All News Local News

ကျောင်းဖွင့်ချိန်တွင် ဖမ်းဆီးခံရသည့်အတွက် ပညာသင်ခွင့် ဆုံးရှုံးနေကြောင်း ဖမ်းဆီးခံ (၉)တန်းကျောင်းသား ကိုသုဝေပြော

ကျောင်းဖွင့်ချိန်တွင် ဖမ်းဆီးခံရသည့်အတွက် ပညာသင်ခွင့် ဆုံးရှုံးနေကြောင်း ဖမ်းဆီးခံ (၉)တန်းကျောင်းသား ကိုသုဝေပြော

ရန်ကုန် ၊ ဇွန် ၂၁

ကျောင်းဖွင့်ချိန်တွင် ဖမ်းဆီးခံရသည့်အတွက် ပညာသင်ခွင့် ဆုံးရှုံးနေကြောင်း ဖမ်းဆီးခံ (၉)တန်းကျောင်းသား ကိုသုဝေက ယနေ့ ဇွန်လ (၂၁)ရက်နေ့ နေ့လည်ပိုင်းက ပုသိမ်ကြီး မြို့နယ် တရားရုံး ရုံးထုတ်ချိန်တွင် ပြောဆိုခဲ့ပါသည်။

အဆိုပါ ဖမ်းဆီးခံ ရသော (၉)တန်းကျောင်းသား ကိုသုဝေ၊ Channel Mandalay TV သတင်းထောက် နန္ဒ(တစ်ကိုယ်တော်) အပါအဝင် ရွာသား(၈)ဦးကို ပုဒ်မ ၁၄၇(ရုန်းရင်းဆန်ခတ် မှု)၊ ပုဒ်မ ၃၅၃(ပြည်သူ့ဝန်ထမ်းကို နှောက်ယှက်ဟန့်တား)၊ ပုဒ်မ ၃၃၂(ပြည်သူ့ဝန်ထမ်းကို သာမာန်ဒဏ်ရာရအောင်ပြုမှု)၊ ပုဒ်မ ၃၃၃(ပြည်သူ့ဝန်ထမ်းကို ပြင်းထန်ဒဏ်ရာရအောင်ပြုမှု)၊ ပုဒ်မ ၁၁၄(အားပေးကူညီမှု) တိုဖြင့် ရဲမှူးမျိုးညွန့်သန်းက တရားလိုပြုလုပ်ကာ ပုသိမ်ကြီးမြို့နယ်တရားရုံးတွင် တရားစွဲဆိုထားခြင်းဖြစ်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com