Election Local News political news

သမ္မတနှင့်အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့ ရာထူးတာဝန် မစွန့်လွှတ်ဘဲ ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးရေးနှင့် မဲဆွယ်ခွင့်ရှိဟု NLD ပြော

သမ္မတနှင့်အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့ ရာထူးတာဝန် မစွန့်လွှတ်ဘဲ ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးရေးနှင့် မဲဆွယ်ခွင့်ရှိဟု NLD ပြော

ရန်ကုန်၊ ဇွန် ၁၁

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၂၀ ရွေးကောက်ပွဲကာလတွင် ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးရေး လုပ်ငန်းများကို ရာထူးတာဝန်စွန့်လွှတ်ရန်မလိုဘဲ လုပ်နိုင်ခွင့်ရှိကြောင်း NLD ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနနှင့် သီးသန့် ဆက်သွယ်မေးမြန်းချက်တွင် ဒေါက်တာမျိုးညွန့်က အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

“ကျနော် ပြောလိုက်တာ နည်းနည်းအချက်အလက်မှားယွင်းနေပါတယ် ။ ကျနော်ကတော့ အခုပြောသလို နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် တို့က သူတို့ရဲ့ မဲဆန္ဒနယ်မှာပဲ မဲဆွယ်ခွင့် ရှိမယ်။ မဲဆန္ဒနယ် အပြင်ဘက်မှာ မဲဆွယ်ဖို့ ဆိုရင် လက်ရှိ တာဝန် တွေ လုပ်နေပါမယ်လို့ ပြောလိုက်တယ်။ ။ သို့သော် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ ၂၀၁၅ ခုနှစ် ၊ ဇူလိုင် ၈ ရက်က ထုတ်ပြန်တဲ့ ကြေညာချက်( အမှတ် ၃၁ /၂၀၁၅ ) မှာ ဒီရာထူး တာဝန်ယူထားတဲ့ ပုဂ္ဂိုလ်တွေဟာ ပါတီ စည်းရုံးရေးကျရင် မဲဆွယ်စည်းရုံးရေးတာဝန်တွေ ထမ်းဆောင်ခွင့်ရှိကြောင်း ပါရှိပါတယ်။ အဲဒီတော့ ကျနော်တို့ ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ချက်ကို အတည်ယူပြီး သူတို့ဟာ မိမိတို့နယ်မြေမှောကာ ၊ မဲဆန္ဒနယ်မြေမှကော မဲဆွယ်ခွင့် ရှိပါလိမ့်မယ်” ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲမတိုင်မီ ဇူလိုင်လ ၈ ရက်နေ့တွင် မဲဆွယ်စည်းရုံးရေးဆိုင်ရာ ကြေညာချက်အမှတ် ၃၁/ ၂၀၁၅ ကို ထုတ်ပြန်ကြေညာခဲ့သည်။

ယင်းကြေညာချက်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၆၊ ပုဒ်မခွဲ(က) ပါ ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များ၊ ပြည်ထောင်စု တရားသူကြီးချုပ် သို့မဟုတ် ပြည်ထောင်စု တရား လွှတ်တော်ချုပ် တရားသူကြီး၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး၊ ဥက္ကဌ သို့မဟုတ် အဖွဲ့ဝင်၊ ပြည်ထောင်စု ရှေ့နေချုပ် သို့မဟုတ် ဒုတိယရှေ့နေ ချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ် သို့မဟုတ် ဒုတိယစာရင်း စစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဌ သို့မဟုတ် အဖွဲ့ဝင်တို့သည် နိုင်ငံသားတစ်ဦးအား ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၈၊ ပုဒ်မခွဲ(က)အရ ပေးအပ်ထားသော ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မဆုံး ရှုံးစေရန် အလို့ငှာ ရွေးကောက်ပွဲကျင်းပ ရန် ပြည်ထောင်စုရွေးကောက် ပွဲ ကော်မရှင်က ကြေညာသည့်နေ့မှစ၍ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၂၀နှင့် ၁၂၁ တို့ပါ ပြဌာန်းချက်များနှင့် ကိုက်ညီ လျှင် ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးရေး လုပ်ငန်းများကို လည်းကောင်း၊ နယ်မြေစည်းရုံးရေး လုပ်ငန်းများကိုလည်းကောင်း ဆောင်ရွက်ခွင့် ရှိကြောင်း ဖော်ပြပါရှိသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com