All News Crime

ကိုရင်ကြီး ကျူးလွန်တဲ့ ရွှေပေါက်က္ကံမှ ၂ နှစ်အရွယ် မိန်းကလေးငယ် မုဒိမ်းကျင့်ခံရမှု ဖမ်းဆီး အမှုဖွင့်

ရန်ကုန်၊ ဇွန် ၁၇

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်က္ကံတွင် ၂ နှစ်အရွယ် မိန်းကလေးငယ်ကို
ပစ္ဆိမာရုံကျောင်းတိုက်မှ ကိုရင်ကြီး(ခ) ဉူးဥတ္တရဆိုသူက မုဒိမ်းကျင့်မှုတစ်ရပ် ဇွန်လ ၁၃ ရက်နေ့က ဖြစ်ပွားခဲ့ပြီး နောက်ဆုံးတွင် သက်ဆိုင်ရာ လူဝတ်လဲ၍ ဖမ်းဆီးအရေးယူမှုများ ဆောင်ရွက်နေပြီဖြစ်သည် ။ အဓမ္မပြုကျင့်သူ ကိုရင်ကြီး(ခ) ဉူးဥတ္တရ(ခ) ဇေယျာလင်း (၃၉ နှစ်) ကို ရွှေပေါက္ကံမြို့မရဲစခန်းက (ပ) ၅၉၇/၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆/၃၆၃ အရ အမှုဖွင့် ကာ ပြစ်မှုကျူးလွန်သူ ကိုရင်ကြီး(ခ) ဉူးဥတ္တရ ကိုလူဝတ်လဲဖမ်းဆီးကာ ဆက်လက်စစ်ဆေး လျက်ရှိသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ရန်ကုန်ခေတ်သစ်က ကလေးငယ်၏ မိဘများနှင့် တာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းထားပါသည်။

ကလေးငယ်၏ ဖခင်ဖြစ်သူက ပြောပြသည့်ဖြစ်စဉ်

“ဇွန်လ ၁၅ ရက် ည ၁ နာရီလောက် စဖြစ်တာ။ ကျနော်တို့လင်မယား နှစ်ယောက်က ကလေးကို သိပ်ပြီး တံခါးပိတ်ထားတယ်။ တံခါးပိတ်ပြီး သော့တော့ မခတ်ဘူး။သော့တော့ ချိတ်ထားတယ်။ ပြီးတော့ လင်မယားနှစ်ယောက် အလုပ်သွားလုပ်တယ်။ ရေသန့်စက်ရုံဆိုတော့ ၊ ရေသန့်ဗူးက မနက်ပို့တော့ အလုပ်သမားတွေလာရင် အဆင်ပြေအောင် ကျနော်တို့က သွားတာလေ။ အဲ့မှာ မိုးက သည်းကြီးမဲကြီး ရွာလာတယ်။ ရွာလာတော့ ကျနော်တို့ အရင်သွားကြည့်တာ။

ကလေး နှစ်ယောက် အိပ်နေတော့ ၊သမီးလေး အိပ်နေတာ တွေ့သေးတယ်။ စိတ်မချလို့ ၊ သွားကြည့်ပြီး ကျနော်တို့ ပြန်အလုပ်လုပ်ကြတာ။ အလုပ်လုပ်ပြီး ကျနော်အမျိုးသမီးက ၁ နာရီလောက်မှာ ဗိုက်စားလို့ ရုံးခန်းကို ခဏပြန်တယ်။ သမီးလေးကို မတွေ့ရတော့ဘူး။ အဲ့အချိန်မှာ စပျောက်တာ။

ပျောက်ပျောက်ချင်း ညတွင်းချင်း လိုက်တာပေါ့။ ဘုန်းကြီးတွေကော အကုန်ခေါ်ပြီး အကုန်လိုက်ရှာတယ်။ ရဲစခန်းလည်း ညတွင်းချင်း တိုင်တယ်။ အကုန်လိုက်တယ်။ ဆိုင်ကယ်သမားတွေ ၊ တက္ကစီသမားတွေကော အကုန်လိုက်ကြတာ။ မတွေ့ဘူး။ တစ်ညလုံးရှာတာ။ မတွေ့ဘဲနဲ့ မနက် ၉ နာရီချိန်မှာ ကျနော်တို့နားက စစ်မှုထမ်း ဦးလေးကြီးက အစ်ကိုသမီးလား မသိဘူးလားတဲ့ ကိုင်းတောနားမှာ တစ်ယောက်တည်း မတ်တပ်ရပ်ပြီး ငိုနေတယ်တဲ့ ။ အဲဒီတော့ သွားကြည့်တော့ ကလေးက တစ်ယောက်တည်း ငိုနေတယ်။ ကလေးက ချမ်းပြီး တုန်နေတယ်။ တစ်ကိုယ်လုံးမှာ ဒဏ်ရာဒဏ်ချက်တွေ ၊ အင်းဆက်တွေ ကိုက်ထားတဲ့အရာတွေနဲ့ ။
အဲဒါနဲ့ ကျနော်တို့လည်း မိုးစေတီ ဆေးခန်းသွားပြတယ်။ ၁၀ မိုင်နားက ၊ သွားပြတော့ ဆရာဝန်က ရန်ကင်းကလေး ဆေးရုံသွား ခိုင်းတယ်။ ရန်ကင်းကလေးဆေးရုံရောက်မှ ကလေးက Rape လုပ်ခိုင်းထားရမှန်း သိရတာ ။ အဲ့တာနဲ့ သံသယ ရှိသူကို ရဲစခန်းမှာ အမှုစစ်တယ်။ ဖမ်းတော့ ဖမ်းထားတယ်။ သူလို့ တစ်ထစ်ချ ပြောလို့မရသေးဘူး ။ ဒါပေမဲ့ ကလေး နဲ့ အနီးစပ်ဆုံးနေတဲ့သူ ၊ သံသယ ရှိတဲ့သူ ၊ အဲဒီလိုပဲ ဖမ်းထားတယ်။

ကလေးက ၁ နှစ် ၉ လ ၊ စကားတော့ သိပ်မပြောတက်သေးဘူး။ တီတီတာတာ လောက်ပဲ ပြောတက်သေးတယ်။ နောက်ပြီးတော့ ရဲစခန်းမှာ အမှုဖွင့်ထားတယ်။ ကလေးက ရန်ကင်းကလေးဆေးရုံမှာ မနေ့က Operation လုပ်တယ်။ ဆရာဝန်ကတော့ ပြောတယ်။ တော်တော်လေးတော့ ထိခိုက်နစ်နာသွားတယ်တဲ့ ။

ကလေးက မနေ့ကတော့ ဆေးတွေ သွင်းထားရတယ်။ စောင့်ကြည့်ရမယ့် အခြေအနေရှိသေးတယ်။ အရေးပေါ်အခန်းမှာ။ သံသယရှိသူက ဒီကလေးကို အမြဲ ထိတွေ့ကိုင်နေတဲ့ ၊ ပွင့်ပွင့်လင်လင်း ပြောရရင် ဘုန်းကြီး တစ်ပါးပေါ့။ အမြဲတမ်း ဝင်ထွက် သွားလာနေသူ ၊ ဘုန်းကြီးဆိုပြီး ကျနော်တို့က မထင်ဘူးလေ။

ကျနော်တို့နားတဲ့ ဘေးဘက်က ကျောင်း ၊ လက်ရှိအလုပ်လုပ်နေတဲ့ နေရာက ဘေးကကျောင်း ၊ ကျနော်တို့က ခါတိုင်းဆိုရင် တစ်ပတ်တစ်ခါ အိမ်ပြန်နေကြ။ ဒီတစ်ပတ်မှ မပြန်ဖြစ်တာ ။ အခုလို ဖြစ်သွားတာ ။ ဘုန်းကြီးကတော့ ကျနော်တို့ရုံးခန်းကို ခဏခဏလာတာပေါ့။ သူက ကလေးကို ချစ်တာပေါ့။ နမ်းလိုက် ပြုလိုက်ပေါ့။ ကျနော်တို့က ကြာတော့ သတိထားမိတာပေါ့။ ဒီကလေးနဲ့ ပူးကပ်နေတော့ ၊ တခြားအချက်တွေလည်း အများကြီးရှိတယ်။ ဒါတွေကို ရဲစခန်းမှာ ပြောထားတယ်။ အဲ့တာကြောင့်မို့ မသင်္ကာမှုနှင့် ဆွဲထားတယ်။ အဖြေကတော့ တိတိကျကျမသိနိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ သွေးတွေ ဘာတွေ စစ်အုံးမယ်လေ။ ဆေးစစ်ချက်သိရမှာ ။

ရဲစခန်းကတော့ မနေ့ကတော့ ဖမ်းထားတယ်။ သူတို့ စစ်နေတယ်။ ဒီနေ့ တရားရုံးသွားပြီး တရားသူကြီးလက်မှတ်၊ ဆေးစစ်ချက်တွေနဲ့ ယူပြီး ညနေလောက်ဆိုရင် ဘယ်လို အဖြေပြန်လာမှန်း မသိဘူးလေ။

သံသယရှိသူကတော့ ထုံးစံအတိုင်း ငြင်းတာပေါ့။ ဘယ် ဝန်ခံမှာလဲ ။ ငြင်းနေတာပဲ။ အခုတော့ အချုပ်ထဲမှာပဲ ခဏထားထားတယ်။ ရဲစခန်းကတော့ ဥပဒေအတိုင်းဆက်လုပ်မယ်။ ဆေးတွေ စစ်မယ်။ ဆေးစစ်ပြီး ၊ နောက်ပိုင်းကဏ္ဍ သူတို့ ဆက်လုပ်မယ်။ ကျန်တာတော့ ကျနော်တို့ မသိဘူး။ သူတို့ဘက်က ဆက်လုပ်ရမှာဆိုတော့ ၊ သူတို့ဘက်က ပုဒ်မတွေ ဘယ်လိုအရေးယူမလဲဆိုတာ မသိသေးဘူး။

အခု ရွှေပေါက်ကံရဲစခန်းမှာပဲ အမှုတိုင်ချက်ဖွင့်ထားတယ်။ ပုဒ်မ ဘယ်လို ဆိုတော့ မသိရသေးဘူ။ ဒီနေ့မှ သိရမှာ။ ဒီနေ့တော့ တရားရုံးသွားမယ်။ တရားသူကြီး လက်မှတ်သွားယူပြီး ဆေးစစ်ဖို့ သူတို့လုပ်ရမှာ။ ဆေးစာရမှာ အဖြေသိရမှာ။

ကျနော်ကတော့ အမှန်တရားအတွက် ဥပဒေနဲ့ အညီလုပ်မှာပါ။ ကျနော်သမီး နစ်နာတဲ့အတွက် ဒီကောင်ကို သေဒဏ်မရရအောင် လုပ်မယ်။ အဲ့လိုပဲ ဆောင်ရွက်ထားတာ။ အခုချိန်တော့ အခြေအနေက ဆေးစစ်တာ မသိရတော့ ဘာမှတော့ မလုပ်ရသေးဘူး ။ အဲ့အတွက်ပဲ ကျနော်အခု လှုပ်ရှားနေတယ်။”

ရဲအုပ် ကျော်စွာဝင်း၊ ရွှေပေါက်က္ကံရဲစခန်း

“ကျနော်တို့ တရားခံဆီ ရမန်ယူ ၊ ဆေးစစ်တာ ယူရတယ်။ ပုဒ်မကတော့ ပြောပေးလို့ရတယ်။ ကျနော်တို့ ဥပဒေ အကြံဉာဏ်တောင်းတင်ရတယ်။ ဥပဒေအကြံပြုချက်နဲ့ အညီ တရားစွဲရတယ်လေ။ လက်ရှိတော့ အမှုဖွင့်တာက ပုဒ်မ ၃၆၃ ၊ ပုဒ်မ ၃၇၆ ၊ တရားရုံးကတော့ မြောက်ဥက္ကလာပ တရားရုံး ဖြစ်တယ်။ တရားစွဲဆိုရင် ခရိုင်တရားရုံးဆွဲရမှာ။”

ဓာတ်ပုံ- မြန်မာနိုင်ငံရဲတပ်ဖွဲ့ ။

www.khitthitnews.com

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com