လက်ရှိ အစိုးရကိုပြိုင်တူ တွန်းမယ် ဟု မိုက်ကယ်ကျော်မြင့်ပြော (ရုပ်/သံ)

လက်ရှိ အစိုးရကိုပြိုင်တူ တွန်းမယ် ဟု မိုက်ကယ်ကျော်မြင့်ပြော (ရုပ်/သံ)
ရန်ကုန်၊ ဇွန် ၂၁
နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ ခ ဖြင့် တရားစွဲခံထားရသော မိုက်ကယ်ကျော်မြင့်နှင့် ကိုသီဟမျိုးနိုင်တို့ကို ယနေ့ တောင်ဒဂုံမြို့နယ်တရားရုံးတွင် ဒုတိယအကြိမ် ရုံးထုတ်ခဲ့ပြီး တရားလို လာရောက်ခြင်းမရှိ၍ ဇွန်လ ၂၈ ရက်နေ့ ရုံးချိန်းပြန်လည် ချိန်းဆိုလိုက်သည်။
ယနေ့ ရုံးချိန်းတွင် မိုက်ကယ်ကျော်မြင့် လက်ရှိအစိုးရကိုပြိုင်တူတွန်းမယ်ဟု ပြောဆိုသွားသည်။
မိုက်ကယ်ကျော်မြင့်
ကျုပ်တို့ပြည်သူတွေမြင်တာက အမျိုးဘာသာ သာသနာကို အရေခြုံလုပ်စားနေတာက လက်ရှိဒီမိုကရေစီ အရေခြုံနိုင်ငံရေးသမားတွေသာဖြစ်တယ်။ ရဟန်းသံဃာတွေမဟုတ်ဘူး။ ကျုပ်တို့ဘာသာ ကျုပ်တို့ သာသနာကို နှိပ်ကွပ်နေတာ လက်ရှိအစိုးရ လက်ရှိ နိုင်ငံရေးလုပ်စားနေတဲ့ အရေခြုံကောင်တွေပဲဖြစ်တယ်။ ဘုန်းကြီးတွေမဟုတ်ဘူး။
ပြည်သူ့ဘုန်းဘုန်း တို့ဘုန်းဘုန်း ဘုန်းဘုန်းချမှလုံးလုံးရတဲ့ ဘုန်းကြီးတွေကိုမြောက်ပေးတယ်။ ဘုန်းကြီးကျောင်းတိုက်တွေကို ထဘီတွေ လိုက်ပို့ပြီးတော့ မထွက်ရဲတဲ့သူသည် ဘုန်းကြီးပုံပြောခဲ့ပြီးတော့ ဘယ်ကောင်တွေလည်း အခုကျတော့မှ ဘုန်းကြီးကို ဆွမ်းတောင်မလောင်းတဲ့ နိုင်ငံရေးမှာ ဝင်ရှုပ်နေတဲ့ဘုန်းကြီး အရေခြုံတွေဆိုတော့ အဲဒီကောင်တွေကိုမှ ကျုပ်တို့တွေက ဖြုတ်မချရင် ဘယ်ကောင်တွေကဖြုတ်ချမှာလဲ ကျုပ်တို့ နွံထဲကျွန်နေသည်၊ ကူ၍တွန်းပေးကျပါ၊ လေးလွန်း၍မတွန်းနိုင်ဘူးလား၊ ပြိုင်တူတွန်းရင်ရွေ့နိုင်ပါသည်၊ ဒီအစိုးရကိုကျုပ်တို့ပြိုင်တူတွန်းမယ်။
ရိုက်ကူး – ချမ်းမြေ့
သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