All News Local News Peace

ရန်ကုန်တွင် ကချင်စစ်ပွဲ ၈နှစ်ပြည့် ဆန္ဒထုတ်ဖော်ပွဲ ဦးဆောင်သူ ၅ဦး ကို ပုဒ်မ၁၉ဖြင့် အမှုဖွင့်

ရန်ကုန်တွင် ကချင်စစ်ပွဲ ၈နှစ်ပြည့် ဆန္ဒထုတ်ဖော်ပွဲ ဦးဆောင်သူ ၅ဦး ကို ပုဒ်မ၁၉ဖြင့် အမှုဖွင့်

ရန်ကုန်၊ ဇွန် ၁၂

ရန်ကုန်မြို့တွင် ကချင်စစ်ပွဲ ၈နှစ်ပြည့်အဖြစ် ဇွန်လ ၈ရက်နေ့က စစ်ပွဲများရပ်တန့်ရန်အတွက် လူငယ်များဦးဆောင်ကာ ရန်ကုန်မြို့ဗိုလ်ချုပ်ဈေးရှေ့မှ ဆူးလေဘုရားလမ်းနှင့် အနော်ရထာလမ်းဆုံ (ဆူးလေလူကူးခုံးကျော်တံတား)တွင် ဆန္ဒဖော်ထုတ်ခဲ့ကြပြီး ဆန္ဒမှုတွင် ဦးဆောင်သူ ၅ ဦးကို ငြိမ်းစုစီ ဥပဒေ ပုဒ်မ ၁၉ဖြင့် ပန်းဘဲတန်းမြို့နယ်ရဲစခန်းက အမှုဖွင့်လိုက်ကြောင်း သိရှိရသည်။

ယနေ့ ဇွန်လ ၁၂ရက်နေ့တွင် ပန်းပဲတန်းမြို့နယ်ရဲစခန်းမှ ငြိမ်း၊စု၊စီ ပုဒ်မ ၁၉ဖြင့် အမှုဖွင့်ထားသော အကြောင်းကြားစာရောက်ရှိလာသည်ဟု အမှုဖွင့်ခံထားရသော ကိုဇေလင်းမွန်က ဆိုသည်။

“ရဲစခန်းကအမှုဖွင့်ထားတယ်လို့ အကြောင်းကြားစာ ဒီနေ့ရတယ်။ ရဲစခန်းကို အမှုကိစ္စနဲ့ သွားရောက်တွေ့ဆုံဖို့ အခု တိုင်ပင်နေတယ်” ဟု ကိုဇေလင်းမွန်ကပြောဆိုသည်။

အဆိုပါ အမှုဖွင့် တရားစွဲဆိုခံထားရသူ ၅ဦးမှာ ကိုဇေလင်းမွန်၊ မအိသင်ဇာမော်၊ မျူဆော့၊ မအက်ဆာ၊ မဒါလီမြင့် တို့ဖြစ်သည်ဟု တရားစွဲဆိုခံထားရသူများကဆိုသည်။

ထို့ပြင် ကချင်စစ်ဘေးရှောင် ၈နှစ်ပြည့် အဖြစ် ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် Street performance ကပြရာတွင်ဦးဆောင်ခဲ့သော ကို ပေါလူ နှင့် မဆိုင်းနူးပန် တို့လည်း မြစ်ကြီးနားမြို့နယ်ရဲစခန်းက ငြိမ်း၊စု၊စီ ပုဒ်မ၁၉ ဖြစ် အရေးခံထားရသည်။

ကချင်ပြည်နယ်အတွင်းရှိ စစ်ပွဲများသည် နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၁ ခုနှစ်မှကာ တကြော့ပြန် တပ်မတော်နှင့် KIA (ကချင်လွတ်မြောက်ရေး တပ်မတော်)တို့ကြားဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၈နှစ်ကြာခဲ့ပြီဖြစ်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com