All News Election Local News

ရှုံးနိမ့်သော ဆိပ်ကမ်း NLD အမတ် လောင်း ကို အနိုင်ပေးမှု ၂၀၂၀ အတွက် အလွန်စိုးရိမ်ဟု ကြံ့ခိုင်ရေးပြော

ရှုံးနိမ့်သော ဆိပ်ကမ်း NLD အမတ်လောင်းကို အနိုင်ပေးမှု ၂၀၂၀ အတွက် အလွန်စိုးရိမ်ဟု ကြံ့ခိုင်ရေးပြော

ရန်ကုန်၊ မေ ၃၀

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိထားသော ကြံ့ခိုင်ရေးပါတီမှ တိုင်းဒေသကြီးအမတ် ဦးနေမျိုးအောင်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တိုင်ကြားမှုကြောင့် ဖယ်ရှားပြီး NLD အမတ် ဦးသန်းထိုက်အောင်ကို အနိုင်ပေးမှုသည် ၂၀၂၀ ရွေးကောက်ပွဲအတွက် အလွန်စိုးရိမ်နေရပြီ ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီမှ ပြောခွင့်ရပုဂ္ဂိုလ်ဒေါက်တာနန္ဒာလှမြင့်က ပြောသည်။

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သောNLD တိုင်းဒေသကြီးအမတ်လောင်း ဦးသန်းထိုက်အောင်က မဲဆွယ်မှုများတွင် မသမာမှုများရှိသည်ဟုဆိုကာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံသို့ တိုင်ကြားခဲ့ပြီး ယနေ့ ရွေးကောက်ပွဲကော်မရှင်က NLD မှ ဦးသန်းထိုက်အောင်ကို အနိုင်ပေးလိုက်ခြင်းဖြစ်သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာ နန္ဒာလှမြင့်က တိုင်ကြားမှု ရှိစဉ်ကတည်းက ရှုံးနိမ့်မည်ဟု ကြိုတင် တွေးထားကြောင်း၊ လက်ရှိအခြေအနေသည် ၂၀၂၀ ရွေးကောက်ပွဲအတွက် စိုးရိမ်စရာကောင်းကြောင်း၊ ရွေးကောက်ပွဲကော်မရှင်သည် ဘက်လိုက်မှုရှိကြောင်း ပြောဆိုသည်။

“ကျနော်တို့ ကြိုတင်မျှော်တွေးထားတဲ့ အခြေအနေပါပဲ။ ရွေးကောက်ပွဲကော်မရှင်က ဘက်လိုက်မှု ရှိမယ်ဆိုတာ ကျနော်တို့က ကြိုတင်မျှော်တွေးမိသား ၊ ၂၀၁၅ ရွေးကောက်ပွဲ ၊ ၂၀၁၇ ၊ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ ၊ ဒီဖြစ်စဉ်တွေအပေါ် သုံးသပ်လိုက်ရင်လည်း ဥပဒေနဲ့ အညီ ဘက်လိုက်ဆောင်ရွက်ခဲ့တဲ့ သဓကတွေ ကျနော်တို့မှာ ရှိတယ်လေ။ အဲ့အချိန်ကည်းက ရွေးကောက်ပွဲကော်မရှင်အပေါ် အယုံအကြည်မှု မရှိဘူးလို နဂိုကတည်းက ကျနော်တို့ ပြောခဲ့တာပဲ။ ကိုနေမျိုးအောင် ဖြစ်စဉ်မှာလည်း ရှုံးပြီ ဆိုကတည်းက ရှုံးမဲ မဲနေသလို တစ်လျှောက်ဖိအားတွေ ပေးပြီးတော့မှ ဆောင်ရွက်လာတာ ၊ တရားစွဲပြီး ဆိုကတည်းက ကျနော်တို့ကိုယ်စားလှယ်ကို အရှုံးပေးနိုင်တယ်ဆိုတာ ကြိုမျှော်မှန်းပြီးသားပါ။ ဒါပေမဲ့ ကျနော်တို့ ဥပဒေနဲ့ အညီ ကြိုးစားခဲ့တယ်။ ဥပဒေနဲ့ အညီ စီမံခဲ့တယ်။ သို့သော်လည်း ကော်မရှင်က ဘက်လိုက်ပြီး ဆောင်ရွက်သွားခဲ့တာပဲ” ဟု ဒေါက်တာနန္ဒာလှမြင့်က ပြောသည်။

ဘက်လိုက်မှုရှိသော ရွေးကောက်ပွဲကော်မရှင်ကြောင့် ၂၀၂၀ အတွက် အများကြီးစိုးရိမ်နေရသည့်အပြင် ထိုစိုးရိမ်မှုမှာ ကြံ့ခိုင်ရေးပါတီ တစ်ခုတည်းအတွက်မဟုတ်ဘဲ နိုင်ငံရေးပါတီ အားလုံးအတွက်ဖြစ်သည်ဟု ၎င်းက ပြောဆိုသည်။

“၂၀၂၀ အတွက် ကျနော်တို့ အများကြီး စိုးရိမ်မှု ရှိတယ်။ ၂၀၂၀ ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတစေဖို့ လိုတယ်။ အဲ့ဒီ အတွက် လက်ရှိ ရွေးကောက်ပွဲကော်မရှင် လုပ်ရပ်တွေ ၊ဆောင်ရွက်ချက်တွေသည် ၂၀၂၀ ကို ကျနော်တို့ နိုင်ငံရေးပါတီတွေ အားလုံးအတွက်တော့ စိုးရိမ်စရာကောင်းတဲ့ အခြေအနေတစ်ရပ်ဖြစ်တယ်။ ဒီဟာကိုလည်း ကျနော်တို့ နိုင်ငံရေးပါတီတွေ က ရွေးကောက်ပွဲကော်မရှင်ကို တွေ့ဆုံခွင့် တောင်းထားတယ်။ တွေ့ပြီး ပွင့်ပွင့်လင်းလင်း ပြတ်ပြတ်သားသား ဆွေးနွေးပြောဆို ညှိနှိုင်းမယ် ကိစ္စတွေ ရှိတယ်။ ဒီပုံစံအတိုင်းဆိုရင် ၂၀၂၀ အတွက် စိုးရိမ်စရာ ရှိတယ်” ဟု ၎င်းက ပြောသည်။

ရန်ကုန်ခေတ်သစ်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဖုန်းများထံ ဆက်သွယ်၍ သဘောထားမှတ်ချက်တောင်းခံရန် ဆက်သွယ်သော်လည်း ရုံးချိန်ပြင်ပဖြစ်နေပြီး တာဝန်ခံ ဖြေဆိုနိုင်ခြင်းမရှိဟုဆိုကာ ဖုန်းချသွားခဲ့သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com