Business interview political news

မီတာခမြင့်တက်မှု လုပ်ငန်းရှင်အများစု ထောက်ခံသော်လည်း စီးပွားရေးကျပ်တည်းလာမည်ဟုဆို

မီတာခမြင့်တက်မှု လုပ်ငန်းရှင်အများစု ထောက်ခံသော်လည်း စီးပွားရေးကျပ်တည်းလာမည်ဟုဆို

By မိုးယံခ/ရန်ကုန်ခေတ်သစ်

လာမည့် ဇူလိုင်လ ၁ ရက်နေ့မှစတင်၍ အစိုးရက လျှပ်စစ်မီးမီတာခများကို တရားဝင် မြှင့်တင် ကောက်ခံလိုက်ပြီဖြစ်ရာ လုပ်ငန်းရှင်အများစုက မီတာခ မြင့်တက်ခြင်းကို ထောက်ခံကြသော်လည်း မီးမှန်ရေးနှင့် ဝန်ဆောင်မှု ကောင်းမွန်လာရန် တောင်းဆိုနေကြသည်။ ထို့ပြင် စီးပွားရေးအရ ကျပ်တည်းလာမည်ကို စိုးရိမ်နေကြသည်။ ရန်ကုန်ခေတ်သစ်က ရန်ကုန်မြို့မှ နာမည်ကျော် စီးပွားရေး လုပ်ငန်းရှင်များကို ဆက်သွယ်မေးမြန်းထားပါသည်။

ဦးမြင့်စိုး
ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း

မီတာခ တက်တာ ဥပမာပြောရရင် တစ်နှစ်လုံး ယူနစ်တစ်ရာသုံးတယ်။ ယူနစ်တစ်ရာသုံးတဲ့အခါမှာ မနှစ်က ယူနစ်တစ်ရာသုံးတယ် ဒီဇယ်နဲ့လည်း သုံးရတဲ့အတွက် ဒီဇယ်ဖိုးလည်းပါတယ်။ ဒီနှစ်ကျတော့ ယူနစ်တစ်ရာပဲသုံးတယ်။ ဒီဇယ်ဖိုးမရှိဘူး။ ဒါပေမယ့် မီတာခယူနစ်တစ်ရာက မနှစ်ကလို မဟုတ်တော့ဘူးတက်သွားပြီ အဲဒီခုနက ဒီဇယ်ဖိုးမရှိတဲ့အတွက် နှုတ်ချလိုက်ရင် မီတာတက်တာဟာ ဒီဇယ်ဖိုးကိုမမှီဘူး။ ဒီဇယ်ဖိုးကုန်ကျစရိတ်လောက်ကုန်ကျစရိတ်မရှိဘူး။ အဲလိုဖြစ်တဲ့အခါကျတော့ မီတာဈေးတက်တယ် တက် မီးအားကောင်းမယ်။ မီးရဲ့ အရည်အသွေးကောင်းလာမယ်ဆိုရင် မီးစက်ကို မနှိုးရဘူးဆိုရင် တို့အနေနဲ့က ပိုတောင်ကြိုက်သေးတယ်။ အသေးစား၊ အလတ်စားတွေအနေနဲ့ မီး အရည်အသွေးကောင်းရင် မထိခိုက်နိုင်ဘူး။

မီးပျက်လိုက်၊ လာလိုက်ဆိုရင် တီဗီကြည့်တာတောင် စိတ်မရှည်ဘူး။ SME အလုပ်လုပ်ပြီဆိုရင်လည်း မီးပျက်လို့ မီးစက်ထနှိုးရတဲ့အချိန်က ငုတ်တုတ်ကြီးထိုင်နေရတာလေ လူတစ်ယောက်က နားလိုက်ပြင်လိုက်ဆိုရင်အရှိန်မရဘူး။ မာရသွန်လိုပေါ့။ တောက်လျောက်လုပ်မယ့်အလုပ်က စဉ်ဆက်မပြတ်လုပ်ရမှ။ာ လာလိုက်၊ ပျက်လိုက်ဆိုရင် လူတွေကလည်း အလုပ်လုပ်ရတာ မကောင်းတော့ဘူး။ စက်ပစ္စည်းတွေကလည်း ရပ်လိုက်ပြန်လည်လိုက်နဲ့ အဲတာလည်း မကောင်းဘူး။ ပြောချင်တာက မီပျက်တာမကောင်းဘူး။ မီတာခတက်တာကတော့ တက်တဲ့အတွက်မကောင်းဘူးလို့ပြောမယ်။ ဒါပေမယ့် မီးမပျက်ဘူးဆိုရင် မီတာခတက်တဲ့ဟာက တို့အတွက်ပိုပြီးတော့အဆင်ပြေတယ်။ မီးပျက်တာထပ် စာရင်ပေါ။

ဦးမျိုးမြင့်
Chairman& CEO (M.K.T) Construction Co., LTD

မီတာခကတော့ တက်သင့်ပါတယ်။ သို့သော်လည်း ကျွန်တော့်အမြင်ကတော့ တဖြည်းဖြည်း တက်သင့်တာပေါ့။ ဗြုန်းတိုင်းကြီး အဆအများကြီး တိုးပြီးတက်မယ့်အစားကို ဒီလောက်ကို နောက်တစ်နှစ်မှာတက်မယ်။ နောက်တစ်နှစ်မှာတက်မယ်။ ပြီးတော့ ၂၅ ရာခိုင်နှုန်းတက်မယ် စသဖြင့် ဒီလိုမျိုးတော့ဖြစ်စေချင်တာပေါ့။

မီတာခတက်မှ ရတဲ့ပိုက်ဆံနဲ့ နောက်တပ် မီးရနိုင်တဲ့ အရင်းအမြစ်တွေကို နိုင်ငံတော်က ဖြည့်ဆည်းပေးနိုင်တဲ့အတွက် ဒါကိုတက်တာကိုတော့ မပြောလိုပါဘူး။ နောက်ထပ် အများကြီးလည်း မတက်စေချင်ဘူး။ နောက်တစ်ခု အခြေအနေ အခြေအခါကောင်း ဟုတ်မဟုတ်ပေါ့။ အခုအခြေအနေမှာ ရွေးကောက်ပွဲ နီးပြီး နောက်တစ်ခုက လူတွေကလည်း စီးပွားရေးကျပ်တည်းတဲ့အတွက် ဒါကြောင့်မို့ ဒီဟာကို အများကြီးထပ်တာထပ်စာရင် နည်းနည်းချင်းတက်တာ အခြေအနေ အခြေအခါအရ အဲလိုမျိုးတော့ယူဆပါတယ်။

စီးပွားရေးကောင်းတဲ့အခြေအနေဆိုရင်တော့ အကြောင်းမဟုတ်ဘူးပေါ့။ မီတာခတက်လို့ ကုန်ဈေးနှုန်းတွေတက်နိုင်တယ်။ ဒီပြဿနာလေးတစ်ခုတော့ရှိနိုင်တယ်။ နောက်တစ်ခုကတော့ အသေးစားလုပ်ငန်းတွေအတွက် ထိခိုက်မှုတစ်ခုလည်းဖြစ်နိုင်တယ်။ နောက်ပြီးတော့ နိုင်ငံတော်အနေနဲ့က ပြည်သူတွေကိုအခွန်ကောက်ပြီးတော့ ကျန်တဲ့ပြည်သူတွေလိုအပ်တဲ့ဟာကိုနိုင်ငံတော်က ထိုက်သင့်တဲ့အလျေက်ပံ့ပိုးပေးရတာပေါ့။ နိုင်ငံတော်က ရှုံးတယ်ဆိုပေမယ့် တကယ်တမ်းနိုင်ငံတော် ရှုံးတာမဟုတ်ဘဲနဲ့ ပြည်သူတွေကသာ အခွန်ပေးဆောင်ရတဲ့ငွေနဲ့ ပြန်လုပ်ပေးတာဖြစ်တဲ့အတွက် လတ်တလောမှာ နည်းနည်းပါးပါး နိုင်ငံတော်ကစိုက် ပြည်သူကလည်း နည်းနည်းတိုးစိုက် နောက်ခြောက်လမှ ပြည်သူကစိုက် နောက် ခြောက်လခြောက်လ မြှင့်တင်သွားရင်တော့ သုံးလ ခြောက်လ တစ်နှစ်ပေါ့လေ တဖြေးဖြေးချင်း ဘယ်လောက်ထိတက်သွားမယ်။ ဘယ်တော့လောက်ဆိုတာမျိုးနဲ့ မြှင့်ပေးလိုက်ရင်ပိုကောင်းမယ်မြင်ပါတယ်။

ဒေါက်တာမြတ်သူ
အုပ်ချုပ်မှု ဒါရိုက်တာ၊ အာရှတော်ဝင်အထူးကုဆေးရုံကြီး

နိုင်ငံတော် ၅ဝဝ ဘီလီယံလောက် အဆုံးရှုံးခံပြီး၊ လုပ်နေတဲ့ဟာ တက်တာကတော့ တကယ်တမ်းများများသုံးတဲ့သူ များများပေးရမှာပေါ့။ ကျွန်တော်တို့လုပ်ငန်းရှင်တွေ များများသုံး များများပေးပေါ့။ နည်းနည်းသုံးရင်နည်းနည်းပေးပေါ့။ ဒါမှလည်းချွေတာမှာပေါ့။ ၅ဝဝ ဘီလီယံ အမြဲတမ်းဆုံးရှုံးနေတဲ့ဟာကြီးကို အများဆုံးသုံးတဲ့ရန်ကုန်တိုင်းအတွက်တော့ ရန်ကုန်တိုင်းကလူတွေက မကျေနပ်ဘူးပေါ့ဗျာ။ သူတို့ခံရတာကို တကယ်စဉ်းစားကြည့်တော့ မသုံးရဘဲ ခံနေရတဲ့ ဘဏ္ဍာငွေဆုံးရှုံးတဲ့သူက ရန်ကုန်က ကျွန်တော်တို့ တစ်နိုင်ငံရဲ့တစ်ဝက်လောက်သုံးတာကို ကျွန်တော့် အမြင်ကတော့ ဒီဟာတော့တက်သင့်တယ်မြင်တယ်လေ။ အမှန်က ကျွန်တော်တို့ အာရှတော်ဝင် ဆိုရင်လည်း ယူနစ်လေးသိန်းကျော်လောက်ထိသုံးတယ်။ ကျွန်တော်တို့က အခန်းခတွေတော့ ဘာမှမတက်ပါဘူး။ မီတာခတက်လို့ လူနာပေါ်မှာ ဝင်ဆောင်မှုတွေပိုယူမှာလည်း မဟုတ်ဘူးလေ။ ကျွန်တော်တို့ကတော့ လုပ်သင့်လုပ်ထိုက်တဲ့အလုပ်ကို လုပ်တယ်လို့ပဲမြင်ပါတယ်။

ဒေါက်တာ စိုးထွန်း
Farmer Auto Car Sale Center

မီတာခ ဈေးမြှင့်တာကတော့ လူတော်တော်များများက မကြိုက်ကျဘူးပေါ့ဗျာ။ တစ်ဖက်မှာကလည်း အစိုးရက ရှုံးလို့ဈေးတင်တယ်ပေါ့ဗျာ။ ဒါပေမယ့် ကျွန်တော်တို့ ဝင်ငွေက တက်မလာတဲ့အခါကျတော့တစ်ခုရှိတာပေါ့။ မီတာခကတော့ နိုင်ငံတကာနဲ့ တွက်ရင်တော့ နည်းတာပေါ့။ တစ်ဖက်မှာလည်း ကျွန်တော်တို့ဝင်ငွေတွေက နည်းတဲ့အပိုင်းတွေရှိတယ်။ အသေးစားအလတ်စား လုပ်ငန်းလေးတွေတော့ ထိခိုက်နိုင်တာတွေရှိတာပေါ့။ အဲတော့ လုပ်ကကိုင်ရတာ ပိုကျပ်လာတဲ့သဘောရှိတာပေါ့။ လောလောဆယ်တော့ မီတာခတက်တော့ ကုန်ဈေးနှုန်းကတော့တက်မှာပေါ့။ သူတို့ဘက်က မီးမှန်မလား မီးအားတည်ငြိမ်မှုရှိမလား ဝန်ဆောင်မှုကိုကောင်းအောင်လုပ်ပေးဖို့လိုတယ်။ ကျွန်တော်တို့ပြည်သူတွေအတွက် စီးပွားရေးကောင်းအောင်ဆောင်ရွက်ပေးဖို့တော့လိုတာပေါ့။ ဒါမှမီတာခ တက်တာကို ကာမိမှာ။ မဟုတ်ရင်တော့ စီးပွားရေးပိုပြီးတော့ ကျပ်တည်းလာနိုင်တယ်။

ဒေါက်တာ မောင်မောင်လေး
ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)

မီတာခတွေ ဈေးတက်သွားတာကတော့ အမှန်တကယ် ဒါကိုလုပ်သင့်နေတာကြာပြီပေါ့။ အဓိကကတော့ မီတာခဈေးတက်တာထပ်ကို လူထုက မတတ်နိုင်တာလေးတွေကရှိတဲ့အတွက် ပြောကျဆိုကျတာပေါ့နော်။ အဓိကကတော့ မီတာခက အရင်းကပဲများနေတော့ နိုင်ငံတိုင်းနိုင်ငံတိုင်းမှာ အစိုးရက Subsidize တာ သိပ်မရှိတော့ပါဘူး။ Subsidize တာတွေများလာတော့ အစိုးရကလည်းရှေ့ဆက်ပြီး မတိုးဘဲနဲ့ ဒီဟာကို ထပ်မထည့် ရဲတော့ဘူးလေ တကယ်လို့ ထပ်ပြီးတော့ investment ထပ်လုပ်ရင် ထပ်ပြီးတော့ Subsidize နေရမှာစိုးလို့ မလုပ်တော့ မုန့်လုံးစက္ကူကပ်နေတာပေါ့။

ဒါကဖြစ်သင့်နေတာကြာပြီ လုပ်သင့်နေတာတော့ကြာပြီ ဒါကိုလည်း အထိုက်အလျောက်ရှိတဲ့သူကလည်းရှိသလို မရှိတဲ့သူကလည်းမရှိသလိုနဲ့ ကောင်းတဲ့သူပေါ်မူတည်ပြီးတော့ အထိုက်အလျောက် အခုလိုဖြည်းဖြည်းလေးနဲ့ သွားတာတော့ မှန်တယ်လို့တော့ ယူဆတာပေါ့။ အန်ကယ်တို့တောက်လျောက် နိုင်ငံတကာမှာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ ပြောတာ မီးမရှိဘဲ ဖယောက်တိုင်းနဲ့ Manufacture မှမလုပ်နိုင်တာ။ ဘာမှမလုပ်နိုင်ဘူး။ မြန်မာနိုင်ငံက အလားအလာသိပ်ကောင်းပြီးတော့ အဓိကဖြစ်နေတာ မီးမရှိလို့ဘယ်သူမှမလာတာ။

Photo Credit – DVB Debate , Facebook , UMFCCI

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com