All News Crime Local News

မိုင်းယန်းမြို့ပို့ဆောင်မည့်် ပွိုင့် – 5 စက်သေနတ်ကျည် ၄၀၀ ခန့်ကို တာချီလိတ်တွင်ဖမ်းမိ

တာချီလိတ်၊ ဇွန် ၂၀ (သတင်းတမန်)

ထိုင်းနိုင်ငံ မယ်ဆိုင်ချောင်းအနီးမှတင်ဆောင်လာပြီး မိုင်းယန်းမြို့သို့ပို့ မည့် ပွိုင့်-5 စက်သေနတ်ကျည်ဆံ ၃၉၇ တောင့်ကို တာချီလိတ်တွင် ယနေ့ နေ့လည်းကဖမ်းဆီးရမိလိုက်ကြောင်း သိရသည်။

တာချီလိတ်မြို့ မယ်ယန်းစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

တာချီလိတ်ဘက်မှ မိုင်းယန်မြို့သို့ထွက်ခွာလာသည့် ဦးဆမ်ပျန်း ဆိုသူမောင်းနှင်သော ပရိုဘောက်ယဉ်ကို စစ်ဆေးရာ အဆိုပါ စက်သေနတ်ကျည်ဆံမျာုးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲကဆိုသည်။

အဆိုပါ ကျည်ဆံများကို ထိုင်းနိုင်ငံ မယ်ဆိုင်ချောင်းအနီးနားမှတင်ဆောင်လာခြင်းဖြစ်ပြီး မိုင်းယန်းမြို့ အိုက်ပျင်ရွာသို့ပို့ဆောင်မည်ဟု ယဉ်မောင်း ဦးဆမ်ပျန်းက ထွက်ဆိုကြောင်း သိရသည်။

လက်ရှိတွင် ယာဉ်မောင်းဦးဆမ်းပျန်း နှင့် သက်သေခံပစ္စည်းကျည်ဆံများကို တာချီလိတ်(စစ်ဗျူဟာ) က ခေါ်ဆောင်သွားပြီး စစ်ဆေးပြီးပါက ဥပဒေနှင့်အညီအရေးယူနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Photo- တာချီလိတ်ရဲတပ်ဖွဲ့

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com