All News Local News

အောင်သပြေကျေးရွာ ပဋိပက္ခ ဖြိုခွင်းမှုတွင် တာဝန်ယူခဲ့ရသူ ပုသိမ်ကြီးမြို့နယ်ရဲတပ်ဖွဲ့မှူး ကိုယ့်ကိုကိုယ် သေနတ်ဖြင့် အဆုံးစီရင်

အောင်သပြေကျေးရွာ ပဋိပက္ခ ဖြိုခွင်းမှုတွင် တာဝန်ယူခဲ့ရသူ ပုသိမ်ကြီးမြို့နယ်ရဲတပ်ဖွဲ့မှူး ကိုယ့်ကိုကိုယ် သေနတ်ဖြင့် အဆုံးစီရင်

ရန်ကုန်၊ ဇွန် ၁၂

အောင်သပြေကျေးရွာ နှင့် Alpha ဘိလပ်မြေစက်ရုံစီမံကိန်းကိစ္စအကြား အငြင်းပွားမှု ရုန်းရင်းဆန်ခတ်မှုများဖြစ်ပွားခဲ့မှုကို ကိုင်တွယ်ခဲ့ရသူ မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်မှ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးညွန့်သည် ယနေ့ နံနက်ပိုင်း သေနတ်ဖြင့် မိမိကိုယ်ကိုယ်အဆုံးစီရင်သွားကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးညွှန့်သန်းသည် ယနေ့မနက်အစောပိုင်းက ၎င်း၏ ဝန်ထမ်းနေအိမ်တွင် မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်ခတ်ပြီး သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း၊ သေဆုံးမှုနှင့်ပတ်သက်၍တိုင်းရဲတပ်ဖွဲ့မှ အရာရှိကြီးတစ်ဦးက လုပ်ငန်းတာဝန်ကြောင့် စိတ်ဖိစီးမှုများပြီး သတ်သေသွားခြင်းဖြစ်သည်ဟု တိုင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရဲမှူးမျိုးညွှန့်သန်းသည် ပုသိမ်ကြီးမြို့နယ်အတွင်း Alpha ဘိလပ်မြေစက်ရုံစီမံကိန်း ကန့်ကွက်ဆန္ဒပြမှု နှင့် ပဋိပက္ခ ကို ကိုယ်တွယ်ရသူဖြစ်ပြီး မကြာသေးမီက အောင်သပြေကျေးရွာမှ ဖမ်းဆီးထိန်းသိမ်းခံရရင်း ကွယ်လွန်ခဲ့သော ဦးထွန်းမြင့်ဝင်းကို ဖမ်းဆီးခဲ့သူလည်းဖြစ်သည်။

ရဲမှူးမျိုးညွှန့်သန်းသည် ပုသိမ်ကြီးမြို့မရဲစခန်းအတွင်းရှိ ရဲလိုင်းခန်းတွင် ပါးစပ်ထဲ သေနတ်ထည့်၍ ပစ်ပြီး အဆုံးစီရင်သွားခြင်းဖြစ်သည်။ ကွယ်လွန်ခဲ့သော ရဲမှူးမျိုးညွှန့်သန်းသည် ဇနီးနှင့်သားသမီး(၂)ဦး ကျန်ရစ်ခဲ့သည်။

ဓာတ်ပုံ- အောင်သပြေကျေးရွာ ပဋိပက္ခကို ကိုင်တွယ်ခဲ့သော ကွယ်လွန်သူ ရဲမှူး။ Photo Credit – MPA

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts