Local News political news

ဗိုလ်မှူးချုပ်သိန်းနိုင်(ငြိမ်း) အသုဘ ဦးသန်းရွှေနှင့် မိသားစု လိုက်ပါ ပို့ဆောင်

ရန်ကုန်၊ ဇွန် ၁၅

အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ သားသမက် ဗိုလ်မှူးချုပ်ဟောင်း ဦးသိန်းနိုင်၏ အသုဘကို ယနေ့ နေပြည်တော်ရှိ ကွေ့ကြီး သုသာန်တွင် မွန်းလွဲ ၁ နာရီက ပြုလုပ်ခဲ့ပြီး ဦးသန်းရွှေနှင့် မိသားစု စုံလင်စွာ လိုက်ပါပို့ဆောင်ကြောင်း လူမှုကွန်ရက်တွင် ပျံ့နှံ့လာသော ဓာတ်ပုံမှတ်တမ်း တချို့က ဖော်ပြသည်။

ဦးသန်းရွှေ၏ သမီးဖြစ်သူ ဒေါ်ခင်ပြုံးရွှေ ခင်ပွန်း ဗိုလ်မှူးချုပ်ဟောင်း ဦးသိန်းနိုင်သည် ဇွန်လ ၁၃ ရက်နေ့ က အစာအိမ်သွေးကြောပေါက်၍ ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၆၃ နှစ် ရှိနေပြီဖြစ်သည်။

နေပြည်တော် စစ်တပ်အသိုင်းအဝိုင်းကမူ ယနေ့ ဗိုလ်မှူးချုပ်ဟောင်း ဦးသိန်းနိုင်၏ အသုဘသို့ လက်ရှိ တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်များအားလုံး အရပ်ဝတ်ဖြင့်ပင် တက်ရောက်ခဲ့ကြောင်း၊ ယခင်စစ်အစိုးရလက်ထက် ဗိုလ်ချုပ်ဟောင်းများလည်း တက်ရောက်ခဲ့ကြောင်း ပြောဆိုသည်။

Photo credit

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com