All News

မြန်မာနိုင်ငံတွင် A(H1 N1 ) ရာသီပေါ်တုပ်ကွေးရောဂါဖြင့် သေဆုံးသူ ၅ဦး၊ လသားအရွယ် ကလေးငယ်ပါ သေဆုံးသူများတွင်ပါဝင်

ရန်ကုန်၊ ဇွန် ၂ဝ

ရာသီတုတ်ကွေးရောဂါ H1 N1ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၅ ဦးထိတိုးလာပြီ ဖြစ်သည်ဟု ယနေ့ ဇွန်လ ၂ဝရက်တွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာနက ပြုလုပ်တဲ့ အသိပေးရှင်းလင်းပွဲတွင် ကျန်းမာရေးဝန်ကြီးက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဇွန်လအတွင်း H1 N1 ရောဂါ ခံစားနေရသူ ၁ဝ ဦးထိရှိပြီး သေဆုံးသူ ဦး ၅ကာ ရန်ကုန်တိုင်းက ၄ ဦး၊ စစ်ကိုင်းတိုင်းမှ ၆ လအရွယ် ကလေးငယ် ၁ဦးတို့ဖြစ်သည်ဟု ဆိုသည်။

“လိုအပ်တဲ့ဆေးဝါး တွေ၊ အသက်ရှုလမ်းကြောင်းနဲ့ ပတ်သက်တဲ့ လုပ်ငန်း တွေကိုလည်း ကျွန်မတို့ ပြင်ဆင်ထားရှိပါတယ်။ ပြည်သူ လူထုအနေနဲ့လည်း ထိတ်လန့်ကြောက်ရွံ့တာတွေ မဖြစ်ဖို့တော့ လိုပါတယ်” ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကုသ ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ သီတာလှ ကရှင်းလင်းပွဲတွင်ပြောဆိုသည်။

လက်ရှိရန်ကုန်တိုင်းတွင် သံသယ ဖြစ်သူ ၂၀ ဦးရှိပြီး ၁၃ ဦးတွင် ရောဂါကင်းစင်ကြောင်း၊ ၇ ဦး တွင် ရောဂါပိုး တွေ့ရှိရပြီး ၄ ဦးမှာ သေဆုံးသွားကြောင်း ဇွန်လ ၁၉ရက်က ရန်ကုန်တိုင်းကျန်းမာရေး ဦးစီးဌာနမှ ပြုလုပ်တဲ့ရှင်းလင်းပွဲအရသိရသည်။

၂၀၁၇ ခုနှစ်က မြန်မာ တစ်နိုင်ငံလုံးအရ H1 N1 ရာသီပေါ်တုတ်ကွေးဗိုင်းရပ်ပိုး မသင်္ကာ တွေရှိခဲ့သူဦးရေ ၁ဝဝဝ ကျော်ရှိခဲ့ပြီး ရောဂါပိုးကူးစပ်ခံရသူဦးရေ ၆ဝဝ ကျော်ရှိခဲ့ကာ သေဆုံး သူဦးရေ ၃ဝ ကျော်ထိ ရှိခဲ့သည်ဟု ကျန်းမာရေး ဝန်ကြီးဌာန စာရင်းထုတ်ပြန်ချက် တွေအရ သိရပါ တယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com