All News Local News

ဦးဝီရသူ ကရင်ပြည်နယ်တွင် မရှိဟု ဇွဲကပင်တောင်ဆရာတော်နှင့် မဘသဆရာတော်များပြော၊ ရန်ကုန်တွင် တည်းခိုသည့် အိမ် ထုတ်ပြ

ဦးဝီရသူ ကရင်ပြည်နယ်တွင် မရှိဟု ဇွဲကပင်တောင်ဆရာတော်နှင့် မဘသဆရာတော်များပြော၊ ရန်ကုန်တွင် တည်းခိုသည့် အိမ် ထုတ်ပြ

ရန်ကုန်၊ ဇွန် ၁၄

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) ဖြင့် အမှုဖွင့်ခံထားရသော ဦးဝီရသူ ကရင်ပြည်နယ် သို့ ရောက်ရှိလာခြင်းမရှိဟု ကရင်ပြည်နယ် အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ ဦးဆောင်နေသော ဇွဲကပင်တောင်ဆရာတော် ဦးကဝိဓဇက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ မိန့်ကြားသည်။

“မရှိဘူး။ လာလည်း မလာဘူး။ ရောက်လည်း မရောက်ဘူး” ဟု ဇွဲကပင်တောင်ဆရာတော် ဦးကဝိဓဇက မိန့်ကြားသည်။

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဗိုလ်ချုပ်လမ်းရှိ သရက်တောကျောင်းတိုက်ရှိ ကရင်ပြည်နယ် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ မှ ဆရာတော်တစ်ပါးကလည်း ဦးဝီရသူ ကရင်ပြည်နယ် သို့ ရောက်ရှိလာခြင်းမရှိဟု ဆိုသည်။

“ဦးဝီရသူက ရောက်မလာဘူး။ နောက်ပြီး နှစ်ပတ်လည် ပွဲနဲ့ သြဝါခံယူပွဲ လုပ်တယ်ဆိုပြီး အွန်လိုင်းမှာ အရင်ပုံအဟောင်းတွေ ပြန်တင်တာလည်း တွေ့တယ်။ ဒီနှစ်ထဲမှာ ဘာပွဲမှလည်း လုပ်တာမရှိဘူး” ဟု ဆရာတော်က ဆိုသည်။

ဦးဝီရသူကမူ “ဝီရသူ တည်းခိုရာ ခရိုနီအိမ်ကြီး အရှေ့ဒဂုံ၊ ၁၁ ရပ်ကွက်၊ ပန်းဝါ ၃ လမ်းမှာရှိသည်” ဟု ရုရှ လူမှုကွန်ရက် VK တွင် ဗီဒီယိုတင်၍ ထုတ်ပြန်ပြောဆိုခဲ့ပြီး ခရိုနီအထောက်အပံ့ ၊ စပွန်ဆာ မရှိဘဲ နေထိုင်နေကြောင်း ပြောဆိုသွားသည်။

Photo Credit – http://pablolorosa.com

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts