All News Local News

ဦးသန်းရွှေ သမက် အငြိမ်းစား ဗိုလ်မှူးချုပ်သိန်းနိုင် ကွယ်လွန်မှုအပေါ် ဝမ်းနည်းကြောင်း ဒေါ်အောင်ဆန်းစုကြည်စာပို့

ဦးသန်းရွှေ သမက် အငြိမ်းစား ဗိုလ်မှူးချုပ်သိန်းနိုင် ကွယ်လွန်မှုအပေါ် ဝမ်းနည်းကြောင်း ဒေါ်အောင်ဆန်းစုကြည်စာပို့

ရန်ကုန်၊ ဇွန် ၁၅

အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ သမက်ဖြစ်သူ အငြိမ်းစား ဗိုလ်မှူးချုပ်သိန်းနိုင် ကွယ်လွန်မှု အပေါ် ဝမ်းနည်းရပါကြောင်း ဒေါ်အောင်ဆန်းစုကြည်က စာတစ်စောင် ပေးပို့လိုက်ကြောင်း သိရှိရသည်။

ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ၏ မြေးဖြစ်သူ နေရွှေသွေးအောင်၏ လူမှုကွန်ရက် စာမျက်နှာတွင် ယနေ့ ညနေ ၅ နာရီက ဒေါ်အောင်ဆန်းစုကြည် ပေးပို့သော ဝမ်းနည်းကြောင်း စာလွှာ ဓာတ်ပုံ ရိုက်တင်ထားပြီး ယင်းစာတွင် ဒေါ်အောင်ဆန်းစုကြည်က မိသားစုနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြောင်း၊ ဗိုလ်မှူးချုပ်သိန်းနိုင် ကောင်းရာ သုဂတိလားပါစေကြောင်း ဖော်ပြထားသည်။

“ဆေးရုံမှာ ဗိုလ်မှူးချုပ်သိန်းနိုင်ကို ကြည့်ရန် သွားရောက်စဉ်က Uncle ကို တွေ့ခဲ့ရကြောင်း ဦးမင်းသူ( ပြည်ထောင်စုအစိုးရအဖွဲ့ဝန်ကြီး) ထံမှ သိခဲ့ရပါသည်” ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က စာထဲတွင် ရေးသားထားသည်။

“Uncle နှင့်မိသားစုအားလုံး ကျန်းမာစွာဖြင့် နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလျက်။ ရိုသေလေးစားစွာဖြင့် အောင်ဆန်းစုကြည်” ဟူ စာ၏ အဆုံးတွင် ဖော်ပြထားသည်။

Photo Credit- Nay Shwe Thway Aung Facebook

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts