All News Local News

တာချီလိတ်ရှိ သတ္တုကုမ္ပဏီမှ လက်နက်၊ မူးယစ်ဆေးနှင့် ဆေးပြားရိုက်စက်များ ဖမ်းဆီးရမိ

တာချီလိတ်ရှိ သတ္တုကုမ္ပဏီမှ လက်နက်၊ မူးယစ်ဆေးနှင့် ဆေးပြားရိုက်စက်များ ဖမ်းဆီးရမိ

ရန်ကုန်၊ ဇွန် ၂၄

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့တွင်ရှိသည့် နေအိမ်တစ်လုံးအတွင်းမှ မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းများဖမ်းဆီးရမိပြီး ဆက်စပ်နေသည့် သတ္တုတွင်း တူးဖော်ရေးကုမ္ပဏီဝင်းတစ်ခုအတွင်းမှ စိတ်ကြွဆေးပြားရိုက်စက်အပါအဝင် လက်နက်ခဲယမ်းကျည်ဆံများ ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

ဇွန် ၂၂ ရက်နေ့က တာချီလိတ်မြို့ မယ်ယန်းစစ်ဆေးရေးဂိတ်တွင် ကျည်ဆံများမျိုးစုံ အတောင့် ၆၀၀ ကျော်နှင့်အတူဖမ်းဆီးရမိခဲ့သည့် ထိုင်းနိုင်ငံသားကို စစ်ဆေးရာမှ အဆိုပါ ကွင်းဆက်နှင့် သတ္တုတူးဖော်ရေးကုမ္ပဏီဝင်းအတွင်းရှိလက်နက်ခဲယမ်း မူးယစ်ဆေးဝါးများကို ဆက်စပ်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့ ဆေခမ်းရပ်ကွက်ရှိ ညီညီနိုင်ဆိုသူ၏ နေအိမ်ကို ယမန်နေ့ညနေက ရဲတပ်ဖွဲ့မှ ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းရှိနေသည့် လူ ၂ဦးနှင့် မူးယစ်ဆေးဝါး/လက်နက်များဖမ်းဆီးရမိခဲ့ပြီး အဓိက တရားခံ ညီညီနိုင်ဆိုသူမှာထွက်ပြေးလွတ်မြောက်နေကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

အဆိုပါနေအိမ်အတွင်းမှ မှန်ဘီလူးတပ်ဆင်ထားသော စနိုက်ပါသေနတ် ၁လက် နှင့် ကျည် ၄၆ တောင့်၊မှန်ဘီဘူးတပ်ဆင်ထားသော ပွိုင့် ၂၂ သေနတ် ၂ လက်နှင့် ကျည် ၄၇၂ တောင့် ကျည်အိမ် ၈ ခု၊မှန်ဘီလူးတပ်ဆင်ထားသော အမ် ၂၂ သေနတ် ၁လက်နှင့် ကျည် ၉၅ တောင့် ကျည်အိမ် ၄ ခု၊
ပွိုင့် ၄၅ သေနတ် ၁ လက်နှင့် ကျည်ဆံ ၅၃ တောင့် ကျည်အိမ် ၂ ခု HK – 33 သေနတ် ၁ လက်၊
ပစ္စတို သေနတ် ၈ လက်၊၁၂ ဗို့တစ်လုံးထိုးသေနတ် ၁ လက်နှင့် ကျည်ဆံ ၂၅ တောင့်၊အူဇီသေနတ်ကျည်အိမ် ၃ ခု၊ အခြားကျည်ဆံမျိုးစုံ ၇၀၇ တောင့် ၊ ၉ မမကျည်အိမ် ၁၆ ခု၊ 5.56 ကျည်အိမ် ၁ ခု၊
စိတ်ကြွဆေးပြား အပြား ၁၄၀၀၊ကဖင်း ၄၇၃ ဂရမ်၊ICE ၂၇၅ ဂရမ်၊ဘိန်းဖြူ ၆၆၀ ဂရမ် တို့ကို ဖမ်းဆီးရမိခဲ့ပြီး နေအိမ်မီးခံသေတ္တာအတွင်းမှ ရွှေ၊ လက်ဝတ်ရတနာ၊ ကျောက်စိမ်း တုံးများနှင့် ဟိုမိန်းဌာနေပြည်သူ့စစ် ကဒ်ပြားတစ်ခုတို့ကို သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

ယင်းအတွက် ထွက်ပြေးနေသူ တရားခံ ညီညီနိုင် ပိုင်ဆိုင်သည့် တာချီလိတ်ရှိ သတ္တုတူးဖော်ရေးကုမ္ပဏီကို သွားရောက်ရှာဖွေရာ – ပွိုင့် ၂၂ သေနတ် ၁ လက် နှင့်ကျည် အတောင့် ၃၀ RPJ သေနတ် ၁ လ က်၊အမ် ၂၂ ကျည်အိမ်တစ်ခုနှင့် ကျည်အတောင့် ၁၀၀အမ် ၁၆ ကျည်အိမ်တစ်ခု၊ စိတ်ကြွဆေးပြား ရိုက်စက်၊ ဆေးပြားရိုက်သည့် မို အချောင်း ၂၀ ၊ အခြောက်ခံဗန်း ၃ ချပ် တို့ကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

သတင်းတမန်

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts