All News Local News

“အကြိမ်ကြိမ်အခါခါရှုံးလည်း ယုံကြည်တာတွေမစွန့်လွှတ်လိုက်ပါနဲ့” ဟု ရုံးထုတ်တွင် မိုက်ကယ်ကျော်မြင့်ပြော

“အကြိမ်ကြိမ်အခါခါရှုံးလည်း ယုံကြည်တာတွေမစွန့်လွှတ်လိုက်ပါနဲ့” ဟု ရုံးထုတ်တွင် မိုက်ကယ်ကျော်မြင့်ပြော

ရန်ကုန်၊ ဇွန် ၁၄

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်ရှိ ယောက္ခမနေအိမ်တွင် သွားပုန်းနေစဉ် အဖမ်းခံလိုက်ရသော ဝရမ်းပြေး မိုက်ကယ်ကျော်မြင့် ၏ ပထမဦးဆုံး ရုံးချိန်းကို ယနေ့ တောင်ဒဂုံမြို့နယ် တရားရုံးတွင် ပြုလုပ်ခဲ့သည်။

မိုက်ကယ်ကျော်မြင့်နှင့်အတူ ကိုယ်တိုင်လာရောက်အဖမ်းခံသော သီဟမျိုးနိုင်ကိုပါ တစ်ပါးတည်းရုံးထုတ်ခဲ့သည်။

ရုံးထုတ်အပြန်တွင် မိုက်ကယ်ကျော်မြင့် က “အကြိမ်ကြိမ်အခါခါရှုံးလည်း ယုံကြည်တာတွေမစွန့်လွှတ်လိုက်ပါနဲ့” ဟု ကြွေးကြော်၍ ၎င်းအားဝန်းရံသူများက လက်ခုပ်တီးပြခဲ့ကြသည်။

မိုက်ကယ်ကျော်မြင့်နှင့် သီဟမျိုးနိုင်တို့သည် တောင်ဒဂုံမြို့နယ်တွင် ဘာသာရေးအကြောင်းပြု ဆူပူမှုဖြစ်အောင် လှုံ့ဆောင်သည့်ကိစ္စနှင့်ပတ်သက်၍ တရားစွဲဆို အမှုဖွင့်ခံရပြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တရားရုံးက ရာဇဝတ်ကြီးအမှုအမှတ် (၈၂၆/၂၀၁၉)၊ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) အမှုဖြင့် ဝရမ်းထုတ်ခံခဲ့ရခြင်းဖြစ်သည်။

မိုက်ကယ်ကျော်မြင့် နှင့်အတူ ပါဝင်သူ သီဟမျိုးနိုင်ကိုလည်း အမှုဖွင့်ခဲ့သည်။

၎င်းတို့ ၂ ဦးတွင် တစ်ဦးမှာ ကိုယ်တိုင်လာရောက်အဖမ်းခံခဲ့ပြီး မိုက်ကယ်ကျော်မြင့်မှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ခြင်းဖြစ်သည်။

ဝရမ်းပြေးမိုက်ကယ်ကျော်မြင့်ကို လက်ခံထားမှုဖြင့် သူ့ယောက္ခမဖြစ်သူ ဦးကျော်မောင်မှာလည်း ရာဇသတ်ကြီး ပုဒ်မ ၂၁၆ ဖြင့် အရေးယူခံထားရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts