All News Peace

ကချင်စစ်ဘေး ၈နှစ်ပြည့် သရုပ်ဖော်ပြဇာတ်တင်ဆက်ခဲ့သော ဦးဆောင်သူနှစ်ဦး တရားစွဲဆိုခံရ

ရန်ကုန်၊ ဇွန်၁ဝ

ကချင်စစ်ဘေးရှောင် ၈နှစ်ပြည့် အဖြစ် Street performance (လမ်းသရုပ်ဖော်ပြဇာတ်) ကပြရာတွင်ဦးဆောင်ခဲ့သော ကို ပေါလူ နှင့် မဆိုင်းနူးပန် တို့ကို မြစ်ကြီးနားမြို့နယ်ရဲစခန်းက ငြိမ်း၊စု၊စီ ပုဒ်မ ၁၉ဖြစ် အရေးယူထားကြောင်း kachin youth movement က မဆိုင်းနူးပန်မှဆိုသည်။

တစ်ကျော့ပြန်စစ်ပွဲ ၈ နှစ်ပြည့် Street performance ကို မြစ်ကြီးနားမြို့ စိမ်းမြဧရာ ပန်းခြံအနီးတွင် သရုပ်ဖော်တင်ဆက်ပြသခဲ့ခြင်းဖြစ်သည်။

“ကျွန်မတို့ကို ရဲစခန်းက အမှုဖွင့်ထားတယ်လို့ ဖုန်းဆက်ပြီး အကြောင်းကြားတယ်။ အခုကျွန်မတို့သွားတွေ့နေတယ်။ ရဲစခန်းရှေ့မှာ”ဟု မဆိုင်းနူးပန်ကပြောသည်။

ထို့ပြင် ၈ နှစ်ကြာဖြစ်ပွားနေသော ရပ်တန့်ရေးအတွက် ဇွန်လ ၈ရက်က ရန်ကုန်မြို့တွင် လူငယ်အင်အား ၅၀ ခန့်က ဗိုလ်ချုပ်အောင်ဆန်းဈေး အရှေ့မှ စတင်ကာ ဆူးလေရှိ လူကူးဂုံးကျော်တံတားအထိ စီတန်းလှည့်လည်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ကချင်ပြည်နယ်အတွင်းရှိ စစ်ပွဲများသည် နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၁ ခုနှစ်မှကာ တကြော့ပြန် တပ်မတော်နှင့် KIA (ကချင်လွတ်မြောက်ရေး တပ်မတော်)တို့ကြားဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၈နှစ်ကြာခဲ့ပြီဖြစ်သည်။

Photo Credit- Kachin Youth Movement

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts