All News Local News Peace

AA နှင့် တပ်မတော် တိုက်ပွဲရပ်ဆိုင်းပြီး ပလက်ဝဖွံ့ဖြိုးရေး အစိုးရ ဆောင်ရွက်ပေးရန် ချင်းတိုင်းရင်းသားများ တောင်းဆို

AA နှင့် တပ်မတော် တိုက်ပွဲရပ်ဆိုင်းပြီး ပလက်ဝဖွံ့ဖြိုးရေး အစိုးရ ဆောင်ရွက်ပေးရန် ချင်းတိုင်းရင်းသားများ တောင်းဆို

ရန်ကုန်၊ ဇွန် ၂၇

ချင်းပြည်နယ် ၊ ပလက်ဝမြို့နယ် နှင့် ရခိုင်ပြည်နယ်၊ မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် တပ်မတော် နှင့် AA တပ်ဖွဲ့ တို့ အကြား နှစ်ဖက် တိုက်ပွဲများကို အမြန်ဆုံးရပ်ဆိုင်းပေး၍ ပလက်ဝမြို့နယ် တည်ငြိမ်ဖွံဖြိုးတိုးတက်ရေးကို အစိုးရက အမြန်ဆုံးအကောင်အထည်ဖော်ပေးရန် တောင်းဆိုမည်ဖြစ်ကြောင်း စစ်ဘေးရှောင် ချင်းတိုင်းရင်းသားများ အရေးလှုပ်ရှားမှု ကော်မတီဝင် ဆလိုင်းထန်းနိုင်းက ပြောသည်။

ရန်ကုန်မြို့ ၊ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးတွင် ဇွန် ၂၇ ရက်နေ့က ရန်ကုန်အခြေစိုက် ချင်းအရပ်အဖွဲ့အစည်းများ ဦးဆောင်ပြုလုပ်သည့် စစ်ဘေးရှောင် င်းတိုင်းသားများ အရေးကိစ္စ နှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။

ယင်းသတင်းစာရှင်းလင်းပွဲတွင် စစ်ဘေးရှောင် ချင်းတိုင်းရင်းသားများ အရေးကိစ္စ နှင့် ပတ်သက်၍ ထုတ်ပြန်ချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပြီး ယင်းထုတ်ပြန်ချက်တွင် ချင်းပြည်နယ် ၊ ပလက်ဝမြို့နယ်၏ တည်ငြိမ်အေးချမ်းမှုကို ဆောင်ရွက်ပေးရန် ၊ စစ်ဘေးရှောင် ပြည်သူများကို အစိုးရက အမြန်ဆုံး ကူညီထောက်ပံ့ပေးရန် ၊ အပြစ်မဲ့ပြည်သူများအပေါ် လူ့အခွင့်အရေးချိုးဖော်နေမှုများကို ရပ်တတန့်ပေးရန် ၊ စစ်ဘေးဒဏ်သင့် ပလက်ဝမြို့နယ် ပြန်လည်ထူထောင်ရေးအတွက် အထူးစီမံကိန်းတစ်ရပ်အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် ၊ တိုက်ပွဲကြောင့် မြေဇာပင် ဖြစ်နေသည့် ဒေသခံချင်း တိုင်းရင်းသားများ၏ ဘေးကင်းလုံခြုံရေး နှင့်လူသားချင်းစာနာထောက်ထားမှုအကူအညီများကို လုံလောက်စွာ အမြန်ဆုံးဆောင်ရွက်ပေးရေး တို့ပါဝင်သည်။

“ အဓိက ထုတ်ပြန်ထားတာက ပလက်ဝမြို့နယ်ရဲ့ တည်ငြိမ်အေးချမ်းရေးကို သက်ဆိုင်ရာစစ်တပ် နဲ့ AA တပ်ဖွဲ့တို့က တည်ငြိမ်အေးချမ်းမှုကို အမြန်ဆုံး အကောင်အထည်ဆောင်ရွက်ပေးဖို့ ကျနေ်ာတို့ တောင်းဆိုချင်တယ်။ နောက်ပြီး ပလက်ဝမြို့နယ် ကင်းတလင်းရွာသား ၅၄ ယောက် ကို AA ဖမ်းသွားတာ ၅ လ ကြာပြီ ။ ပြန်လွှတ်လာတဲ့ ၂ယောက်ထဲ ၁ ယောက်က စိတ်ပိုင်းဆိုင်ရာ ပုံမမှန်တော့ဘူး။ စိတ်ဝေဒနာခံစားရတော့ ပြန်လာပြီး သူ့သမီးကို ကိုယ်တိုင် ဓားနဲ့ ခုတ်ပြီး ဆေးရုံတွေ ပို့လိုက်ရတဲ့အထိ အခြေအနေမကောင်းဘူး။ ဟိုတလောက ၅၂ ယောက်ထဲ ၁၂ ယောက် ပြန်လွတ်လာတယ်။ ပြန်လွတ်လာတဲ့လူတွေ ပြောဆိုချက်အရ သူတို့ ခိုင်းတာ လုပ်ရတယ်။ ထမင်းလည်းကောင်းကောင်းမစားရဘူး။ ဒါဟာ အပြစ်မဲ့ပြည်သူတွေ အသုံးချနေသလို ဖြစ်နေတယ်။ ဒါတွေကို ကျန်တဲ့လူတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ AA ကို တောင်းဆိုချင်တယ်။ နှစ်ဖက်တိုက်ပွဲတွေကြောင့် ပလက်ဝမြို့နယ်ရဲ့ ဖွံဖြိုးရေး ရပ်ဆိုင်းရတာတွေ ရှိတယ်။ “ ဟု စစ်ဘေးသင့်ချင်းတိုင်းရင်းသားများ အရေး လှုပ်ရှားမှုကော်မတီ မှ ဆလိုင်းထန်းနိုင်း က ပြောသည်။

ချင်းပြည်နယ်အတွင်းရှိ မြို့နယ် ၉ မြို့နယ်အနက် ဖွံဖြိုးတိုးတက်မှု အနည်းဆုံးဖြစ်သော ပလက်ဝမြို့နယ်အတွင်း ၂၀၁၅ ခုနှစ် ၊ မတ်လမှ ယနေ့အထိ တပ်မတော် နှင့် AA တပ်ဖွဲ့ တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် လူဦးရေ ၄ သောင်းကျော်နီးပါးခန့် စစ်ဘေးဒုက္ခသည်များအဖြစ် မိမိရပ်ရွာနေအိမ်များမှ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ပလက်ဝမြို့နယ်အတွင်းရှိ ဒေသဖွံဖြိုးရေး စီမံကိန်းလုပ်ငန်းတွေနှင့် ဒေသတည်ငြိမ်အေးချမ်းရေးကို ထိခိုက်နစ်နာမှုများ ကြုံတွေနေရကြောင်း စစ်ဘေးသင်ချင်းတိုင်းရင်းသားများ အရေး လှုပ်ရှားမှုကော်မတီကဆိုသည်။

“ ရခိုင်ပြည်နယ်ဘက်မှာ ဆိုရင် စစ်ဘေးရှောင်ပြည်သူတွေက ၄ သောင်းကျော်ရှိနေတယ်။ ဒီ ၄ သောင်းကျော်ထဲ မင်းပြားမှာဆိုရင် ချင်းတိုင်းရင်းသားတွေ အများဆုံးနေတယ်။ ပြည်သူတွေမြင်တာက စစ်တပ် နှင့် AA တပ်ဖွဲ့ တိုက်ပွဲဖြစ်ရင် စစ်ဘေးဒုက္ခသည်တွေက ရခိုင်တိုင်းရင်သားတွေလို မြင်ကြတယ်။ ဖြစ်ချင်တော့ ချင်းစစ်ဘေးရှောင်တွေကို ဘယ်မီဒီယာမှ မဖော်ပြဘူး။ AA က ပလက်ဝမှ အခြေချတဲ့ ၂၀၁၅ ကတည်းက ချင်းတိုင်းရင်းသားတွေ ဒုက္ခရောက်တဲ့အနေအထားတွေ ခံစားရတယ်။ ဒါတွေကို အတတ်နိုင်ဆုံး သည်းခံတယ်။ နှစ်ဖက် လက်နက်ကိုင်အဖွဲ့အစည်းတွေက ပြည်သူတွေ ထိခိုက်နစ်နာမှု လုပ်ရပ်မျိုး အတတ်နိုင်ဆုံး ရှောင်ဖို့ ကျနော်တို့ တောင်းဆိုထားတယ် “ ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

တိုက်ပွဲဖြစ်စဉ်ကြောင့် ဒေသခံတိုင်းရင်းသားများကို မတရားဖမ်းဆီးခေါ်ဆောင်ခံရခြင်း ၊ ညှင်းပန်းနှိပ်စက်ခံရခြင်း ၊ အသက်အန္တရာယ် ခြိမ်းခြောက်ခံရခြင်း နှင့် စားနပ်ရိက္ခာလုယက်ခံရခြင်း အစရှိသည့် လူ့အခွင့်အရေးချိုးဖောက်ခံရခြင်းများ ကြုံတွေ့ရကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ချင်းပြည်နယ် ၊ ပလက်ဝမြို့နယ်အတွင်း ဒေသတည်ငြိမ်မှု မရှိသည်ဟု အကြောင်းပြု၍ ကျောင်းဆရာ ၊ ဆရာမများ သွားရောက်တာဝန်ထမ်းဆောင်နိုင်မှု မရှိကြောင်း၊ ယခုနှစ်တွင် ဖွင့်လှစ်နိုင်ခြင်း မရှိသည့် ကျောင်း ၁၁၈ ကျောင်း နှင့် ဆရာ ၊ ဆရာမ အခက်အခဲရှိသည့်ကျောင်း ၉၄ ကျောင်းရှိနေကြောင်း သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com