All News Local News Peace

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မတရားအသင်းဆက်သွယ်မှုဥပဒေဖြင့် တရားစွဲဆိုထားခံရသူ ၁၄ ဦး ရှိ

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မတရားအသင်းဆက်သွယ်မှုဥပဒေဖြင့် တရားစွဲဆိုထားခံရသူ ၁၄ ဦး ရှိ

ရန်ကုန်၊ဇွန် ၁၀

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွင် မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) တရားရင်ဆိုင်နေရသော အမှုအရေအတွက်မှာ၁၁မှု ရှိပြီး တရားစွဲဆိုခံရသူ ၁၄ဦး ရှိကြောင်း ရှမ်းပြည်နယ်လွှတ်တော် တရားသူကြီးချုပ်၏ ပြောကြားချက်အရ သိရှိရသည်။

အဆိုပါအမှုရင်ဆိုင်ရသောဒေသများမှာ မူဆယ်၊ လားရှိုး၊ ကျောက်မဲ ဒေသများမှဖြစ်သည်ဟု ယနေ့ ကျင်းပပြုလုပ်သော ဒုတိယကြိမ်မြောက် ရှမ်းပြည်နယ်လွှတ်တော် ၁၅ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် တရားသူကြီးချုပ်က ပြောဆိုခြင်းဖြစ်သည်။

မူဆယ်၊ လားရှိုး၊ ကျောက်မဲ မိုးမိတ်ခရိုင်နှင့် ပလောင်၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)၊ ၁၇ (၂) ဖြင့် တရားစွဲဆိုခံထားရသူများစာရင်းကို SNLD (ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်)ပါတီ မှ ဦးစိုင်းထွန်းဉာဏ်ကမေးမြန်းခဲ့ခြင်းဖြစ်သည်။

“ကျနော့်တို့ တိုင်းရင်းသားတွေ အားလုံး ငြိမ်းချမ်းရေးကိုကြိုးစား တည်ဆောက်နေတဲ့ အချိန်ကာလဖြစ်တဲ့အတွက် အေးအတူပူအမျှ တိုင်းရင်သားတွေအားလုံး စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုကို ကြိုးစားတည်ဆောက်တာဖြစ်တဲ့ အတွက် အထက်ပါကိစ္စရပ်များသည် ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်များအတွက် အထူးစိုးရိမ်လှပါတယ်”ဟု ဦးစိုင်းထွန်းဉာဏ်က လွှတ်တော်ပုံမှန်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများတွင် ပုဒ်မ ၁၇(၁)၊ ၁၇ (၂)ဖြင့် တရားစွဲခံထားရသူများ စာရင်းမှာ မူဆယ်တွင် ၁မှု ၊ တရားရင်ဆိုင်နေရသူ ၁ဦး၊ လားရှိုးတွင် ၃မှု၊ တရားရင်ဆိုင်နေရသူ ၅ဦး၊ ကျောက်မဲတွင် ၇မှု တရားရင်ဆိုင်နေရသူ ၈ဦး၊ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကျန်ခရိုင်များနှင့် ပလောင်၊ ကိုးကန့် ဒေသများတွင် တရားစွဲဆိုထားမှုမရှိကြောင်း တရားသူကြီးချုပ်က ဆိုသည်။

လက်နက်ကိုင်ဒေသများတွင် နေထိုင်သော ပြည်သူများအနေဖြင့် အဖွဲ့အစည်းတိုင်းကို ဆက်ဆံနေရပြီး မလွန်ဆန်နိုင်သည့်အတွက် ဆက်ဆံနေရသည်ကိုလေ့လာတွေ့ ရှိထားသည်ဟု ဦးစိုင်းထွန်းဉာဏ်ကဆက်လက်ပြောဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAA ကိုးကန့် တပ်ဖွဲ့၊ TNLA ပလာင်တပ်ဖွဲ့ ၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တို့ကြားတွင်လည်းကောင်း၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြားတွင်လည်းကောင်း တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com