All News Local News

အိုးဘိုထောင်တွင် Channel Mandalay TV သတင်းထောက် ကိုနန္ဒ အစာငတ်ခံဆန္ဒပြ၍ ထောင်ဝင်စာအပိတ်ခံရ၊ ရဲလုံခြုံရေးအများအပြားချထား

အိုးဘိုထောင်တွင် Channel Mandalay TV သတင်းထောက် ကိုနန္ဒ အစာငတ်ခံဆန္ဒပြ၍ ထောင်ဝင်စာအပိတ်ခံရ၊ ရဲလုံခြုံရေးအများအပြားချထား

ရန်ကုန်၊ မေ ၃၁

မန္တလေး အိုးဘိုထောင်တွင် Channel Mandalay TV သတင်းထောက် ကိုနန္ဒ အစာငတ်ခံ ဆန္ဒပြနေပြီး ထောင်ဝင်စာ ပိတ်ပင်ခံထားရကြောင်း Channel Mandalay TV ၏ အယ်ဒီတာချုပ် ဦးမင်းဒင်က ပြောသည်။

ရဲတပ်ဖွဲ့က မတရားဖမ်းဆီးမှု၊ ခြွင်းချက်မရှိ ချက်ချင်းပြန်လွှတ်ပေးရန်အတွက် သတင်းထောက် ကိုနန္ဒက ဆန္ဒပြနေခြင်းဖြစ်ပြီး ယနေ့ နံနက် ထောင်ဝင်စာသွားပို့ချိန်တွင် ထောင်ဝင်စာ ပိတ်ပင်ထားသည်ဟု သိရှိရကြောင်း ဦးမင်းဒင်က ပြောသည်။

“ကိုနန္ဒက အစာငတ်ခံ ဆန္ဒပြပြီး အော်နေတယ် ပြောတယ်။ အဲဒါ ရဲလုံခြုံရေးတွေလည်း အများကြီးချထားတယ်။ ထောင်ဆူမှာစိုးလို့ထင်တယ်။ ထောင်ဝင်စာကတော့ အပိတ်ခံလိုက်ရတယ်။ သူမတရားဖမ်းဆီးခံရတာနဲ့ ချက်ချင်းပြန်လွှတ်ပေးဖို့အတွက် အသေခံပြီး တောင်းဆိုသွားမယ်လို့လည်းသိရတယ်” ဟု ဦးမင်းဒင်က ဆိုသည်။

သတင်းထောက် ကိုနန္ဒကို အောင်သပြေရွာကို ရဲတပ်ဖွဲ့က အကြမ်းဖြိုခွင်းမှု ဖြစ်စဉ်ကို သတင်းရယူနေစဉ်အတွင်း ဖမ်းဆီးခဲ့ပြီး တာဝန်ဝတ္တတရားနှောင့်ယှက်မှု၊ မီးရှို့မှု၊ အားပေးကူညီမှုများဖြင့် ဖမ်းဆီးထားခြင်းဖြစ်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts