All News Local News

ရိုက်တာသတင်းထောက် ၂ ဦး ပြစ်ဒဏ်အပေါ် အယူခံ ထပ်တက်ရန် မရှိတော့ဟု ဇနီးသည်များပြော

ရန်ကုန်၊ မေ ၂

ရိုက်တာသတင်းထောက် ၂ ဦးဖြစ်သည် ကိုဝလုံးနှင့်ကိုကျော်စိုးတို့သည် ဗဟိုတရားရုံးချုပ်တွင် အယူခံ ရှုံးနိမ့်ပြီးနောက် အယူခံ ထပ်မံ တက်ရန်မရှိတော့ကြောင်း ယနေ့ UNESCO က ဦးစီးကျင်းပသည့် ကမ္ဘာ့ သတင်းလွတ်လပ်ခွင့်နေ့ အခမ်းအနားတွင် ပြောဆိုလိုက်သည်။

ရိုက်တာသတင်းထောက်၂ ဦး ၏ အယူခံကို ပြည်ထောင်စု တရားလွတ်တော်ချုပ်က ပလပ်လိုက်ပြီးနောက်ပိုင်း နောက်ထပ် အယူခံ ထပ်မတက်ရန် မရှိဟု သိရှိရသည်။

“တရားရုံးတွေကနေ သူတို့ကို တရားသေ လွတ်မပေးတဲ့အတွက် ကျမတို့ အနေနဲ့ အရမ်းကို ဝမ်းနည်းရပါတယ်။ ဒါပေမယ့် သူတို့ရဲ့ အမှုက အခုဆိုရင် လုံးဝ အဆုံးသတ်သွားပါပြီ။ နောက်ထပ် အယူခံလည်း ဆက်ပြီးတော့ မတက်တော့ပါဘူး” လို့ ကိုဝလုံး၏ ဇနီးဖြစ်သူ ပန်းအိမွန်က ပြောသည်။

မူလတရားရုံး၏ အမိန့်ကို ပြည်ထောင်စု တရားလွတ်တော်ချုပ်က ပလပ်ပြီးနောက် အယူခံတက်ရန် မရှိတော့ဟု ရိုက်တာသတင်းထောက် ၂ ဦး၏ ရှေ့နေ ဦးခင်မောင်ဇော်က ထုတ်ဖော်ပြောဆိုထားပြီးဖြစ်သည်။

“ကျမအနေနဲ့လည်း အားလုံးကို ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။ မကြာခင် မိသားစုအားလုံး ပြန်ဆုံရဖို့ မျော်လင့်ပါတယ်” ဟု ကိုကျော်စိုးဦး၏ ဇနီးဖြစ်သူ ချစ်စုဝင်းက ပြောသည်။

ရိုက်တာသတင်းထောက် ၂ ဦးကို နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေ ချိုးဖောက်သည်ဟု ဆိုကာ မြောက်ပိုင်းခရိုင် တရားရုံးက ထောင်ဒဏ် ၇ နှစ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ- ရိုက်တာသတင်းထောက် ၂ ဦး၏ ဇနီးသည်များ။ Photo Credit – Free Wa Lone and Kyaw Soe Oo

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts