All News interview

အင်းစိန်ဖော့ကန်တွင် သတင်းထောက် ၂ ဦးကို လူအုပ်စုဖြင့် ဝိုင်းရိုက်၊ ခေါင်းရိုက်ခံရသူ အခြေအနေစောင့်ကြည့်နေရဆဲ

By နန့်အိသူ/ရန်ကုန်ခေတ်သစ်

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်တွင် သတင်းထောက် ၂ ဦး မေလ ၂၅ ရက်နေ့ ညပိုင်းက လူအုပ်စုဖြင့် ဝိုင်းရိုက်ခံရပြီး အရိုက်ခံရသူ သတင်းထောက် ဦးသီဟမှာ ခေါင်းထိသွားပြီး လက်ရှိ အချိန်အထိ စောင့်ကြည့်နေရဆဲဖြစ်သည်။ အရိုက်ခံရသူ သတင်းထောက် ဦးသီဟကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ အရိုက်ခံရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ရှင်းပြပါဦး။

ဖြေ။ ။ ဦးနု – ၁၁၂ နှစ် မွေးနေ့ ကို မေလ ၂၅ ရက်နေ့ ၇ နာရီ အချိန် မှာ ဗဟန်းမြို့နယ် ၊ ပြည်ထောင်စုလမ်း ၊ ၄၂ ၊ ဦးနု ပြတိုက် အိမ်မှာ အဲဒီအခမ်းအနားကို ကျင်းပတယ်။ ကျနော်ကို ဖိတ်တဲ့အတွက် သတင်းသွားယူတယ်။ သတင်းယူပြီး အကြမ်းဖျဉ်း သတင်းလိုက်ပြီးတော့ ကျနော်အိမ် ၊ အင်းစိန်မြို့နယ် အောင်ဇေယျ ၊ ဂန္ဓာမာလမ်း က ကျနော်အိမ်ကို ပြန်ရောက်တဲ့အခါ ၊ ပြည်သူ့ဟစ်တိုင်က သူငယ်ချင်းသတင်းထောက် က ကျနော်အိမ်ကို ကိစ္စရှိလို့ တွေ့ချင်တယ်ဆိုလို့ သွားကြိုပြီး အိမ်ကို ပြန်ရောက်လာတယ်။

ဖော့ကန် ၊ ပဒေသာလမ်း ၊ခြံအမှတ် ( ၇၁) ၊ မှာ သူတို့ ခရစ်ယာန်တွေနဲ့ ပတ်သက်လို့ ဆုတောင်းပွဲလေး တစ်ခု ရှိတယ်။ ဆုတောင်းပွဲလေးနှင့် ပတ်သက်ပြီး သတင်းယူပေးပါဆိုပြီး ကျနော်တို့ သွားလိုက်တယ်။ သွားလိုက်တဲ့အခါ ကျနော်တို့ သိလိုက်ရတာက ပြည်ထောင်စုကြံခိုင်ရေးဖွံ့ဖြိုးရေးနှင့် ပတ်သက်ပြီး အဲ့ဒီမြေယာအရှုပ်အရှင်းဖြစ်နေတာကို အဲ့ဒီမှာ ကြုံလို့ မေးမြန်းစုံစမ်းခဲ့တယ်။

အဲဒါနဲ့ ဆုတောင်းပွဲလည်း ပြီးတော့ ကျနော်မိတ်ဆွေကို ဝင်းစားသောက်ဆိုင်မှာ ထမင်းကျွေးလိုက်တယ်။ အဲ့ဒီအခါမှာ အရုပ်တွေ ထိုးထားတဲ့ သူ ၈ ယောက် ၊ ၁၀ ယောက် လောက်ရှိတယ်။ ကျနော်တို့ နဲ့ မလှမ်းမကမ်းမှာ ထိုင်တယ်။ အဲ့ဒီ စားပွဲ မှာ လူတွေက သီဟ ၊ သတင်းထောက်လား ဆိုပြီး ရန်လုပ်တော့ ဆိုင်ရှင်က မင်းတို့ ဒီဘက်မှာ ရန်မဖြစ်နဲ့ ဆိုပြီး ပြောတယ်။

