All News Health

A(H1N1) ရာသီပေါ်တုတ်ကွေး ရောဂါပိုးနှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်၊ သွေးလွန်တုတ်ကွေးရောဂါကရန်ကုန်တွင် ပိုမို ကြောက်ရကြောင်း ပြောကြား

ရန်ကုန် ။ ဇွန် ၁၉

လက်ရှိအချိန်တွင် A(H1N1) ရာသီပေါ်တုတ်ကွေး ရောဂါပိုးကြောင့် လူ ၃ ဦးသေဆုံးပြီး သံသယ ရှိဖွယ် လူနာများလည်းရှိသေးကြောင်း ရန်ကုန်တိုင်းကျန်းမာရေးဦးစီးဌာန၏ သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

အဆိုပါရောဂါပိုးသည် ရာသီချိန်ဖြစ်ပွားတတ်သောရောဂါပိုးဖြစ်သည့်အတွက် ပြည်သူများမစိုးရိမ်ကြရန်နှင့် ကုသရန်အတွက် ပစ္စည်းအပြည့်အစုံရှိပြီဖြစ်ကြောင်း ရန်ကုန်တိုင်းကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတွေကပြောသည်။

ယင်းအပြင် A(H1N1) ရာသီပေါ်တုတ်ကွေး ရောဂါထက် သွေးလွန်တုတ်ကွေးရောဂါက ပိုကြောက်ရကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း သွေးလွန်တုတ်ကွေးဖြစ်ပွားသူ ဦးရေ ၇၃၄ ဦးရှိသွားပြီဲဖြစ်ပြီး ၈ ဦးသေဆုံးပြီးကြောင်းလည်း ပြောကြားခဲ့သည်။

photo – မိုးယံခ

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com