All News Crime

တရားဟောဆရာက အသက်မပြည့်သေးသည့် ကလေးငယ် ၂ ဦးကို အဓမ္မပြုကျင့်သည်ဟု သံသယရှိမှု ရဲတပ်ဖွဲ့ ဆက်လက်စစ်ဆေး

ရန်ကုန်၊ ဇွန် ၂၂

စစ်ကိုင်းတိုင်း ဒေသကြီး ၊ ကလေးမြို့နယ် တွင် ခရစ်ယာန်ဘာသာရေး ဆရာတစ်ဦးက အသက်မပြည့်သေးသည့် ကလေး နှစ်ဦးကို အဓမ္မပြုကျင့်သည်ဟု သံသယရှိ၍ ဖမ်းဆီးခဲ့ပြီး ကလေးခရိုင်တရားရုံးတွင် ရာဇသတ်ကြီး ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ကလေးမြို့ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

“ အခုတော့ အမှုဖွင့်ထားပြီး အချုပ်ထဲထည့်ထားတယ်။ အခု ရမန်ယူထားပါတယ်။ လက်ရှိတော့ စစ်ဆေးမှု လုပ်ဆောင်နေတုန်းပါပဲ။ စစ်ဆေးပေါ်ပေါက်တဲ့အပေါ် ဆက်လက်လုပ်ဆောင်မှာပါ ။ မုဒိမ်းမှု ဥပဒေ ပုဒ်မ ၃၇၆ နဲ့ တရားစွဲဆိုထားပါတယ်” ဟု ကလေးခရိုင်ရဲတပ်ဖွဲ့ ၊ တပ်ခွဲမှူး ၊ ဒုတိယရဲမှူးကြီး အောင်ကျော် က ပြောသည်။

အသက်မပြည့်သေးတဲ့ ကလေးငယ်နှစ်ဦးကို အဓမ္မပြုကျင့်မှုဖြင့် ကလေးမြို့ ၊ ကြို့သုံးပင်ရပ်ကွက် ၊ နယ်မြေ ၉ တွင် နေထိုင်သည့် ခရစ်ယာန်ဘာသာရေးဆရာ ဦးဆွမ်ဇမုန် အသက် ၄၅ နှစ်အား ကာကံယရှင်မိဘများ၏ တိုင်ကြားမှုဖြင့် ကလေးမြို့ ရဲတပ်ဖွဲ့က ဇွန် ၁၅ ရက်နေ့က ဖမ်းဆီးစစ်ဆေးခြင်းဖြစ်ကြောင်း ကလေးခရိုင်ရဲတပ်ဖွဲ့ ၊ တပ်ခွဲမှူး ၊ ဒုတိယရဲမှူးကြီး အောင်ကျော် က ပြောသည်။

ကလေးမြို့ ၊ ကြို့သုံးပင်ရပ်ကွက်တွင် အဘွားဖြစ်သူနဲ့ နေထိုင်သည့် အသက် ( ၁၁ ) နှစ် နှင့် ( ၁၃ ) နှစ်အရွယ် မိန်းခလေး နှစ်ဦးကို အသက် ( ၄၅ ) နှစ်အရွယ် ဦးဆွမ်ဇမုန် အမည်ရှိ ဘာသာရေးဆရာတစ်ဦးက ဇွန်လ ၁၄ ရက် နှင့် ၁၅ ရက် နေ့တွင် တောင်ဖီလာဆုတောင်းဆောင် ဘာသာရေးအဆာက်အအုံအတွင်း ခေါ်ယူကာ အဓမ္မပြုကျင့်ခဲ့ကြောင်း သိရသည်။

“ ဖြစ်စဉ်က ဇွန်လ ၁၅ ရက်နေ့ ညပိုင်း ၊ မိုးချုပ်ချိန်လောက် ၊ ကလေးတွေ အဒေါ်ရောက်လာပြီး ဒီကလေး နှစ်ယောက် ရဲ့ပြဿနာ လာပြောပြတော့ ၊ ဒါက ပြစ်မှုပိုင်းဆိုင်ရာဖြစ်တော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးအနေနဲ့ ဖြေရှင်းလိုမရ ဘူး။ဒါကြောင့် ရဲစခန်းပဲ လွှတ်လိုက်တယ်။ သူတို့ထွက်ဆိုတာက ဆုတောင်းပေးမယ်ဆိုပြီး ဆုတောင်းခန်းသွားပြီးမှ အခုလိုဖြစ်တာပါ။ သူတို့ ပြောတာက ဇွန်လ ၁၄ ရက်မှ အကြီးမကို ခေါ်သွားတယ်။ ဇွန်လ ၁၅ ရက်နေ့မှ အငယ်မကို ခေါ်တယ်။ ကလေး နှစ်ယောက်ကို တစ်ရက်ခြားစီ ဖြစ်သွားတာ။ အခုတော့ ကလေး နှင့် ပတ်သက်ပြီး တစ်ခုခုဖြစ်ရင် ကာကွယ်ပေးဖို့ ကျနော်တို့ အမြဲတမ်း အဆင့်သင့်ရှိနေပါတယ်။ တရားရင်ဆိုင်ဖို့ အတွက် အမျိုးသမီးရေးရာ အဖွဲ့အစည်းတွေနဲ့ အဆက်အသွယ်လုပ်ထားတယ် “ ဟု ကြို့သုံးပင်ရပ်ကွက် အုပ်ချုပ်ရေးမှုး ဦးနန်ဇကျင် က ပြောသည်။

အဆိုပါ အခင်းဖြစ်ပွားရာနေရာသည် ကလေးမြို့ ၊ တောင်ဖီလာရပ်ကွက်ရှိ ခရစ်ယာန် ဘာသာရေး ကျောင်းဝင်းအတွင်း ငါးပေ မှ ခုနှစ်ပေ ပတ်လည်ခန့်သီးသန့်အဆောင်ဖြစ်နေပြီး အခန်း တစ်ခန်းချင်းစီသည် ဆိတ်ငြိမ်သောနေရာတွင် ဆုတောင်းခန်းအဖြစ် တည်ဆောက်ထားတာဖြစ်သည်။

ယခု တရားစွဲဆိုခံထားရသည် ဘာသာရေးဆရာ ဦးဆွမ်ဇမုန်သည် အိမ်ထောင်သည်တစ်ဦးဖြစ်ပြီး ယင်းတွင် အရွယ်ရောက်ပြီးသား သားသမီးတွေ ရှိနေကြောင်း သိရသည်။

၂၀၁၉ ခုနှစ် ၊ ဇန်နဝါရီ ၁၆ ရက်တွင် ခရိုင်တရားရုံးက ကလေးမြို့နယ် ၊လက်ပံချောင်းကျေးရွာရှိ ခရစ်ယာန်ဘာသာရေးဆရာတစ်ယောက်က သက်ငယ်ကလေးငယ်နှစ်ဦးကို အဓမ္မပြုကျင့်မှု နဲ့ ထောင်ဒဏ် ၄၃ နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။

www.khitthitnews.com

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com