အဲဒီအချိန်မှာ ကျနော်က ၁၁၉ ကို ဖုန်းလှမ်းဆက်တယ်။ NLD ၊ သက်ဆိုင်ရာ လူတွေကို လှမ်းပြီး အကြောင်းကြားတယ်။ ကျနော်ပြန်ထွက်တဲ့အချိန်မှာ သူတို့က အုပ်စုလိုက်တယ်။ ၊ လက်မှာ ပုလင်းတွေ ပါတယ်။ တုတ်တွေ ပါတယ်။ ကျနော်အပါအဝင် ဧရာဝတီ ပြည်သူ့ ဟစ်တိုင်က သတင်းထောက်တစ်ယောက်ကို လူ ၄ ယောက်လောက် ဝိုင်းလုပ်တယ်။ ကျနော်ကိုလည်း ၈ ယောက်လောက် ဝိုင်းရိုက်တယ်။

အဲဒီအချိန်မှာ ထပ်ပြီး ၁၁၉ ကို ထပ်ဆက်တဲ့အခါ ၁၁၉ က ရောက်ပါတော့မယ်။ အဲ့ဒီအချိန်မှာ ဖောကန့်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်အပါအဝင် ၊ ကျန်တဲ့ သတင်းထောက်တစ်ယောက် ပြောပြတာတော့ ဝိုင်းဆွဲပြီး ကျနော်ကို Taxi တစ်စီးနဲ့ အင်စိန်းဆေးရုံကို ကားနဲ့ ပို့ပေးလိုက်တယ်။ အခု အင်းစိန်းရဲစခန်း စခန်းမှူး သတင်းဖြစ်တဲ့ ဓါတ်ပုံတစ်ခုနဲ့ သတင်းထောက်ရဲ့ နောက်ကြောင်းတွေ အားလုံးမေးပြီးတယ်။ ခုနက အမှုစစ်ရဲအုပ် တင်ကိုလတ် ၊ ဒုရဲအုပ်တင်ဝင်း ၊ သူတို့ ဆေးရုံမှာ အမှုနဲ ပတ်သက်တဲ့ အခင်းအကျင်းနဲ့ ပတ်သက်ပြီး လာမေးတယ်။ သူတို့ စားသောက်ဆိုင်ကို သွားပြီး စုံစမ်းဖို့ ၊ ဒီတရားခံတွေကို လက်ရှိ ဖမ်းဆီးရရှိရေးအတွက် ကြိုးစားနေကြောင်း သူတို့ ပြောတယ်။

မေး။ ။ ဒီဖြစ်စဉ်အပေါ် သက်ဆိုင်တဲ့ ရဲစခန်းကတော့ ဘယ်လို ထပ်လုပ်ဆောင်နေလဲ။

ဖြေ။ ။ ရဲစခန်းမှာတော့ အမှုဖွင့်တယ်။ ပုဒ်မ ဘယ်လောက်လဲဆိုတော့ လက်ရှိ ကျနော်က ဆေးရုံမှာပဲ ရှိနေသေးတော့ အတွက် ၊ မှုခင်းမှာလည်း ဖွင့်ထားတယ်။ ရဲစခန်းမှာလည်း ကျနော် အမျိုးသမီး ၊ အစ်မတို့က အင်းစိန်ရွာမရဲစခန်းမှာ တိုင်ချက်ဖွင့်ထားတယ်။ ဒီမနက်လည်း ရဲအုပ်တို့ကလည်း အမှုဖွင့်ပေးဖို့ ကျနော်ဆီ လာပြီး စစ်တယ်။

မေး ။ ။ လက်ရှိဒဏ်ရာ အခြေအနေေ က။

ဖြေ။ ။ ခေါင်းနောက်စေ့မှာ ၉ ချက် ၊ မျက်ခုံးမှာ ၁ ချက် ၊ ချုပ်ထားတာက ၉ ချက်။ ညတုန်းကတော့ နည်းနည်းမူးတယ်။ အောအန့်တဲ့အတွက် ၊ ပထမဦးဆုံး ဓါတ်မှန်တွေ ၊ အက်ထရာဆောင်းတွေလည်း ရိုက်ပြီးသွားပြီ ။ Digital နဲ့ ထပ်ရိုက်ဖို့ လုပ်နေတယ်။ အခုတော့ စောင့်ကြည်နေတဲ့သဘောပဲ။

မေး ။ ။ လက်ရှိတော့ ဆေးရုံမှာပဲ ဆက်နေရမှာလား။

ဖြေ။ ။ ဧရာဝတီ ဟစ်တိုင်က သတင်းထောက်က ကိုသက်ကတော့ သူကလည်း မျက်နှာတွေ ဒဏ်ရာ ၊ ပေါင်တွေကလည်း ချွန်ထက်တဲ့အရာနဲ့ ထိုးခံရ ၊ သူကတော့ ညောင်တုန်းကို ပြန်ရမယ်တဲ့အတွက် ဆေးရုံကို ခွင့်တောင်းပြီး ဆင်းသွားတယ်။ အခုတော့ ကျနော်အခြေအနေကတော့ သက်သာတယ်လို ပြောလို့မရသေးဘူး။ ကျနော်ဆိုရင် မနေ့က ဆေးတွေချိတ်ထားရ ၊ ထိုးဆေးတွေထိုးရတယ်။

မေး ။ ။ အခုလို သတင်းထောက်တွေ အရိုက်ခံရတဲ့ဖြစ်စဉ်အပေါ် ဘာများ ပြောပြချင်တာ ရှိလဲ။
ဖြေ။ ။ သတင်းသမားတွေနဲ့ ပတ်သက်လို အကြောက်တရားတွေကို ကင်းဝေးစေချင်တယ်။ ဒီအကြောက်တရားကိုလည်း တွန်းလှန်စေချင်တယ်။ မဟုတ်ရင် သတင်းသမားတွေက ဘယ်နေရာ မှ သတင်းယူလိုမရတဲ့ သဘောမျိုး ဖြစ်နေတယ်။

အခုက ကိုက်ထိလက်ရောက်တဲ့အပြင် အသေလုပ်တဲ့သဘောမျိုး ဖြစ်နေတယ်။ ကျနော်က ၁၁၉ ကို ဖုန်းကြိုဆက်လည်း ၁၁၉ က နောက်ကျသွားတယ်။ ၁၁၉ က ရောက်လာတဲ့အခါ ကျနော်က သွေးအိုင်ထဲ လဲနေပြီ ။ နောက်အုပ်ချုပ်ရေးပိုင်းတွေကလည်း သူတို့ကိုယ်တိုင် ဝင်ဆွဲရတာတွေ ရှိတယ်။

မေး ။ ။ ဒီဖြစ်စဉ်အပေါ် ဘာများ သုံးသပ်ချင်တာ ရှိလဲ။

ဖြေ။ ။ သတင်းသမားတွေနှင့် ပတ်သက်ပြီး သူတစ်လူ ငါတစ်မင်း မကင်း ဖြစ်နေတယ်။ဥပမာ- နာမည်ကြီး ရိုက်တာသတင်းထောက်တွေလည်း ကျနော်တို့ ရင်းနှီးပါတယ်။သတင်းသမားတွေအားလုံးက သတင်းထောက်က ဖြစ်တယ် ဟေ့ ဆိုရင် အားလုံးက ဝိုင်းရံကြရတော့ အားလုံးက စည်းတစ်စည်းကဲ့သို့ ဆိုရင် ဘယ်သူမှ ချိုးဖဲ့လို့ မရဘူး။ အဲ့လိုမှ မဟုတ်ရင် ငါ တို့ အသိုင်းအဝိုင်း ၊ ငါတို့ လူသိသတင်းထောက်လောက် သဘောတရားလောက် လုပ်မယ်ဆိုရင် အဲ့သတင်းထောက်တွေဟာ ထင်းတစ်ချောင်းစည်း အစည်းလုံး ပြေသွားရင် အချိုးဖဲ့ ခံရမယ်လို့ ။ ဒါဟာ လက်တွေပဲလေ။ ကျနော်လို သတင်းထောက်မှ မဟုတ်ဘူး ၊ ဧရာဝတီ ပြည်သူ့ဟစ်တိုင် ၊ သူလည်း အရိုက်ခံရတာပဲလေ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts