All News Peace

အာဏာပိုင်များ၏ သယ်ယူခွင့် ပိတ်ပင်မှုကြောင့် ပလက်ဝတွင် ဆန်ပြတ်လပ်၊ ဆန်တစ်အိတ် ၇ သောင်းအထိဈေးတက်

ရန်ကုန်၊ မေ ၁၁

ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့မှ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းသို့ အာဏာပိုင်များက ဆန်သယ်ယူခွင့် ကို ပိတ်ပင်ထားသောကြောင့် ပလက်ဝမြို့နယ်အတွင်းတွင် ဆန်ဈေးတင် ရောင်းချခြင်းဖြစ်ပေါ်လာနေပြီး ဆန်ပြတ်လပ်မှုများ ကြုံတွေ့နေရကြောင်း ဒေသခံ ပြည်သူများထံမှသိရှိရသည်။

ပလက်ဝမြို့သည် ကုန်စည်တင်ပို့မှုနှင့် ဆက်သွယ်သွားလာရေးတွင် ရခိုင်ပြည်နယ် ကျောက်တော်မြို့ကိုသာ အားထားနေရတဲ့ မြို့တစ်မြို့ဖြစ်ကြောင်း၊ ပလက်ဝမြို့နယ်အတွင်း တပ်မတော်နှင့် ရက္ခိိုင်တပ်မတော် ( AA ) တို့အကြား အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် အာဏာပိုင်များက ပလက်ဝမြို့နယ်ဘက်သို့ ဆန်သယ်ယူခွင့် ပိတ်ထားကြောင်း သိရှိရသည်။

“ အခု ကျနော်တို့ ပလက်ဝမြို့မှာ ဆန်ရဖို့ မရှိဘူး။ အခု ပြည်သူတွေက ဆန်တင်ခွင့် မရှိဘူး။ အခုပလက်ဝမြို့ပေါ်ကို ဆန်ရောက်ဖို့က ကျောက်တော်မြို့ကနေ ပလက်ဝမြို့ကို သယ်ရတာ။ အခု အဲဒါကိုသယ်ခွင့် မပေးတာ။ ဘယ်လမ်းကြောင်းမှ အဝင်မခံဘူး ။ အခုကျနော်တို့က ဘယ်လိုမှ လုပ်လိုမရဘူး ဖြစ်နေတယ်။ ဒီလအတွင်းတော့ ကျနော်တို့က အဆင်ပြေသလိုပဲ တစ်ယောက်နဲ့ တစ်ယောက်ရှိတဲ့ဟာ မျှဝေစားရမှာပဲ။ ။ ဒါတွေက သယ်ခွင့်ပေးဖို့က စစ်သားတွေကို အမြင်ကပ်တာထက် သယ်ခွင့်ပေးပါလို တောင်းဆိုချင်ပါတယ်” ဟု ပလက်ဝမြို့နယ် ၊ ဒေသခံတစ်ဦးက ပြောဆိုသည် ။

လက်ရှိတွင် ပလက်ဝမြို့နယ်အတွင်းတွင် ဆန်သယ်ယူခွင့် ပိတ်လိုက်ထားသဖြင့် ဆန်တစ်အိတ်ကို ငွေကျပ် ၃ သောင်းကနေ ၇ သောင်းအထိ ဈေးမြင့်တက်သွားကြောင်း ၊ ဒေသခံပြည်သူများ စားသောက်ရေး ခက်ခဲနေကြောင်း သိရှိရသည်။

“ အခုက ဆန်သယ်ခွင့် ပိတ်တာတော့ အခု ကျနော်တို့ ပလက်ဝမှာ ဆန် တစ်အိတ်ကို ၃ သောင်းကျော်ရှိသွားပြီ ။ အဲ့တာက ရိုးရိုးဆန် ဖြစ်တယ်။ အရင်တုန်းက မပိတ်ခင်က အဲ့ဆန်က တစ်အိတ်ကို ၂သောင်းကျော်ဘဲရှိတယ်။ အခုက ၃ သောင်းဖြစ်သွားတယ် ။ အခုက ဆန်ဝယ်ဖို့တောင် ဆန်က မရှိဘူး။ ပလက်ဝမြို့ပေါ်မှာ ။ ဆန်ဆိုင်တွေလည်း ပိတ်ထားတယ်။ သူတို့က ရောင်းစရာကို မရှိတာ။ သက်ဆိုင်တဲ့ အုပ်ချုပ်ရေးမှူးကလည်း သိတယ်။ သူတို့ကိုယ်တိုင်လည်း ပလက်ဝမြို့ပေါ်မှာ နေထိုင်တာ ဖြစ်တယ်။ ဒါပေမဲ့ အခုအချိန်အထိ ဘာမှ မထူးခြားလာဘူး “ ဟု ပလက်ဝမြို့နယ် ၊ ဒေသခံတစ်ဦးက ပြောဆိုသည် ။

တပ်မတော်နှင့် ရက္ခိိုင်တပ်မတော် ( AA ) တို့အကြား အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ပလက်ဝမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများတွင်း စစ်ဘေးရှောင်ဦးရေ စုစုပေါင်း ၂၆၄၀ ဦးခန့် ရှိနေကြောင်း ပလက်ဝမြို့နယ် လူမှုကူညီရေး ပရဟိတအဖွဲ့၏ စာရင်းထုတ်ပြန်ချက်အရ သိရသည်။

Photo Credit – ခူမီးမီဒီယာ

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts