All News Local News

သတင်းသမားများ ကျင့်ဝတ်လိုက်နာရေး ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့် အထူးတိုက်တွန်းဟုဆို

ရန်ကုန်၊ မေ ၃

မြန်မာနိုင်ငံရှိ သတင်းသမားများအနေဖြင့် ကျင့်ဝတ်များကို လေစားလိုက်နာရေးနှင့် ထိန်းသိမ်းမြှင့်တင်ရေး ဆောင်ရွက်စေလိုကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့က တိုက်တွန်းလိုက်သည်။

မေလ ၃ ရက်နေ့ ရန်ကုန်မြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သော ကမ္ဘာ့ သတင်းလွတ်လပ်ခွင့် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာများတွင် သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

အစိုးရက ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ကြိုးပမ်းနေရာတွင် မီဒီယာအခန်းကဏ္ဍကို အရေးထားကြောင်း၊ မီဒီယာဆိုင်ရာအရည်အသွေးတွေကို အစဉ်တစိုက်ကြိုးပမ်းမြှင့်တင်ပြီး ဒီမိုကရေစီအရေးကို ကာကွယ်သည့် စာနယ်ဇင်းသမားများ ဖြစ်စေရန် ကြိုးစားကြရန် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်က တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

လက်ရှိတွင် ရိုက်တာသတင်းထောက် ၂ ဦးကို နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေ ဖောက်ဖျက်မှုဖြင့် ထောင်ဒဏ် ၇ နှစ် ချမှတ်ထားပြီး နိုင်ငံတကာက ပြန်လွှတ်ပေးရန် တောင်းဆိုနေသော်လည်း အစိုးရက လျစ်လျူရှုလျက်ရှိသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts