All News Crime

ဖမ်းဝရမ်းထုတ်ခံထားရသည့် မိုက်ကယ်ကျော်မြင့် မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ်တွင် ဖမ်းဆီးရမိ

ရန်ကုန်၊ ဇွန် ၁ဝ

ဖမ်းဝရမ်းဖြင့် ထွက်ပြေးတိမ်းရှောင်လျက်ရှိသော မိုက်ကယ်ကျော်မြင့်ကို မန္တလေးတိုင်း၊ မိတ္တီလာခရိုင်၊ ဝမ်းတွင်းမြို့တွင် ယနေ့ ဇွန်လ ၁ဝရက်နေ့တွင် ဖမ်းဆီးရမိကြောင်း ဝမ်းတွင်းမြို့မရဲစခန်းမှ အတည်ပြုပြောကြားသည်။

တောင်ဒဂုံမြို့နယ်အတွင်း အစ္စလမ်ဘာသာရေး ဝတ်ပြုဆုတောင်းဆောင်များ ပိတ်သိမ်းရန် ဖိအားပေး ဦးဆောင်ခဲ့သူ ဦးသီဟမျိုးနိုင်သည် ဇွန်လ ၆ရက်နေ့ တွင် တောင်ဒဂုံမြို.နယ် တရားရုံးသို့ သွားရောက်အမှုရင်ဆိုင်ခဲ့ပြီး မိုက်ကယ်ကျော်မြင့်က ထွက်ပြေးတိမ်းရှောင်နေခြင်းဖြစ်သည်။

“ဖမ်းဆီးရမိတာဟုတ်ပါတယ်။ ဒီနေ့သတင်းရရချင်း ကျွန်တော်တို့ သွားရောက်ဖမ်းဆီးခဲ့တာပါ”ဟု ဝမ်းတွင်းမြို့မရဲစခန်းမှ တာဝန်ကျရဲမှူးတစ်ယောက်ကဆိုသည်။

လက်ရှိချိန်တွင် မိုက်ကယ်ကျော်မြင့်ကို မိတ္တီလာရဲစခန်းသို့ ခေါ်သွားပါတယ်။ လုပ်ထုံးလုပ်နည်းများနှင့် အညီဆက်လက်လုပ်ဆောင်သွားမည်ဟု၎င်းကဆိုသည်။

မိုက်ကယ်ကျော်မြင့်နှင့် သီဟမျိုးနိုင်(နိုင်ဒဂုံ)တို့ တို့ကို တောင်ဒဂုံ ဆူပူမှုကိစ္စနှင့်ပတ်သက်ပြီး တောင်ဒဂုံမြို့နယ် အုပ်ချုပ်ရေးမှူးက ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲခဲ့ခြင်းဖြစ်သည်။

photo Credit-ရဲဇာနည်

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts