခိုက်နိုင် ကြောင်း၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနှင့် ဒေသခံပြည်သူလူထု၏ လူမှုစီးပွားဘဝတွေ ထိခိုက်မှုတွေ ရှောင်ရှားနိုင်ဖို့ရန်အတွက်ဥပဒေလုပ်ထုံးလုပ်နည်းဖြင့် စနစ်တကျဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းရှင် များအနေဖြင့် ပူးပေါင်းဆောင်ရွက်ရန်လိုကြာင်း ဒုဝန်ကြီးက ပြောဆိုသည်။

ပြည်နယ်အစိုးရဝန်ကြီး ဦးဒါရှီလဆိုင်းက လည်း “စိုက်ခင်းတော်တော်များများက တရားမဝင်ဖြစ်နေပြီး တရားမဝင်သည့် လုပ်ငန်းရှင်များအပေါ် ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ရင်းနှီးမြှုပ်နှံမှုကို ဖိတ်ခေါ်နေသည့်နေရာတွင် စနစ်တကျဖိတ်ခေါ် နေခြင်းဖြစ်သည့်အတွက် ပူးပေါင်းပါဝင်ပြီး လာရောက်ကြဖို့ ကမ်းလှမ်းလိုပါကြောင်း၊ ဒီလိုပဲ ဆက်သွား နေမည်ဆိုလျင် မိမိတို့အစိုးရအဖွဲ့အနေဖြင့် ဥပဒေလုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်သွားရမည်”ဟု ပြောကြားသည်။

ကချင်ပြည်နယ်တွင် တရားမဝင် တစ်ရှုးငှက်ပျောစိုက်ခင်းများ အရှိန်အဟုန်ဖြင့် ကြီးထွားနေပြီး ယင်းတစ်ရှုးငှက်ပျောများတွင် အသုံးပြုသည့် ဓာတုဆေးဝါးများကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်းနှင့်ေ ဒသခံများ ကျန်းမာရေးဆိုးဝါးမှုများကြုံတွေ့နေရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts