All News Local News

အင်းလျားကန်ဘောင်အနီးတွင် လက်ပစ်ဗုံးပုံစံ မီးခြစ်ကြောင့် ဗုံးလန့်မှုဖြစ်

အင်းလျားကန်ဘောင်အနီးတွင် လက်ပစ်ဗုံးပုံစံ မီးခြစ်ကြောင့် ဗုံးလန့်မှုဖြစ်

ရန်ကုန်၊ ဇွန် ၁၂

ကမာရွတ်မြို့နယ်အပိုင် အင်းလျား ကန်ဘောင်အနီးတွင် လက်ပစ်ဗုံးပုံစံ မီးခြစ်တွေ့ရှိ၍ ဗုံးလန့်မှုတစ်ရပ်ဖြစ်ပွားခဲ့ကြောင်း ကမာရွတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းဟန်က ပြောသည်။

“လက်ပစ်ဗုံးမဟုတ်ဘူး။ လက်ပစ်ဗုံးပုံစံ မီးခြစ်ပါ။ လက်ပစ်ဗုံးမဟုတ်ပါဘူး” ဟု ရဲမှူး သိန်းဟန်က ဆိုသည်။

ယင်းဗုံးလန့်မှုကို သက်ဆိုင်ရာက ရှင်းလင်းဆောင်ရွက်ပြီးနောက် လက်ပစ်ဗုံးပုံစံ မီးခြစ် ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts