Local News political news

မဘသ အမည်ပြောင်း ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းသို့ တပ်မတော် သိန်း ၃၀၀ လှူဒါန်းမှု “ပြည်သူတွေ သိပါတယ်” ဟု NLD ပြော

ရန်ကုန်၊ ဇွန်

မဘသ အမည်ပြောင်း ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းသို့ ရန်ကုန်တိုင်းစစ်ဌာနချုပ်က သိန်း ၃၀၀ လှူဒါန်းမှု အပေါ်” ပြည်သူတွေ သိပါတယ်” ဟု လက်ရှိ အာဏာရ NLD ပါတီ၏ ပြော ခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်က ပြောဆိုလိုက်သည်။

ရန်ကုန်ခေတ်သစ်နှင့် သီးသန့် တွေ့ဆုံမေးမြန်းခန်းတွင် ဒေါက်တာမျိုးညွန့်က ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

“မှတ်ချက်မပေးပါဘူး။ ပြည်သူတွေသိပါတယ်။ ဖြစ်ပေါ်လာမယ့် အခေအြနေအပေါ် မူတည်ပြီး အကြောင်းအရာအလိုက် တုံ့ပြန်ဖို့က လိုအပ်ချက်ပါ။ ဒါက သမ္မတကြီးကိုယ်တိုင် သတိပေးထားပြီးသားဖြစ်ပါတယ်။ အဲဒီတော့ ဒီလိုဖြစ်နိုင်တယ်ဆိုတာ ပြည်သူတွေကလည်း သိပါတယ်။ ပြည်သူတွေက အင်မတန်ကို လေးစားပါတယ်။ သူတို့ဟာ နိုင်ငံရေး ရေချိန်မြင့်တယ်။ ဘာကဖြင့် စေတာနဲ့ လုပ်တယ်။ ဘာက ဖြင့် ရည်ရွယ်ချက်တစ်ခုနဲ့လုပ်တယ်ဆိုတာ သူတို့ ကောင်းကောင်း ဆုံးဖြတ်နိုင်ပါတယ်။ ပြည်သူနဲ့ အမြဲထိတွေ့ နေခြင်းအားဖြင့် ပြည်သူရဲ့ တုံ့ပြန်မှုကို သိနေပြီးတော့ ဘာလုပ်သင့်တယ်ဆိုတာ အချိန်နဲ့ တပြေးညီ လုပ်သွားနိုင်မှာဖြစ်ပါတယ်” ဟု ဒေါက်တာမျိုးညွှန့်က ပြောသည်။

တပ်မတော်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကမူ သံဃာတော်များနှင့်ဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်ခြင်းနှင့် ရည်ရွယ်ချက်များကြောင့် တပ်မတော်က သိန်း ၃၀၀ လှူဒါန်းခြင်းဖြစ်သည်ဟု မီဒီယာများသို့ ထုတ်ဖော်ပြောဆိုထားသည်။
“ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်း ဆိုတာဟာလည်း သံဃာတော်တွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဖြစ်လို့ အခုဆုံတဲ့အချိန်မှာ ကျနော်တို့ ရန်ကုန်တိုင်းစစ်ဌာနချုပ် အနေနဲ့ သွားရောက်လှူဒါန်းတာမျိုးပဲ ဖြစ်ပါတယ်။ သွားရောက်လှူဒါန်းတဲ့ အတွက်လည်း ဘာတွေများ ထိခိုက်သွားလို့လဲ။ ကျနော်တို့သွားလှူတာသည် ခုနကပြောသလို သံဃာ့အဖွဲ့အစည်း ဖြစ်တယ်၊ အမျိုးဘာသာသာသနာနဲ့ ပတ်သက်ပြီး ဆောင်ရွက်နေတဲ့အဖွဲ့ ဖြစ်တဲ့အတွက် သွားလှူတာ ဖြစ်တယ်။ ဗုဒ္ဓဓပရဟိတ ဖောင်ဒေးရှင်းရဲ့ ရည်ရွယ်ချက်တွေလည်း ပြောထားပြီးသား ဖြစ်တယ်။ သူတို့ရည်ရွယ်ချက်တွေ အပေါ်မှာ ကျနော်တို့ လှူဒါန်းတာဖြစ်တယ်” ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက RFA သတင်းဌာနသို့ ဇွန်လ ၁၈ ရက်နေ့က ပြောဆိုထားသည် ။

လတ်တလော တပ်မတော်၏ သိန်း ၃၀၀ လှူဒါန်းမှုသည် မဘသ အဖွဲ့၏ နောက် ကွယ်တွင် တပ်မတော်ရှိနေကြောင်း ပေါ် ပေါ် တင်တင် ရပ်တည်ပြခြင်းဖြစ်သည်ဟု နိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ်ပြောဆိုသည်။

Photo Credit – MPA

www.khitthitnews.com

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts