All News Health

ကော့မှူး၊ စမ်းချောင်းနှင့် ဒဂုံဆိပ်ကမ်းတွင် H1N1 ဝက်တုပ်ကွေးရောဂါကြောင့် ၃ ဦးသေဆုံးသွား၊ လက်ရှိ သံသယဖြင့် စောင့်ကြည့်နေရသည့် လူနာများ ရှိနေ

ရန်ကုန်၊ ဇွန် ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်၊ စမ်းချောင်းမြို့နယ်၊ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်တို့မှ လူ ၃ ဦး H1N1 ဝက်တုပ်ကွေးရောဂါဖြင့် သေဆုံးသွားပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းစာရှင်းလင်းပွဲ ကျင်းပ၍ သတင်းထုတ်ပြန်သည်။

စမ်းချောင်း၊ ရန်ကင်းလမ်းမှ အသက် ၆၀ အရွယ် အမျိုးသား၊ ကော့မှူးမြို့နယ်တွင် အသက် ၂၉ နှစ်အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီး၊ ဒဂုံမြို့သစ် ဆိပ်ကမ်း ၊ ယုဇနဥယျာဉ်မြို့တော်နေထိုင်သော အသက် ၃၀ ကျော်အရွယ် အမျိုးသား တို့ဖြစ်ကြောင်း၊ သံသယ ဖြစ်သူ ၂၀ ဦးရှိပြီး ၁၃ ဦးတွင် ရောဂါကင်းစင်ကြောင်း၊ ၇ ဦး တွင် ရောဂါပိုး တွေ့ရှိရပြီး ၃ ဦးမှာ သေဆုံးသွားကြောင်း သိရှိရသည်။

လက်ရှိတွင် စောင့်ကြည့်နေရသော သံသယရှိ လူနာများရှိနေကြောင်း သိရှိရသည်။

ဓာတ်ပုံ- H1N1 ကြောင့် သေဆုံးသွားသူတစ်ဦးကို ယနေ့ သဂြိုလ်စဉ်။ Photo Credit – နာရေးကူညီမှုအသင်း

www.khitthitnews.com

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com