All News Local News

ဦးဝီရသူ ရုရှ လူမှုကွန်ရက် VK တွင် ဗီဒီယိုဖိုင်တင်၊ သီတဂူဆရာတော်၏ လက်အောက်ငယ်သားဟုပြော

ဦးဝီရသူ ရုရှ လူမှုကွန်ရက် VK တွင် ဗီဒီယိုဖိုင်တင်၊ သီတဂူဆရာတော်၏ လက်အောက်ငယ်သားဟုပြော

ရန်ကုန်၊ မေ ၃၀

လတ်တလော အဖမ်းခံခြင်းမရှိသေးဘဲ တိမ်းရှောင်နေသည့် ဦးဝီရသူသည် ရုရှလူမှုကွန်ရက် VK တွင် ဗီဒီယိုဖိုင်တစ်ခုကို ယနေ့ည ၉ နာရီခန့်က တင်လိုက်ပြီး ယင်းဗီဒီယိုဖိုင်တွင် သီတဂူဆရာတော်ကြီးက သူ့အား ငါ့ရဲဘော်ဟု ခေါ်ခြင်းနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းပြောဆိုသည်။

ဦးဝီရသူ၏ ဗီဒီယိုဖိုင်သည် “ရဲဘော် ဆက်လုပ်၊ မင်းနှင့်အတူ ငါရှိနေတယ်” ဟု အမည်ပေးထားကာ ၄ မိနစ် ၉ စက္ကန့်ကြာမြင့်သော အဆိုပါ ဗီဒီယိုဖိုင်တွင် ဦးဝီရသူက သူ ဟောပြောခဲ့မှုများတွင် အမှားပါပါက ထောက်ပြနိုင်ကြောင်း၊ စကားလုံးများကိုသာ ဝေဖန် ပြောနေကြောင်း အစချီ၍ သီတဂူဆရာတော်ကြီး၏ လက်အောက်ငယ်သား ဖြစ်ကြောင်း ပြောဆိုသွားသည်။

ဦးဝီရသူမှာ ယခုအချိန်အထိ အဖမ်းခံခြင်းမရှိသေးဘဲ ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်သည်။ ဗီဒီယိုဖိုင်တွင် ဦးဝီရသူ ဟောပြောသော အကြောင်းအရာ အပြည့်အစုံကို ပြန်လည် ဖော်ပြ ပေးလိုက်ပါသည်။

“ငှက်ဆိုးတွေကို ပြောချင်တယ်။ ကျုပ်ဝေဖန်တဲ့အထဲမှာ အမှား ဘယ်နှစ်ခုပါလဲ။ ခင်ဗျားတို့က ကျုပ်ရဲ့ စကားလုံးကို ဘယ်လို ဘယ်ညာ ဒါပဲဝေဖန်နိုင်တာမလား။ ကျုပ်ဟောကြားတဲ့အချက်အလက်ထဲမှာ ဘယ်ဟာမှားပါတယ်။ ဘယ်ဟာမဟုတ်ပါဘူးလို့ ခင်ဗျားတို့ ဘယ်နှစ်ယောက်ငြင်းနိုင်သလဲ။

အဲဒီလို အချက်အလက်အပြည့်အစုံဟောထားလို့ ခင်ဗျားတို့ ငြိမ်နေကြတာမလား။ ပြောစရာဆိုလို့ စကားလုံးပဲရှိပြီး ဒီစကားလုံးကိုပဲ ပယ်ပယ်နှယ်နှယ်ကိုင်ပြီး ဆဲဆိုနေကြတာမလား။ ကောင်းပြီ ကျပ်လို စကားလုံးတွေ မသုံးဘဲနဲ့ သီတဂူဆရာတော်ကြီး ဓမ္မဓိဌာန်ကျကျ ဟောခဲ့တာတွေတုန်းကရော ခင်ဗျားတို့တတွေ ဆရာတော်ကြီးကို မပစ်မှားဘူးလား။

ဥပမာ- စစ်တပ်အတွင်းမှာ သီတဂူဆရာတော်ကြီးတရားဟောတဲ့ အစိုးရနဲ့ပြည်သူ ညီညွတ်ရမယ်။ တပ်မတော်နဲ့ သံဃာ ညီညွတ်ရမယ်။ ဒီအင်အားစုကြီး ၄ ခု ညီညွတ်မှ တိုင်းပြည်ကောင်းစားမယ်။ ဒီလိုဟောတာ ဘာအမှားပါလဲ။ ဘယ်သူ့ကို အကျိုးယုတ်စေသလဲ။ တိုင်းပြည်အတွက် ပိုပြီးမကောင်းဘူးလား။ ဒါပေမယ့် ခင်ဗျားတို့ ဆရာတော်ကြီးကို ချမ်းသာပေးခဲ့သလား။ ဆရာတော်ကြီးကို စော်ကား ပစ်မှားကြတာပဲမလား။ အခုလည်း ဆရာတော်ကြီးက ငါ့ရဲဘော်ဆိုတဲ့ စကားကိုပြောတယ်။ခင်ဗျားတို့ ထောက်ခံတဲ့ ပါတီကို ထိခိုက်သလား။ ခင်ဗျားတို့လော်နေတဲ့ အစိုးရကို ထိခိုက်သလား။ ခင်ဗျားအမေ ၊ ခင်ဗျားအမ ၊ ခင်ဗျား နှမ ၊ ခင်ဗျား မယားကိုရော ထိခိုက်လား။ ခင်ဗျားရဲ့သားသမီးတွေ မိသားစုတွေ ဆွေစဉ်မျိုးဆက်တွေ ဘယ်သူ့ကို ထိခိုက်သလဲ။ ခင်ဗျားတို့ အကျိုးစီးပွား ဘာများ ထိခိုက်သလဲ။

ဘယ်သူ့ ဘယ်သူ့ကိုမှ မထိခိုက်တဲ့ ဒီစကားလုံးကို ခင်ဗျားတို့က ဘာကြောင့် အပြစ်ရှာနေရလဲ။ ဘာကြောင့် ဆရာတော်ကြီးကို စော်ကားနေကြတာလဲ။ မှတ်ထား ရဲဘော်ဆိုတဲ့ စကားလုံးက လက်အောက်ငယ်သားကို ခေါ်တဲ့ ဝေါဟာရ။ ဗိုလ်ချုပ်အောင်ဆန်းလည်း ရဲဘော်တို့ဆိုတဲ့စကားလုံးကို သုံးခဲ့တယ်။ ဒီကနေ့ တပ်မတော်အကြီးအကဲတွေလည်းပဲ ရဲဘော်တို့ဆိုတဲ့ စကားလုံးကို သုံးနေစဲပဲ။ သာဝက ဆိုတဲ့ စကားလုံးနဲ့ အတူတူပဲ။ သာဝကဆိုတာက သုနာတိတိ သာဝကော စကားကို နားထောင်သူကို ခေါ်တာ။ အမိန့်ကို နာခံသူကို ခေါ်တာ။ ဗုဒ္ဓသာဝက ဆိုတာ ဗုဒ္ဓစကားနားထောင်သူ။ ဗုဒ္ဓအမိန့်နာခံသူပဲ။ ဘယ်သူ့သာဝက ညာသူ့သာဝက ဆိုတာတွေလည်း စကားကိုနားထောင်သူ။ အမိန့်ကို နာခံသူပဲ။ လက်အောက်ငယ်သား မှန်သမျှ သာဝက၊ လက်အောက်ငယ်သားမှန်သမျှ ရဲဘော်ပဲ။

ခင်ဗျားတို့ ရဲဘော်ဆက်လုပ် မင်းနဲ့အတူ ငါရှိတယ်ဆိုတဲ့ စကားလုံးအမြဲတမ်းပြောတယ်။ အဲဒီစကားလုံးနဲ့ ငါ့ရဲဘော်လို့ ပြောတဲ့စကားလုံး ဘာများ ကွာခြားသလဲ။ ဒါကိုပဲ ခင်ဗျားတို့က သီတဂူဆရာတော်ကြီးကို ရစရာမရှိအောင် ဝေဖန်နေကြတယ်။ အေး ခင်ဗျားတို့တတွေ တစ်ယောက်တည်းပဲ နေကြပါ။ မိုးရွာတဲ့အခါ မိသားစုနဲ့ အတူမနေကြပါနဲ့ ။ မိသားစုတွေအားလုံးလည်း သူတို့နဲ့ ကင်းကင်းရှင်းရှင်းနေကြပါ။ စက်ကွင်းမိလို့ရှိရင် အကုန်လုံး မိုးကြိုးပစ်ခံရပါလိမ့်မယ်။

မှတ်ထား ရဲဘော်ဆိုတာ ပြည်သူပိုင် စကား။ အကြီးအကဲတိုင်း ပြောခွင့်ရှိတဲ့ စကား။ လက်အောက်ငယ်သားတိုင်းကို ခေါ်ခွင့်ရှိတဲ့စကား။ လက်အောက်ငယ်သားတိုင်းလည်း ရဲဘော်ပဲ။ရဲဘော် ဆက်လုပ်။ မင်းနဲ့အတူ ငါရှိတယ်။”

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com