All News Local News

၄ ဦးသေပြီး ၄ ဦးပြင်းထန်ဒဏ်ရာရရှိသည့် စစ်ကိုင်း ကျောက်မီးသွေးတွင်းပေါက်ကွဲမှု စီမံခန့်ခွဲမှု ညံ့ဖျင်းမှုနှင့် စနစ်မကျမှုကြောင့်ဟုဆို

၄ ဦးသေပြီး ၄ ဦးပြင်းထန်ဒဏ်ရာရရှိသည့် စစ်ကိုင်း ကျောက်မီးသွေးတွင်းပေါက်ကွဲမှု စီမံခန့်ခွဲမှု ညံ့ဖျင်းမှုနှင့် စနစ်မကျမှုကြောင့်ဟုဆို

ရန်ကုန်၊ မေ ၂၉

စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ်တွင် ထူးဟန်သစ် ကျောက်မီးသွေးတွင်း မေလ ၂၇ ရက်၊ ည ၁၀ နာရီဝန်းကျင်ခန့်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အလုပ်သမား ၄ ဦး သေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိမှု သည် စီမံခန့်ခွဲမှု ညံ့ဖျင်းမှု၊ စနစ်မကျမှုတို့ ကြောင့် ဖြစ်ကြောင်းအထက်ချင်းတွင်း ဒေသ လူငယ်များကွန်ရက်မှ ဒေသဆိုင်ရာ ညှိနှိုင်းရေးမှူး ဦးကျော်သက်ဝင်းက ပြောဆိုလိက်သည်။

ကျောက်မီးသွေးတွင်းထဲသို့ လေပေးထားသည့် နေရာမှ မီးစထွက်ပေါ်ပြီး မီသိန်းဓါတ်ငွေနှင့် တွေ့ကာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာဖြစ်ကြောင်း၊ မတော်တဆမှုဖြစ်စဉ်တွင် သေဆုံးသွားသည့် အလုပ်သမား ၄ ဦးမှာ ကလေးမြို့ စခန်းကြီးကျေးရွာ မှ၂ ဦး၊ မော်လိုက်မြို့ တွင်းပင်ကျေးရွာမှ ၁ ဦး ၊ တမူးမြို့ မင်းသာကျေးရွာမှ ၁ ဦး ဖြစ်ကြောင်း သိရှိရသည်။

“မကြာသေးခင်ကလည်း ကျောက်မီးသွေး မိုင်းပြိုကျဖြစ်ရပ်တစ်ခု ဖြစ်ခဲ့တယ်။ အဲဒါက ကလေးဝမှ ရှိတဲ့ မိုင်းပေါ့။ အဲဒါကလည်း ထူးဟန်သစ်ကုမ္ပဏီပဲ ။ မနေ့ညက ၁၀ နာရီမှ ဖြစ်ပွားတာက ကလေးမြို့နယ်ထဲမှ ရှိတဲ့ ထူးဟန်သစ်ကုမ္ပဏီပဲ ။ ၄ ဦးသေတယ်။ ၄ ဦးကတော့ ပြင်းထန်ဒဏ်ရာ ရရှိတယ် ။ လက်ရှိတော့ ဒဏ်ရာရတဲ့သူတွေကို ဆေးရုံတင်ထားရတယ် ဒါနဲ့ ပတ်သက်ပြီး တိကျတဲ့ အဖြေကတော့ မထွက်သေးဘူး။ တိုင်းဒေသကြီး အစိုးရက တင်ပြထားတဲ့ အခြေအနေပဲ ရှိသေးတယ် ဒါပေမဲ့ အစိုးရကတော့ ဘယ်လို လုပ်မလဲဆိုတဲ့ Process ကတော့ မထွက်သေးဘူး” ဟု အထက်ချင်းတွင်း ဒေသ လူငယ်များကွန်ရက်မှ ဒေသဆိုင်ရာ ညှိနှိုင်းရေးမှူး ဦးကျော်သက်ဝင်းက ပြောသည်။

ကျောက်မီးသွေးတွင်းများ မကြာခဏ ပြိုကျခြင်း၊ ပေါက်ကွဲခြင်းတို့သည် အဓိကအားဖြင့် စီမံခန့်ခွဲမှု ညံ့ဖျင်းမှုတို့ကြောင့် ဖြစ်ကြောင်း ၎င်းက ထောက်ပြသည်။

“အဓိက ကတော့ မိုင်း ပြိုကျမှု ၊ မိုင်းပေါက်ကွဲမှု ဖြစ်တာပေါ့။ မိုင်းစနစ်မကျတာ ၊ မိုင်းလုံ့ခြုံမှု မရှိတာ။ အလုပ်သမားတွေ ရဲ့ ထိခိုက်နစ်နာမှုက ပိုများသွားတာပေါ့ ။ စီမံခန့်ခွဲမှု ညံ့ဖျင်းတယ်လို ပြောရမှာပေါ့။ ကျနော်တို့ကလည်း သက်ဆိုင်ရာတိုင်းဒေသ အစိုးရဆီ သံဃဇာတ နှင့် ပတ်ဝန်းကျင် ထိန်းသိမ်ရေးရာ ဝန်ကြီး ကို လှမ်းမေးတာအခါ သူတို့ကလည်း ဒီဟာနဲ့ ပတ်သက်ပြီး ပြည်ထောင်စု အဆင့်က တိုက်ရိုက်ချထားတဲ့ Project ဖြစ်တဲ့အတွက် ပြည်ထောင်စု အဆင့်ကို ဒီဟာနဲ့ ပတ်သက်ပြီး တင်ပြထားတဲ့ အဆင့်ပဲ ရှိနေသေးတယ်။ အရေးယူလိုရတဲ့ တစ်စုံတစ်ရာ မရှိသေးဘူး လို သိရတယ်။ ကျနော်တို့ကတော့ ဘာဆက်လုပ်မလဲဆိုတော့ ဒီဟာနဲ့ ပတ်သက်ပြီး မိုင်းတွေကို စနစ်တကျ စစ်ဆေးမှု တွေလုပ်ပြီး အရေးယူဖို့ တင်ပြတာတွေ လုပ်မယ်” ဟု အထက်ချင်းတွင်းဒေသ လူငယ်များကွန်ရက် ၊ ဒေသဆိုင်ရာ ညှိနှိုင်းရေးမှူး ဦးကျော်သက်ဝင်း က ပြောသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ကိုင်းတိုင်းအစိုးရ နှင့် ထူးဟန်သစ် ကုမ္ပဏီကိုမေးမြန်းသော် လည်း အဆက်အသွယ်မရရှိပေ။

လက်ရှိတွင် ကျောက်မီးသွေးမိုင်းပြဿနာများ ဖြေရှင်းနိုင်ရေးအတွက် သက်ဆိုင်ရာ အစိုးရ ၊ ကုမ္ပဏီ ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ တွေ့ဆုံပြီး ၃ ပွင့်ဆိုင် တွေ့ဆုံပွဲတွေ လုပ်ဆောင်၍ တင်ပြတောင်းဆိုသွားမည်ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကွန်ရက်များက ဆိုကြသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts