All News Local News Peace

AAက သိမ်းဆည်းရမိသည့် အလောင်းများနှင့် စစ်လက်နက်များ ထုတ်ပြ၊ တပ်မတော်က မဟုတ်မှန်ကြောင်း ငြင်းဆို

AAက သိမ်းဆည်းရမိသည့် အလောင်းများနှင့် စစ်လက်နက်များ ထုတ်ပြ၊ တပ်မတော်က မဟုတ်မှန်ကြောင်း ငြင်းဆို

ရန်ကုန်၊ ဇွန် ၄

ရခိုင်တပ်ဖွဲ့ AA က ဇွန်လ ၂ ရက်နေ့ မင်းပြားမြို့နယ်တွင် ဖြစ်ပွားခဲ့သော နှစ်ဖက်တိုက်ပွဲများတွင် တပ်မတော်ဘက်မှ ကျဆုံးခဲ့သော စစ်သားများ၏ အလောင်းများနှင့် လက်နက်ခဲယမ်းများ စာရွက်စာတမ်းများကို ထုတ်ပြန်လိုက်ပြီး တပ်မတော်ကမူ AA၏ ထုတ်ပြန်မှုသည် မှားယွင်းကြောင်း ပြောဆိုသည်။

AA တပ်ဖွဲ့က ဇွန်လ ၃ ရက်နေ့တွင် ထုတ်ပြန်ကြေညာချက် တစ်ခု ထုတ်ပြန်ခဲ့ပြီး ယင်းထုတ်ပြန်ချက်တွင် တပ်မ(၅၅)လက်အောက်ခံ၊ကလောမြို့အခြေစိုက်၊ခလရ(၃)၏လက်နက်ခဲယမ်းများ၊ စစ်အသုံးအဆောင်ပစ္စည်းများနှင့် တပ်မတော်သားများ၏အလောင်းဓာတ်ပုံများထုတ်ပြခဲ့သည်။

စစ်လက်နက် အသုံးအဆောင်ပစ္စည်း ၃၂ မျိုးအပါအဝင် အသုံးအဆောင်များ၊ ရဲယူနီဖောင်းတစ်ခုကိုလည်း သိမ်းဆည်းနိုင်ခဲ့ကြောင်း၊ ဒဏ်ရာရရှိသည့် တပ်မတော်သား တစ်ဦးကိုလည်း ဆေးကုသပေးနေသော်လည်း ဒဏ်ရာပြင်းထန်သဖြင့် အသက်ရှင်ရန် နည်းပါးသည်ဟုဆိုသည်။

AA၏ ထုတ်ပြန်ချက်အရ ခလရ ၃ မှ သေဆုံးသူ ၁၅ ဦး ခန့် မျက်မြင် တွေ့ရှိရ ဟု ထုတ်ပြန်ထားပြီး အလောင်း ၇ လောင်း တန်းစီနေသည့်ပုံနှင့် တပ်မ ၅၅ အမှတ်တံဆိပ် တပ်ဆင်ထားသော တပ်ကြပ်တစ်ဦး၏ အလောင်းဓာတ်ပုံကိုလည်း ပြသခဲ့သည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးက AA ၏ ထုတ်ပြန်ချက်သည် မှားယွင်းကြောင်း ပြောဆိုသည်။

“သူတို့ ထုတ်ပြန်ထားတာလောက်တော့ မဟုတ်ပါဘူး။သူတို့ ထုတ်ပြန်ချက်သည် အဲဒီလောက်ကြီး မဟုတ်ဘူး။ မှားနေတယ်ဆိုတာ ပြန်ပြောတာပါ။ တိုက်ပွဲဖြစ်တာတော့ မှန်တယ်။ ထိခိုက်ဒဏ်ရာ ရရှိတာတော့ မှန်တယ်။ အဲဒီလောက်ကြီး မဟုတ်ဘူး။ကျနော်ပြောပြီးလေ။ မနေ့ကတိုက်ပွဲ ဖြစ်တာ မှန်တယ်။ ဒါပေမယ့် သူတို့ ထုတ်ပြန်သလို မဟုတ်ဘူးလို့ ပြောချင်တယ်။ ရှိတော့ ရှိတယ်။ အရေအတွက် မများဘူူူူး။သူတို့ ထုတ်ပြန်တာ မှားယွင်းနေတယ်လို့ ကျနော် အဲ့လိုပဲ ပြောချင်တယ်” ဟု ဗိုလ်မှူးကြီးဝင်းဇော်ဦးက ဆိုသည်။

နှစ်ဖက်တိုက်ပွဲများကြောင့် မင်းပြားမြို့နယ်ရှိ ဘုန်းကြီးကျောင်းသို့ ကျည်ကျရောက်ပြီး အရပ်သား ၆ ဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိကြောင်း သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts